Skip to content

ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏ အကြင်အရှင်မြတ်သည် ၎င်း(ရှိုင်သွာန်)၏ လှည့်ဖျားမှုကို ဝတ်စ်ဝစဟ် (သံသယအတွေး) အဖြစ်သို့ပြောင်းလဲတော်မူခဲ့သည်။

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။

လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်တို့အနက်မှ တစ်ဦးတစ်ယောက်သည် သူ၏စိတ်ထဲ၌ အတွေးများဖြစ်ပေါ်နေပြီး ထိုအ တွေးကိုပြောပြရန်ထက် ပြာဖြစ်သွားခြင်းကို ၎င်းအနေဖြင့် ပိုနှစ်သက်ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏ အကြင်အရှင်မြတ်သည် ၎င်း(ရှိုင်သွာန်)၏ လှည့်ဖျားမှုကို ဝတ်စ်ဝစဟ် (သံသယအတွေး) အဖြစ်သို့ပြောင်းလဲတော်မူခဲ့သည်။

جاءَ رجُلُ إلى النبي صلى الله عليه وسلم فقال: يا رسولَ اللهِ، إن أحدنا يجدُ في نفسِهِ -يُعرِّضُ بالشَّيءِ- لأَن يكونَ حُمَمَةً أحَبُّ إليه من أن يتكلَّم بِهِ، فقال: «اللهُ أكبرُ، اللهُ أكبرُ، الحمدُ لله الذي ردَّ كيدَه إلى الوسوسَةِ».

အဗူဒါဝူဒ်ကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်လျှောက်ထားခဲ့သည်မှာ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ၎င်း၏စိတ်ထဲ၌ အတွေးများဖြစ်ပေါ်နေသည်။သို့သော် ထိုအကြောင်းအား ထုတ်ဖော်ပြောပြခြင်းထက် ၎င်းအနေဖြင့်ပြာဖြစ်သွားခြင်းကို ပို၍နှစ်သက်မိသည်အထိ ပြောဆိုရန်ခက်ခဲကြောင်း လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သက္ကဗီရ် နှစ်ကြိမ်ဆိုတော်မူပြီး ရှိုင်သွာန်၏ လှည့်စားမှုကို ဝတ်စ်ဝစဟ် သံသယအတွေးအဖြစ်သို့သာ ပြောင်းလဲပေးခဲ့သော အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုတော်မူခဲ့သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ရှိုင်သွာန်သည် မုအ်မင်န်တို့အား သံသယစိတ်များထည့်သွင်းကာ ၎င်းတို့ကို အီမာန်ယုံကြည်မှုမှ ကုဖ်ရ် သွေဖည်ငြင်းပယ်မှုထဲသို့ ကျရောက်စေရန် အမြဲမျှော်လင့်စောင့်စားနေကြောင်းရှင်းပြထားသည်။

အီမာန်ယုံကြည်သူများနှင့်ပတ်သက်၍ ရှိုင်သွာန်မိစ္ဆာ၏ ချည့်နဲ့မှုကို ရှင်းပြထားသည်။ ၎င်းသည် ‘ဝတ်စ်ဝစဟ်’သံသယအတွေးသာ ထည့်သွင်းပေးနိုင်သည်။

မုအ်မင်န် သက်ဝင်ယုံကြည်သူသည် ရှိုင်သွာန်ဘက်မှ ဖြစ်ပေါ်လာသည့် မကောင်းသည့် သံသယအတွေးများကို ကျောခိုင်းထားကာ စိတ်ထဲမှ ဖယ်ရှားပစ်ရမည်။

ကောင်းမြတ်သည့်အရာ သို့မဟုတ် အံ့ဩစရာ သို့မဟုတ် အလားတူကိစ္စရပ်များကြုံတွေ့ပါက ‘သက္ကဗီရ်’ဆိုရမည်။

မွတ်စ်လင်မ်တစ်ဦးသည် မိမိနားမလည်သည့်ကိစ္စများကို သာသနာ့ပညာရှင်အား မေးမြန်းရမည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 119) (132).

ထပ်၍ (4)

စုနန်အဗူဒါဝူဒ်ကျမ်း (7/ 435) (5112) السنن الكبرى للنسائي (9/ 249) (10435).

شرح سنن أبي داود للعباد (580/ 28).

شرح سنن أبي داود لابن رسلان (19/370).

ومرقاة الصعود (3/1301).