ဆွိယာမ်ဥပုသ်စောင့်ထိန်းရန် စွန္နသ်ဖြစ်သော နေ့ရက်များ၊
- التصنيف الشرعي
- الفقهالصيامصيام التطوع
- الموضوعات
- الصيامما يُسَنُّ صومه
نص الموضوع
က- ရှောင်ဝါလ်လမှ ခြောက်ရက်။
ခ- ဇိလ်ဟဂျ်လ၏ ရက် (၉) ရက် ဆွိယာမ်စောင့်ထိန်းခြင်း၊ အရေးကြီးဆုံးနေ့မှာအရဖဟ်နေ့ ဖြစ်ပါသည်။ သို့သော် ဟဂ်ျပြုလုပ်သူများ မပါပေ။ ၎င်းတို့အတွက် ထိုဆွိယာမ်စောင့်ထိန်းခြင်းသည် စွန္နဟ် မဟုတ်ပေ။ ထိုနေ့၌ ဆွိယာမ်စောင့်ထိန်းခြင်းသည် (၂) နှစ်စာ အပြစ်များကို ပလှပ်ပေးသည်။
ဂ- လစဉ်ဆွိယာမ်သုံးရက် စောင့်ထိန်းခြင်း၊ အမွန်မြတ်ဆုံးမှာ ၎င်းတို့ကို အိုင်ယာမိဗီးဿ်ွရက်များတွင် ထားခြင်းဖြစ်ပြီး ၎င်းတို့မှာ (၁၃၊ ၁၄၊ ၁၅) ရက်များဖြစ်သည်။
ဃ- အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့၌ ဆွိယာမ် စောင့်ထိန်းခြင်း၊ အကြောင်းမှာ တမန်တော်မြတ်(ﷺ)သည် ထိုနေ့များတွင် ဆွိယာမ်စောင့်ထိန်းလေ့ရှိခဲ့သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ နှစ်နေ့တွင် ဗန္ဒဟ်ကျေးကျွန်တို့၏ အမလ်(ကျင့်ဆောင်မှု)များကို တင်ပြခံရသောကြောင့်ဖြစ်သည်။