မွတ်စလင်မ်တစ်ဦးအပေါ်တွင် ကျရောက်လာသည့် ပင်ပန်းမှုဝေဒနာဖြစ်စေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းနာကျင်မှုဖြစ်စေ၊ (ဖြစ်လာမည့် ကိစ္စရပ်ကိုကြိုတွေးပြီး) ပူပန်မှုဖြစ်စေ၊ (ဖြစ်ပြီးသွားသော ကိစ္စရပ်အပေါ်) ပူဆွေးမှုဖြစ်စေ၊ အန္တရာယ်တစ်ခုခုဖြစ်စေ၊ (ဖြစ်နေသည့် ကိစ္စရပ်အပေါ်တွေးပြီး) စိုးရိမ်မှုသောကဖြစ်စေ၊ နောက်ဆုံး အဆူးစူးသည်ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် ယင်းအရာများကို အကြောင်းပြု၍ ထိုသူ၏ အပြစ်များကို ပြေပျောက်စေတော်မူသည်။
အဗူစအီးဒ် အလ်ခုဒ်ရီနှင့် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟုမာ)တို့က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
မွတ်စလင်မ်တစ်ဦးအပေါ်တွင် ကျရောက်လာသည့် ပင်ပန်းမှုဝေဒနာဖြစ်စေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းနာကျင်မှုဖြစ်စေ၊ (ဖြစ်လာမည့် ကိစ္စရပ်ကိုကြိုတွေးပြီး) ပူပန်မှုဖြစ်စေ၊ (ဖြစ်ပြီးသွားသော ကိစ္စရပ်အပေါ်) ပူဆွေးမှုဖြစ်စေ၊ အန္တရာယ်တစ်ခုခုဖြစ်စေ၊ (ဖြစ်နေသည့် ကိစ္စရပ်အပေါ်တွေးပြီး) စိုးရိမ်မှုသောကဖြစ်စေ၊ နောက်ဆုံး အဆူးစူးသည်ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် ယင်းအရာများကို အကြောင်းပြု၍ ထိုသူ၏ အပြစ်များကို ပြေပျောက်စေတော်မူသည်။
«مَا يُصِيبُ الْمُسْلِمَ مِنْ نَصَبٍ وَلَا وَصَبٍ وَلَا هَمٍّ وَلَا حُزْنٍ وَلَا أَذًى وَلَا غَمٍّ حَتَّى الشَّوْكَةِ يُشَاكُهَا إِلَّا كَفَّرَ اللهُ بِهَا مِنْ خَطَايَاهُ».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦး ခံစားရသည့် ရောဂါဝေဒနာများ၊ စိုးရိမ်ပူပန်မှုများ၊ သောကများ၊ ဘေးဥပဒ်များ၊ ဒုက္ခများ၊ အခက်အခဲများ၊ ကြောက်ရွံ့မှု၊ ငတ်မွတ်မှု စသည်တို့အပြင် နောက်ဆုံး အဆူးစူး၍ ခံစားရသည့်နာကျင်မှုပင်ဖြစ်စေ ၎င်း၏အပြစ်များကို ပြေပျောက်စေပြီး၊ အကုသိုလ်များကို ပယ်ဖျက်ပေးမည်ဖြစ်သည်။
نصب: التعب.
وصب: المرض .
မုအ်မင်န် ကျေးကျွန်များအပါ်တွင်ရှိသော အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကရုဏာတော်ကို ရှင်းပြထားသည်။ အရှင်မြတ်သည် ၎င်းတို့ကြုံတွေ့ရသည့် အနည်းငယ်မျှသော ဒုက္ခကြောင့် အပြစ်အကုသိုလ်များကို ခွင့်လွှတ်ချမ်းသာပေးတော်မူသည်။
မွတ်စ်လင်မ်တစ်ဦးသည် မိမိကြုံတွေ့ရသည့် ဒုက္ခတိုင်းအတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကျိုးကုသိုလ်ရရှိရန် မျှော်လင့်ချက်ထားရမည်။ ထို့အတူ အပြစ်အကုသိုလ်များ ပြေပျောက်စေရန်နှင့် မြင့်မားသည့်အဆင့် အတန်းကို ရရှိစေရန်အတွက် ဒုက္ခကြီးငယ်ဟူသ၍အပေါ် သည်းခံစိတ်ထားရမည်။
ဆွဟီးဟ် ဗုခါရီကျမ်း (7/ 114) (5641).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 1992) (2572).
ထပ်၍ (11)
كنوز رياض الصالحين.
لمجموعة من الباحثين (1/ 489).
شرح رياض الصالحين.
لابن عثيمين (1/ 242).
شرح النووي على مسلم (16/ 126).
تطريز رياض الصالحين.
لفيصل آل مبارك (ص44).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 96).
نزهة المتقين شرح رياض الصالحين.
لمصطفى الخِن وغيره (1/ 70).
Cited in books
2 Booksထပ်၍ (2)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 1 «مَا يُصِيبُ الْمُسْلِمَ مِنْ نَصَب وَلاَ وَصَبٍ وَلاَ هَمٍّ وَلاَ حَزَنٍ وَلاَ أذىٰ وَلا غَمٍّ، حَتَّىٰ الشَّوْكَةُ يُشَاكُهَا إِلَّا كَفَّرَ اللهُ بِهَا مِنْ خَطَايَاهُ».
- موسوعة الأسئلة (المجموعة الأولى)« مَا يُصِيبُ الْمُسْلِمَ مِنْ نَصَبٍ وَلَا وَصَبٍ وَلَا هَمٍّ وَلَا حُزْنٍ وَلَا أَذًى وَلَا غَمٍّ، حَتَّى الشَّوْكَةِ يُشَاكُهَا إِلَّا كَفَّرَ اللهُ بِهَا مِنْ خَطَايَاهُ».