ကျေးကျွန်တစ်ဦး နာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ခရီးထွက်သည့်အခါတွင် ၎င်းသူ မိမိ၏ဒေသ၌ ကျန်းမာသန်စွမ်းစဉ် ကျင့်ဆောင်ခဲ့သည့်အတိုင်း အကျိုးကုသိုလ်ရေးမှတ်ခြင်းခံရမည်။
အဗူမူစာအရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ကျေးကျွန်တစ်ဦး နာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ခရီးထွက်သည့်အခါတွင် ၎င်းသူ မိမိ၏ဒေသ၌ ကျန်းမာသန်စွမ်းစဉ် ကျင့်ဆောင်ခဲ့သည့်အတိုင်း အကျိုးကုသိုလ်ရေးမှတ်ခြင်းခံရမည်။
«إِذَا مَرِضَ الْعَبْدُ أَوْ سَافَرَ كُتِبَ لَهُ مِثْلُ مَا كَانَ يَعْمَلُ مُقِيمًا صَحِيحًا».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ပတ်သက်၍ ပြောပြတော်မူခဲ့သည်။ မွတ်စ်လင်မ်တစ်ဦးသည် ကျန်းမာသန်စွမ်းပြီး မိမိဒေသ၌ရှိနေစဉ် အမလ်ကောင်းမှုများ ပြုလုပ်လေ့ရှိပါက ထိုသူနာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ခရီးထွက်သည့်အတွက် မအားလပ်သည့်အခါ သို့မဟုတ် အခြားအကြောင်းတစ်စုံတစ်ရာကြောင့် ထိုအမလ်ကောင်းမှုများကို မဆောင်ရွက်နိုင်သည့်အခါ ထိုသူကျန်းမာသန်စွမ်းပြီး မိမိဒေသ၌ရှိနေချိန်တွင် အမလ်ကောင်းမှုများ ကျင့်ဆောင်ခဲ့သည့်အတိုင်း အကျိုးကုသိုလ် အပြည့်အဝ ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။
ကျေးကျွန်များအပေါ်တွင်ရှိသော အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည် အလွန်ကြီးမားသည်။
ကျန်းမာသန်စွမ်းပြီး အားလပ်ချိန်ရှိနေစဉ် အချိန်ကိုတန်ဖိုးထားရန်နှင့် ကောင်းမှုများကို ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းထားသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (4/ 57) (2996).
ထပ်၍ (6)
شرح رياض الصالحين.
لابن عثيمين (1/ 36).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 211).
بهجة قلوب الأبرار وقرة عيون الأخيار في شرح جوامع الأخبار.
لعبد الرحمن السعدي (ص83).