Skip to content

ဇကာသ်ပေးဆောင်ခြင်းနှင့် သုံးစွဲရမည့်နေရာများ၊

نص الموضوع

ထုတ်ရမည့်အချိန်။

ဇကာသ်တာဝန်ကျရောက်ချိန် ရောက်ရှိလာပါက ၎င်းအား ချက်ချင်း ပေးဆောင်ရန် တာဝန်ရှိသည်၊

မလွှဲမရှောင်သာသော အကြောင်းကိစ္စမှလွဲ၍ ၎င်းအား နောက်ဆိုင်းထားခွင့် မရှိပေ၊ ဥပမာ ပစ္စည်းဥစ္စာသည် မိမိနှင့် ဝေးကွာသောဒေသတွင် ရှိနေပြီး ကိုယ်စားလှယ်လွှဲအပ်မည့်သူ မရှိခြင်းမျိုး ဖြစ်သည်။

ထုတ်ရမည့်နေရာ၊

ဥစ္စာဓနရှိနေသည့် မြို့ဒေသတွင် ဇကာသ်ထုတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်၊

၎င်းအား ပစ္စည်းရှိသော မြို့ဒေသမှ အခြားမြို့ရွာသို့ အောက်ပါအခြေအနေများတွင် ပေးပို့ခွင့်ရှိသည်၊

၁။ အကယ်၍ ထိုဒေသတွင် ဇကာသ်လိုအပ်သူ မရှိပါက။

၂။ အခြားဒေသတွင် အကူအညီလိုအပ်နေသော ဆွေမျိုးရှိပါက။

၃။ အကယ်၍ ၎င်းအား အခြားသို့ပေးပို့ရန် ရှရီအသ်အရ အကျိုးဖြစ်ထွန်းနိုင်မည့် အကြောင်းကိစ္စရှိလျှင်ဖြစ်သည်။ ဥပမာ- ငတ်မွတ်ခေါင်းပါးမှုနှင့် ရေကြီးရေလျှံမှု ဘေးဒုက္ခများကျရောက်နေသောမွတ်စ်လင်မ်များရှိသည့် ဒေသများသို့ ပေးပို့ခြင်းဖြစ်သည်။

ယေဘုယျ သက်သေအထောက်အထားများအရ ကလေးငယ်နှင့် စိတ်မနှံ့သူတို့၏ ဥစ္စာပစ္စည်းတွင် ဇကာသ်ပေးဆောင်ရန် တာဝန်ရှိသည်။ ပေးဆောင်ရန် တာဝန်မှာ ၎င်းတို့၏ ဥစ္စာပစ္စည်းအား အုပ်ထိန်းသူက ၎င်းတို့နှစ်ဦး၏ ကိုယ်စား ဆောင်ရွက်ပေးရမည်။

နီယသ် (ရည်စူးချက်) မပါဘဲ ဇကာသ်ပေးခွင့် မရှိပေ၊

ကိုယ်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်မှာ-

"ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။" [47]

[၁၀] အိမာမ်ဗုခါရီက အမှတ်(၁၄၂)နှင့် အိမာမ်အလ်မွတ်စ်လင်မ်က အမှတ် (၁၂၂) တို့တွင် မှတ်တမ်းတင်ထားသည်။