ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။
အွတ်စ်မာန်ဗင်န် အဗီလ်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဧကန်အမှန်ပင် ရှိုင်သွာန်သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ ဆွလာသ်ကြားတွင် အတားအဆီးပြုခဲ့ပြီး ကျွန်တော်မျိုး၏ ကိရာအသ် ရွတ်ဖတ်မှုကို ရောထွေးစေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။ ၎င်းကဆက်လက်ပြောပြသည်မှာ ကျွန်တော်သည် ထိုအတိုင်းပြုလုပ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်တော့်ထံမှ ဖယ်ရှားပေးခဲ့သည်။
أنه أَتَى النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: يَا رَسُولَ اللهِ، إِنَّ الشَّيْطَانَ قَدْ حَالَ بَيْنِي وَبَيْنَ صَلَاتِي وَقِرَاءَتِي يَلْبِسُهَا عَلَيَّ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «ذَاكَ شَيْطَانٌ يُقَالُ لَهُ خِنْزَِبٌ، فَإِذَا أَحْسَسْتَهُ فَتَعَوَّذْ بِاللهِ مِنْهُ، وَاتْفُلْ عَلَى يَسَارِكَ ثَلَاثًا»، قَالَ: فَفَعَلْتُ ذَلِكَ فَأَذْهَبَهُ اللهُ عَنِّي.
အွတ်စ်မာန်ဗင်န် အဗီလ်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဧကန်အမှန်ပင် ရှိုင်သွာန်သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ ဆွလာသ်ကြားတွင် အတားအဆီးပြုခဲ့ပါသည်။ ကျွန်တော်မျိုးအား ဆွလာသ်၌ ရိုသေကျိုးနွံစွာ ဆောက်တည်ခြင်းကို အတားအဆီးပြုခဲ့သည်။ ကျွန်တော်မျိုး၏ ကိရာအသ် ရွတ်ဖတ်မှုကို ရောထွေးစေပြီး ဒွိဟဖြစ်စေခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်း၏ရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။(‘အအူးဇုဗိလ္လာဟိ မင်န် ခင်န်ဇဗ်’ ဖတ်ပါ။) သင်၏ဘယ်ဘက်သို့ တံတွေးအနည်းငယ် သုံးကြိမ်ထွေးလိုက်ပါ။ အွတ်စ်မာန်က ပြောပြသည်မှာ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အမိန့်ပေးသည့်အတိုင်း ပြုလုပ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်တော့်ထံမှ ဖယ်ရှားပေးခဲ့သည်။
...:
ဆွလာသ်အား ခယရိုကျိုးစွာနှင့် စိတ်ပါဝင်စားစွာ ဆောက်တည်ရန် အရေးကြီးသည်။ ရှိုင်သွာန်သည် ဆွလာသ်၌ ရောထွေးစေပြီး ဒွိဟသံသယဖြစ်စေရန် ကြိုးစားကြောင်း ဖော်ပြထားသည်။
ဆွလာသ်ထဲတွင် ရှိုင်သွာန်ဘက်မှလာသည့် ‘ဝတ်စ်ဝစဟ်’ သံသယယစိတ်ဖြစ်ပေါ်လာပါက ရှိုင်သွာန်၏နှောက်ယှက်မှုမှ ကင်းဝေးရန် ခိုလှုံမှုရယူကာ ဘယ်ဘက်သို့ တံတွေးသုံးကြိမ်ထွေးခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် မိမိတို့၌ ပြဿနာများ ပေါ်ပေါက်လာပါက ထိုပြဿနာများကို ဖြေရှင်းပေးရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ တင်ပြကြောင်း ဖော်ပြထားသည်။
ဆွဟာဗဟ် သာဝကကြီးများ၏နှလုံးသားများသည် ရှင်သန်လျက်ရှိပြီး ၎င်းတို့၏ သောကသည် နောင်တမလွန် အာခိရသ်အတွက်သာဖြစ်သည်။
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 1728) (2203).
ထပ်၍ (3)
إكمال المعلم (7/110).
شرح النّووي على مسلم (14/190).
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (36/ 136).
Cited in books
9 Booksထပ်၍ (8)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"ذلك شيطانٌ يقال له خنْزبٌ، فإذا أحسسته فتعوذ بالله منه، واتفل عن يسارك ثلاثاً" .
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"قلت يا رسول الله إن الشيطان قد حال بيني وبين صلاتي، وقراءَتي يلبسهَا عليَّ. فقال رسول الله - صلى الله عليه وسلم -: "ذاك شيطانٌ يقَال لَه خنزب، فإذا أحسسته فتعوذ بالله منه. واتفل على يسارك ثلاثاً" قال: ففعلت ذلك فأذهبه الله عني" .
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمالصلاة التي علمها النبي ﷺ الصحابة رضي الله عنهم«ذَاكَ شَيْطَانٌ يُقَالُ لَهُ خَنْزَبٌ، فَإِذَا أَحْسَسْتَهُ فَتَعَوَّذْ بِاللهِ مِنْهُ، وَاتْفِلْ عَلَى يَسَارِكَ ثَلَاثًا» قَالَ: فَفَعَلْتُ ذَلِكَ فَأَذْهَبَهُ اللهُ عَنِّي[179].
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمالصلاة التي علمها النبي ﷺ الصحابة رضي الله عنهميَا رَسُولَ اللهِ إِنَّ الشَّيْطَانَ قَدْ حَالَ بَيْنِي وَبَيْنَ صَلَاتِي وَقِرَاءَتِي يَلْبِسُهَا عَلَيَّ، فَقَالَ رَسُولُ اللهِ ﷺ: «ذَاكَ شَيْطَانٌ يُقَالُ لَهُ خَنْزَبٌ، فَإِذَا أَحْسَسْتَهُ فَتَعَوَّذْ بِاللهِ مِنْهُ، وَاتْفِلْ عَلَى يَ
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهم«ذَاكَ شَيْطَانٌ يُقَالُ لَهُ خِنْزَبٌ، فَإِذَا أَحْسَسْتَهُ فَتَعَوَّذْ بِاللهِ مِنْهُ، وَاتْفِلْ عَلَى يَسَارِكَ ثَلَاثًا» قَالَ: فَفَعَلْتُ ذَلِكَ فَأَذْهَبَهُ اللهُ عَنِّي[179].
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهميَا رَسُولَ اللهِ إِنَّ الشَّيْطَانَ قَدْ حَالَ بَيْنِي وَبَيْنَ صَلَاتِي وَقِرَاءَتِي يَلْبِسُهَا عَلَيَّ، فَقَالَ رَسُولُ اللهِ ﷺ: «ذَاكَ شَيْطَانٌ يُقَالُ لَهُ خِنْزَبٌ، فَإِذَا أَحْسَسْتَهُ فَتَعَوَّذْ بِاللهِ مِنْهُ، وَاتْفِلْ عَلَى يَ
- خطب تعظيم قدر الصلاة"ذاك شيطان يقال له خنزب"
- موسوعة الإيمان«ذَاكَ شَيْطَانٌ يُقَالُ لَهُ خِنْزَبٌ، فَإِذَا أَحْسَسْتَهُ فَتَعَوَّذْ بِاللهِ مِنْهُ، وَاتْفِلْ عَلَى يَسَارِكَ ثَلَاثًا». قَالَ: فَفَعَلْتُ ذَلِكَ، فَأَذْهَبَهُ اللهُ عَنِّي.