ရေသုံးစွဲနိုင်စွမ်း မရှိသူနှင့် သယမ္မုမ်၏ အမိန့်ပညတ်ချက်-
نص الموضوع
အကယ်၍ ရေနှင့် မြေ မရရှိလျှင် (သို့မဟုတ်) ရေ သို့မဟုတ် မြေဖြင့် အရေပြားကို ထိတွေ့ရန် မစွမ်းနိုင်သည့် အခြေအနေသို့ ရောက်ရှိလျှင် ၎င်းသည် ဝူဿွူနှင့် သယမ္မုမ် မရှိဘဲ မိမိ၏ အခြေအနေအတိုင်း ဆွလာသ် ဆောက်တည်ရမည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ၎င်းတတ်စွမ်းနိုင်သည်ထက်ပို၍ တာဝန်ပေးတော်မမူသောကြောင့်ဖြစ်သည်။
အကယ်၍ ရေနှင့် မြေကို ရရှိမည် သို့မဟုတ် ၎င်းတို့အား သုံးစွဲနိုင်စွမ်းရှိလာမည်ဆိုပါကလည်း ၎င်းအနေဖြင့် ဖတ်ရွတ်ခဲ့ပြီးသော ဆွလာသ်အား ပြန်လည်ဖတ်ရွတ်ရန် မလိုအပ်ပါ။ အကြောင်းမှာ ၎င်းသည် အမိန့်ပေးထားသည့်အတိုင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်မိန့်တော်သည်မှာ-
(... သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ တတ်နိုင်သမျှ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန် ...)
(စူရဟ် သဂါဗွန်၊ အာယသ် ၁၆)
တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်မှာ-
"အကယ်၍ ငါတမန်တော်သည် အသင်တို့အား တစ်စုံတစ်ရာကို အမိန့်ပေးခဲ့လျှင် အသင်တို့သည် ၎င်းကို တတ်စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။" [11]
[၁၀] အိမာမ်ဗုခါရီက အမှတ်(၁၄၂)နှင့် အိမာမ်အလ်မွတ်စ်လင်မ်က အမှတ် (၁၂၂) တို့တွင် မှတ်တမ်းတင်ထားသည်။
မှတ်သားဖွယ်။ အကယ်၍ ဂျနာဗသ် ကိုယ်မသန့်ဖြစ်သည့်အတွက် သယမ္မုမ်ပြုထားပြီးနောက် ရေရရှိသည့်အခါ ၎င်းအနေဖြင့် ရေချိုးရမည်ဖြစ်သည်။