(၂) ဇကာသ် တာဝန်ထိုက်ရန် လိုအပ်သည့် စည်းကမ်းချက်များ။
- التصنيف الشرعي
- الفقهالزكاةوجوب الزكاة وحكم تاركها
- الموضوعات
- الزكاةشروط وجوب الزكاة
نص الموضوع
(က) လွတ်လပ်သူဖြစ်ခြင်း- ထို့ကြောင့် ကျွန်ဖြစ်သူအပေါ်၌ ဇကာသ်တာဝန် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၌ ပစ္စည်းဥစ္စာ မရှိသောကြောင့်ဖြစ်သည်။ ၎င်း၏ လက်ဝယ်ရှိ အရာသည်လည်း ၎င်းသခင်၏ ပိုင်ဆိုင်မှုသာဖြစ်သည်။ သို့ဖြစ်၍ ၎င်း၏ ဇကာသ်သည် ၎င်းသခင်၏ အပေါ်၌သာ တာဝန်ရှိသည်။
(ခ) မွတ်စ်လင်မ်ဖြစ်ခြင်း။ ကာဖိရ်အပေါ်၌ တာဝန် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ချဉ်းကပ်ခြင်းနှင့် နာခံခြင်းဖြစ်ပြီး၊ ကာဖိရ်သည် ယင်းချဉ်းကပ်ခြင်းနှင့် နာခံခြင်းကို ပြုနိုင်သူများအနက်မှ မဟုတ်သောကြောင့်ဖြစ်သည်။
ဂ) နိဆွာဗ်ပမာဏကို ပိုင်ဆိုင်ခြင်း- သို့ဖြစ်ရာ နိဆွာဗ် ပမာဏအောက် လျော့နည်းပါက တာဝန် မဖြစ်ပေ။ ၎င်း(နိဆွာဗ်)သည် သတ်မှတ်ထားသော ပစ္စည်းဥစ္စာပမာဏတစ်ခုဖြစ်သည်။
(ဃ) ပိုင်ဆိုင်မှု အပြည့်အဝရှိခြင်း- ဥစ္စာပစ္စည်းသည် ပုဂ္ဂိုလ်တစ်ဦးဦးမှ အပြည့်အဝ ပိုင်ဆိုင်ထားသောအရာ ဖြစ်ရမည်။ သို့ဖြစ်၍ ကိသာဗသ် (ကျွန်လွတ်စာချုပ်) အရ ရရန်ရှိသော အကြွေးကဲ့သို့ ပိုင်ဆိုင်မှု အတည် မဖြစ်သေးသော ဥစ္စာပစ္စည်းတွင် ဇကာသ်ပေးရန် မလိုအပ်ပေ။
(င) ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုသည် တစ်နှစ်ပြည့်မြောက်ခြင်း။
အာအိရှဟ် (رَضِيَ اللّٰهُ عَنْهَا) ဆင့်ပြန်သည့် မရ်ဖူအ် ဟဒီးဆ်တော်၌လာရှိသည်မှာ-
«မိမိပိုင်ဆိုင်သည့် ဥစ္စာဓနတွင် တစ်နှစ်တာကာလ မပြည့်မချင်း ဇကာသ်ပေးဆောင်ရန် တာဝန်မရှိပေ။» [၄၃]
[၄၃] အိဗ်နေမာဂျဟ်ကျမ်း၊ ဟဒီးစ်အမှတ် (၁၇၉၂)၊ သိရ်မီဇီကျမ်း၊ ဟဒီးစ်အမှတ် (၆၃)နှင့် (၆၃၁)