ဟဂ်ျနှင့် အွမ်ရာဟ် တာဝန်ထိုက်ခြင်း၏ စည်းကမ်းများ။
- التصنيف الشرعي
- الفقهالحج والعمرةوجوب الحج والعمرة وحكم تاركهما
- الموضوعات
- الحج والعمرةشروط وجوب الحج والعمرة
نص الموضوع
1- الإسلام 2- العقل 3- البلوغ 4- الحرية 5- الاستطاعة وتزيد المرأة شرطًا سادسًا؛ وهو وجود المَحرَم الذي يسافر معها لأدائه، لأنه لا يجوز لها السفر لحج ولا لغيره بدون محرم، لقوله ﷺ: «لَا تُسَافِرُ الْمَرْأَةُ إِلَّا مَعَ ذِي مَحْرَمٍ، وَلَا يَدْخُلُ عَلَيْهَا رَجُلٌ إِلَّا وَمَعَهَا مَحْرَمٌ» [1]. ومَحرم المرأة هو: زوجها، أو من يحرم عليه نكاحها تحريمًا مؤبدًا؛ بنسب؛ كأخيها وأبيها وعمها وابن أخيها وخالها، أو بسبب مباح؛كأخ من رضاع، أو بمصاهرة؛ كزوج أمها وابن زوجها. والاستطاعة: هي: القدرة المادية والجسمية، بأن يُمكِنُه الركوب ويتحمل السفر، ويجد من المال بُلْغَتَه التي تكفيه ذهابًا وإيابًا، وأيضًا يجد ما يكفي أولاده ومن تلزمه نفقتهم إلى أن يعود إليهم. ويكون طريق الحج آمنًا على نفسه وماله. ومن كان قادرًا بماله دون جسمه، بأن كان كبيرًا هرمًا أو مريضًا مرضًا مزمنًا لا يُرجى برؤه؛ لزمه أن يقيم من يحج عنه ويعتمر. ويشترط فيمن تصح نيابته في الحج والعمرة شرطان: 1- أن يكون ممن يصح أداؤه لفريضة الحج، وهو المسلم البالغ العاقل. 2- أن يكون قد حج عن نفسه حجة الإسلام.
أخرجه البخاري برقم (1862)، ومسلم برقم (1341).
ဟဂ်ျနှင့် အွမ်ရာဟ် တာဝန်ထိုက်ခြင်း၏ စည်းကမ်းများ။
(၁) အစ္စလာမ်သာသနာတော်။
(၂) အသိဉာဏ်ကောင်းခြင်း။
(၃) အရွယ်ရောက်ခြင်း။
(၄) လွတ်လပ်သူဖြစ်ခြင်း။
(၅) တတ်စွမ်းနိုင်ခြင်း။
အမျိုးသမီးအတွက် ဆဋ္ဌမမြောက် သတ်မှတ်ချက်တစ်ခု ထပ်တိုးပါသည်။ ၎င်းမှာ ထိုတာဝန်ကို ထမ်းဆောင်ရန်အတွက် သူမနှင့်အတူ ခရီးသွားမည့် မဟ်ရမ်တစ်ဦးပါရှိရမည်ဟူသော အချက်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမသည် မဟ်ရမ်မပါဘဲ ဟဂ်ျအတွက်ဖြစ်စေ၊ အခြားကိစ္စအတွက်ဖြစ်စေ ခရီးထွက်ခွင့် မရှိသောကြောင့်ဖြစ်သည်။
ကိုယ်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်မှာ-
