ရမဿွာန်လ၌ ဆွိယာမ် ဥပုသ်မစောင့်ထိန်းဘဲ နေပိုင်ခွင့်ရှိသူများ။
- التصنيف الشرعي
- الفقهالصيامأحكام الصيام
- الموضوعات
- الصياممن يباح لهم الفطر في رمضان
نص الموضوع
အပိုင်း (၁) ရိုဇာစွန့်လွှတ်ရန် ခွင့်ပြုထားသော်လည်း ကဿွာ(ပြန်လည်အစားထိုး)ပြုလုပ်ရန် လိုအပ်သူများ၊ ၎င်းတို့မှာ၊
၁။ ပျောက်ကင်းရန် မျှော်လင့်ချက်ရှိသော ရောဂါဝေဒနာ ခံစားနေရပြီး၊ ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်းကြောင့် ထိခိုက်နစ်နာမှုရှိမည့်သူ သို့မဟုတ် အခက်အခဲဖြစ်မည့် လူမမာ။
၂။ ခရီးသည်၊ လမ်းခရီး၌ ပင်ပန်းခက်ခဲမှုတစ်စုံတစ်ရာ ကြုံတွေ့ရသည်ဖြစ်စေ၊ မကြုံတွေ့ရသည်ဖြစ်စေ။
ဤအမျိုးအစား နှစ်မျိုးအတွက် အထောက်အထားမှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
(... ထို့ပြင် တစ်ဦးတစ်ယောက်သည် ရောဂါဝေဒနာကြောင့်ဖြစ်စေ သို့မဟုတ် ခရီးထွက်နေသောကြောင့်ဖြစ်စေ၊ (ဥပုသ် မစောင့်ထိန်းနိုင်လျှင်) ထိုသူသည် အခြားသောနေ့ရက်များတွင် (သူပျက်ခဲ့သော ရက်ကို) ရေတွက်၍ ဖြည့်စွက်(ဆောက်တည်)ရမည်။ ...)
[စူရဟ် ဗကရဟ်၊ အာယသ်- ၁၆၃]
( ၃ ) ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင် အမျိုးသမီးသည် ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်းက ၎င်းတို့အပေါ် ခက်ခဲလျှင် သို့မဟုတ် ၎င်းတို့ကိုယ်တိုင်အပေါ်ဖြစ်စေ၊ ၎င်းတို့၏ ကလေးများအပေါ်ဖြစ်စေ ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်စေမည်ဆိုပါက ၎င်းတို့နှစ်ဦးသည် နာမကျန်းဖြစ်နေသူ၏ ပြဋ္ဌာန်းချက်တွင် အကျုံးဝင်ပေသည်။ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် ဥပုသ်မစောင့်ဘဲ နေခွင့်ရှိသည်။
သို့သော်လည်း ၎င်းတို့နှစ်ဦးအပေါ်၌ အခြားအချိန်တွင် ဆွိယာမ်ဥပုသ်ကို ကဿွာ ပြန်ဖြည့်စွက်ရန် တာဝန်ရှိသည်။
(၄) ဓမ္မတာလာနေသည့် အမျိုးသမီးနှင့် မီးဖွားပြီးသွေးဆင်းနေသည့် အမျိုးသမီး၊ ၎င်းတို့နှစ်ဦးအပေါ် ဆွိယာမ်ဥပုသ်စောင့်ထိန်းခွင့် မရှိပေ။
ထိုနှစ်ဦး၏ ဥပုသ်စောင့်ထိန်းခြင်းသည် မပိုင်ပါ။ ၎င်းတို့အနေဖြင့် အခြားနေ့ရက်များတွင် ကဿွာပြန်လည်ဖြည့်စွက်ရန် တာဝန်ရှိသည်။
အပိုင်း (၂) ဆွိယာမ်ဥပုသ် မစောင့်ဘဲနေခွင့်ရှိပြီး ကဿွာ အစားပြန်လည်စောင့်ထိန်းရန် မလိုဘဲ ကဖ်ဖာရဟ် သာပေးရန် တာဝန်ရှိသူများ။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ပျောက်ကင်းရန် မျှော်လင့်ချက်မရှိသော ရောဂါဝေဒနာ ခံစားနေရသည့် လူမမာ။
၂။ ဆွိယာမ် ဥပုသ်စောင့်ထိန်းရန် မစွမ်းဆောင်နိုင်သည့် သက်ကြီးရွယ်အို။
သို့ဖြစ်၍ ထိုသူတို့သည် (ဆွိယာမ်ဥပုသ် မစောင့်ထိန်းဘဲ) နေနိုင်ပြီး၊ ရမဿွာန်လ၏ (ပျက်ကွက်ခဲ့သော) နေ့ရက်တစ်ရက်လျှင် သူဆင်းရဲတစ်ဦးကို ကျွေးမွေးကြရမည်၊
သို့ရာတွင် သက်ကြီးရွယ်အိုသည် သတိချို့ယွင်းဖောက်ပြန်သည့် အဆင့်သို့ ရောက်ရှိသွားပါက၊ ၎င်းထံမှ (ရှရီအသ်အမိန့်ပညတ်ချက်များကိုလိုက်နာရမည့်) တာဝန်သည် ပလှပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းအနေဖြင့် ဆွိယာမ်ဥပုသ်မထားဘဲ နေနိုင်ပြီး၊ ၎င်းအပေါ်၌ တစ်စုံတစ်ရာမျှ တာဝန်ရှိမည် မဟုတ်ပါ။