Skip to content

ရမ်ဇာန်လ ဆွိယာမ်ဥပုသ်စောင့်ထိန်းရန် တာဝန်ရှိခြင်း၏ သတ်မှတ်ချက်များ။

نص الموضوع

1- الإسلام، فلا يصح من الكافر. 2- البلوغ، فلا يجب على الصغير، ويصح الصوم من الصغير المميز، ويكون في حقه نافلة. 3- العقل، فلا يجب الصوم على المجنون، ولا يصح منه؛ لعدم النية. 4- القدرة عليه، فلا يجب على المريض الذي يعجز عنه، ولا على المسافر، ويقضيانه حال زوال العذر: المرض والسفر. ويشترط لصحته من المرأة: انقطاع دم الحيض والنفاس. يثبت دخول شهر رمضان بأحد أمرين، هما: أ- رؤية هلال شهر رمضان، لقوله ﷺ: «صُومُوا لِرُؤْيَتِهِ، وَأفْطِرُوا لِرُؤْيَتِهِ» [1]. ب- إكمال شهر شعبان ثلاثين يومًا، وذلك إذا لم يُرَ هلال رمضان، أو حَالَ دون رؤيته غيم أو غبار أو نحو ذلك، لقوله ﷺ: «فَإِنْ غُمَّ عَلَيْكُمْ؛ فَأَكْمِلُوا عِدَّةَ شَعْبَانَ ثَلاثِينَ يَوْمًا» [2].

أخرجه البخاري برقم (1810)، ومسلم برقم (1086).

أخرجه البخاري برقم (1909).

ရမ်ဇာန်လ ဆွိယာမ်ဥပုသ်စောင့်ထိန်းရန် တာဝန်ရှိခြင်း၏ သတ်မှတ်ချက်များ။

(၁) မွတ်စ်လင်မ်ဖြစ်ခြင်း။ ကာဖိရ်ထံမှ လက်ခံခြင်းခံရမည် မဟုတ်ပါ။

(၂) အရွယ်ရောက်ခြင်း။ သို့ဖြစ်၍ ကလေးငယ်အပေါ်တွင် တာဝန်မရှိပါ။

အကောင်းအဆိုး ခွဲခြားသိတတ်သော ကလေးငယ်၏ ဆွိယာမ်ဥပုသ်သည် မှန်ကန်အထမြောက်သည်။ သို့သော် ၎င်းအတွက်မူ ထိုဆွိယာမ်မှာ နဖိလ်သာလျင်ဖြစ်မည်။

(၃) အသိဉာဏ်ကောင်းခြင်း။ ရူးသွပ်နေသူအပေါ် ဆွိယာမ်စောင့်ထိန်းရန် တာဝန်မရှိပေ။ ၎င်း၌ နီယသ်(ရည်စူးချက်) မရှိသောကြောင့် ၎င်း၏ ဆွိယာမ်သည် လက်ခံခြင်းခံရမည် မဟုတ်ပါ။

(၄) ဆွိယာမ်ဥပုသ်စောင့်ထိန်းရန် တတ်စွမ်းနိုင်ခြင်း၊

သို့ဖြစ်၍ ၎င်းကို မတတ်စွမ်းနိုင်သော နာမကျန်းဖြစ်နေသူအပေါ်၌ တာဝန်မရှိပါ၊

ခရီးသည် အပေါ်၌လည်း တာဝန်မရှိပေ၊

၎င်းတို့နှစ်ဦးသည် အကြောင်းပြချက်ဖြစ်သော နာမကျန်းဖြစ်ခြင်းနှင့် ခရီးထွက်ခြင်းတို့ ကင်းစင်သွားသည့်အခါ ၎င်းကို ပြန်လည်ကဿွာဖြည့်စွက်ရမည်။

အမျိုးသမီးအနေဖြင့် ဆွိယာမ်ဥပုသ် မှန်ကန်ရန် စည်းကမ်းချက်မှာ- ဓမ္မတာသွေးနှင့် မီးယပ်သွေး ရပ်စဲသွားခြင်းဖြစ်သည်။

လမြတ်ရမဿွာန် ဝင်ရောက်ခြင်းသည် ကိစ္စရပ်နှစ်ခုအနက် တစ်ခုခုဖြင့် အတည်ဖြစ်ပါသည်။ ၎င်းတို့မှာ-

က- ရမဿွာန်လ၏ ဆန်းဦးစလ မြင်တွေ့ခြင်း၊

ကိုယ်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်မှာ-

"အသင်တို့သည် (ရမဿွာန်လရဲ့) ဆန်းဦးစလကို မြင်တွေ့ခြင်းဖြင့် ဆွိယာမ်ဥပုသ်စောင့်ထိန်းကြလေကုန်။ (ရှောင်ဝါလ်လရဲ့) ဆန်းဦးစလကို မြင်တွေ့ခြင်းဖြင့် ဝါလွတ်ကြလေကုန်။" [48]

[၁၀] အိမာမ်ဗုခါရီက အမှတ်(၁၄၂)နှင့် အိမာမ်အလ်မွတ်စ်လင်မ်က အမှတ် (၁၂၂) တို့တွင် မှတ်တမ်းတင်ထားသည်။

ခ- ရမဿွာန်လ၏ ဆန်းဦးစလကို မမြင်တွေ့ရလျှင် သို့မဟုတ် တိမ်တိုက်၊ ဖုန်မှုန့် စသည်တို့ ဖုံးကွယ်နေပါက ရှအ်ဗာန်လကို ရက်ပေါင်းသုံးဆယ် ပြည့်အောင်ရေတွက်ခြင်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ-

"အကယ်၍ အသင်တို့အ‌ပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရှအ်ဗာန်လကို ရက်ပေါင်းသုံးဆယ် ပြည့်အောင် ရေတွက်ကြလေကုန်။" [49]

[1] ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၈)