Skip to content

ဆွေမျိုးအချင်းချင်း အပြန်အလှန် တုံ့ပြန်ဆက်ဆံသူသည် စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူမဟုတ်ပေ။ စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူဟူသည် ဆွေမျိုးများက အဆက်အသွယ် ဖြတ်လိုက်သည့်အခါ ပြန်ဆက်သွယ်သူဖြစ်သည်။

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။

ဆွေမျိုးအချင်းချင်း အပြန်အလှန် တုံ့ပြန်ဆက်ဆံသူသည် စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူမဟုတ်ပေ။ စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူဟူသည် ဆွေမျိုးများက အဆက်အသွယ် ဖြတ်လိုက်သည့်အခါ ပြန်ဆက်သွယ်သူဖြစ်သည်။

«لَيْسَ الْوَاصِلُ بِالْمُكَافِئِ، وَلَكِنِ الْوَاصِلُ الَّذِي إِذَا قُطِعَتْ رَحِمُهُ وَصَلَهَا».

ဗုခါရီကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူဆိုသည်မှာ ဆွေမျိုးသားချင်းများကို ကောင်းကျိုးပြုသူဖြစ်ပြီး သူ့ဘက်က ကျေးဇူးပြုသည့်အတွက် ကိုယ့်ဘက်ကပြန်၍ ကျေးဇူးတုံ့ပြန်သူ မဟုတ်ပါ။ ထို့ပြင် ဆွေမျိုးဆက်ရာတွင် အမှန်တကယ်အပြည့်အဝဆွေမျိုးဆက်သူဟူသည် မိမိအား ဆွေမျိုးအဆက်ဖြတ်ထားသူကို ပြန်လည်ဆက်သွယ်ကာ ဆွေမျိုးဆက်သူ၊ ၎င်းတို့၏မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်သူဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

المكافئ: الذي يكافئهم على صلتهم له، إن وصلوه وصلهم وإن قطعوه قطعهم.

وصلها: برها وأحسن إليها.

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

တရားတော်၌ အသိအမှတ်ပြုထားသော ဆွေမျိုးဆက်ခြင်းဟူသည် ဆွေမျိုးသားချင်းများအနက် သင့်အား အဆက်ဖြတ်သူကို ဆက်သွယ်ခြင်း၊ မတရားပြုသူကို ခွင့်လွှတ်ခြင်း၊ မပေးကမ်းဘဲနေသူကို ပေးကမ်းခြင်းတို့ ဖြစ်ပြီး သူ့ဘက်က အဆက်အသွယ်ထားသည့်အတွက် ကိုယ့်ဘက်က ပြန်ဆက်သွယ်ခြင်း၊ ကျေးဇူးအစား ကျေးဇူးတုံ့ပြန်ခြင်းမျိုး မဟုတ်ပါ။

ဆွေမျိုးအဆက်ထားခြင်းဟူသည် ငွေကြေးဥစ္စာပေးကမ်းခြင်း၊ ဒုအာတောင်းပေးခြင်း၊ ကောင်းရာညွှန်ကြားခြင်း၊ မကောင်းမှုမှ တားမြစ်ခြင်း စသည်ဖြင့် တတ်နိုင်သမျှ ကောင်းကျိုးများဆောင်ရွက်ပေးခြင်း၊ ဆိုးကျိုးများကို တတ်နိုင်သမျှ ဖယ်ရှားပေးခြင်းဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (8/ 6) (5991).

ထပ်၍ (8)

منار القاري شرح مختصر صحيح البخاري.

لحمزة محمد قاسم (5/ 242).

بهجة الناظرين.

لسليم الهلالي (1/ 397).

نزهة المتقين.

لمصطفى الخن وغيره (1/ 311).

شرح رياض الصالحين.

لابن عثيمين (3/ 190).