"အမျိုးသမီးတစ်ဦးသည် 'မဟ်ရမ်' အတူမပါဘဲ ခရီးမထွက်ရ၊ ထို့ပြင် သူမနှင့်အတူ မဟ်ရမ်မရှိဘဲ မည်သည့်အမျိုးသားမျှ သူမထံသို့ မဝင်ရ။” [56]"
[၁၀] အိမာမ်ဗုခါရီက အမှတ်(၁၄၂)နှင့် အိမာမ်အလ်မွတ်စ်လင်မ်က အမှတ် (၁၂၂) တို့တွင် မှတ်တမ်းတင်ထားသည်။
အမျိုးသမီးတစ်ဦး၏ 'မဟ်ရမ်'ဆိုသည်မှာ သူမ၏ ခင်ပွန်း သို့မဟုတ် သူမအား မည်သည့်အခါမျှ နိကာဟ်ထိမ်းမြားခွင့် မရှိသော အမျိုးသားဖြစ်သည်။
သွေးသားတော်စပ်မှု၊ ဥပမာ- သူမ၏ အကို၊ မောင်၊ ဖခင်၊ ဘကြီး၊ ဘထွေး၊ အကို၊ မောင်၏ သားနှင့် ဦးရီး၊ ဦးလေး၊
သို့မဟုတ် တရားဝင်ခွင့်ပြုထားသော အကြောင်းခံကြောင့် (ဥပမာ- နို့စို့ဖက် အကို၊ မောင်)၊ သို့မဟုတ် အိမ်ထောင်ရေးအရ တော်စပ်မှုကြောင့် (ဥပမာ- မိခင်၏ ခင်ပွန်းနှင့် ခင်ပွန်း၏သား)။
တတ်စွမ်းနိုင်မှုဟူသည် ငွေကြေးနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ခြင်းဖြစ်သည်။ ယင်းမှာ အစီးအနင်းကို စီးနင်းနိုင်စွမ်းရှိပြီး ခရီးဒဏ်ကို ခံနိုင်ရည်ရှိကာ အသွားအပြန်အတွက် လုံလောက်စေမည့် ငွေကြေး ရှိခြင်းတို့ ဖြစ်သည်။
ထို့ပြင် ၎င်းတို့ထံ မိမိပြန်လည်ရောက်ရှိလာသည်အထိ မိမိ၏ သားသမီးများနှင့် မိမိအပေါ်၌ စားနပ်ရိက္ခာထောက်ပံ့ရန် တာဝန်ရှိသူများအတွက် လုံလောက်သော စရိတ်ရိက္ခာ ရှိရမည်။
ဟဂ်ျသွားမည့် လမ်းခရီးသည် မိမိ၏ အသက်နှင့် ဥစ္စာပစ္စည်းအတွက် ဘေးကင်းလုံခြုံမှုရှိရမည် ဖြစ်သည်။
လူတစ်ဦးသည် ငွေကြေးတတ်နိုင်သော်လည်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တတ်စွမ်းနိုင်ခြင်း မရှိပါက၊ ဆိုလိုသည်မှာ အိုမင်းမစွမ်းဖြစ်သူ (သို့မဟုတ်) ပြန်လည်သက်သာရန် မျှော်လင့်ချက် မရှိသော နာတာရှည် ရောဂါသည်ဖြစ်ပါက၊ ၎င်းအနေဖြင့် မိမိကိုယ်စား ဟဂ်ျနှင့် အွမ်ရဟ်ပြုလုပ်ပေးရန် အခြားသူတစ်ဦးအား တာဝန်ပေးအပ်ရန် တာဝန်ရှိပါသည်။
ဟဂ်ျနှင့် အွမ်ရာဟ်တွင် အခြားသူကိုယ်စား ပြုလုပ်ပေးသူ၏ ကိုယ်စားပြုလုပ်ခြင်း မှန်ကန်ရန်အတွက် စည်းကမ်းချက် နှစ်ရပ် ရှိရန် လိုအပ်သည်၊
၁။ ဟဂ်ျဖရ်ဿ်ွတာဝန် ထမ်းဆောင်ခြင်း အထမြောက်သူ ဖြစ်ရမည်၊ ၎င်းမှာ အရွယ်ရောက်ပြီး အသိဉာဏ်ရှိသည့် မွတ်စ်လင်မ် ဖြစ်ရမည်။
၂။ မိမိကိုယ်တိုင်အတွက် အစ္စလာမ်သာသနာ့ တာဝန်ဖြစ်သော ဟဂ်ျကို ပြုလုပ်ပြီးဖြစ်ရမည်။