Skip to content

၄။ ရစူလ်တမန်တော်များ(عَلَيْهِمُ السَّلَامُ)ကို အီမာန်သက်ဝင်ယုံကြည်ခြင်း။

التصنيف الشرعي
العقيدةالإيمان بالرسل

نص الموضوع

'ရုစွလ်'သည် ' ရစူလ် ' ၏ အများကိန်းဖြစ်ပြီး သူသည် လူသားများအနက် ရှရီအသ်တရားတော်အား ဝဟီပို့ချခြင်းခံရပြီး၊ ထိုရှရီအသ်တရားတော်အား ပြန်လည်ပို့ချရန်အမိန့်ပေးခံရသူဖြစ်သည်။

၎င်းတို့အနက် ပထမဦးဆုံး ရစူလ်တမန်တော်သည် နူးဟ် (عليه السلام) ဖြစ်ပြီး နောက်ဆုံးရစူလ် တမန်တော်သည် မုဟမ္မဒ်(ﷺ) ဖြစ်သည်၊

၎င်းတို့သည် ဖန်ဆင်းခံလူသားများ ဖြစ်ကြသည်၊

၎င်းတို့တွင် ဖန်ဆင်းမွေးမြူခြင်းနှင့် ခဝပ်ကိုးကွယ်ထိုက်သည့် ဂုဏ်အရည်အချင်းတစ်ခုမျှ မရှိပေ။

ရစူလ်တမန်တော်များအား သက်ဝင်ယုံကြည်ရာတွင် အောက်ပါအချက်များပါဝင်သည်-

၁။ ၎င်းတို့၏ (ရိစာလသ်) ရစူလ်ဖြစ်ခြင်းသည် အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်ဘက်တော်မှဖြစ်ကြောင်းကို သက်ဝင်ယုံကြည်ခြင်း၊

သို့ဖြစ်၍ မည်သူမဆို ၎င်းရစူလ်တမန်တော်တို့အနက် တစ်ပါးပါးကို ငြင်းပယ်ပါက ရစူလ်တမန်တော်များအားလုံးကို ငြင်းပယ်ရာရောက်သည်။

၂။ တမန်တော်များအနက် ကျွန်ုပ်တို့ အမည်သိရှိရသည့် တမန်တော်ကို အမည်နှင့်တကွ သက်ဝင်ယုံကြည်ခြင်း၊ ဥပမာ- မုဟမ္မဒ်(ﷺ)၊ အိဗ်ရာဟီးမ်(အလိုင်းဟိစ္စလာမ်)၊ မူစာ (အလိုင်းဟိစ္စလာမ်)၊ အီစာ(အလိုင်းဟိစ္စလာမ်)၊ နူးဟ် (အလိုင်းဟိစ္စလာမ်) တို့ဖြစ်သည်။ ၎င်းတို့သည် တမန်တော်များအနက် သန္နိဋ္ဌာန်ခိုင်မာသော(အူလွလ်အဇ်မ်) တမန်တော်များ ဖြစ်ကြသည်။

တမန်တော်များအနက် ကျွန်ုပ်တို့အမည် မသိရှိရသည့် နဗီတမန်တော်ကိုမူ ယေဘုယျအားဖြင့် ကျွန်ုပ်တို့ သက်ဝင်ယုံကြည်ကြသည်။

အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ -

(ထို့ပြင် စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်တော်)၏ မတိုင်မီ တမန်တော်များကို စေလွှတ်တော်မူခဲ့သည်။ သူတို့ထဲမှ အချို့၏ အကြောင်းကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မူခဲ့ပြီး အချို့၏ အကြောင်းကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မမူခဲ့ပေ...)

(စူရဟ် ဂါဖိရ်၊ အာယသ် ၇၈)

၃။ ထိုတမန်တော်များ(အလိုင်ဟိစ်စလာမ်)ထံမှလာရှိသော မှန်ကန်သည့်အကြောင်းအရာများအား ထောက်ခံယုံကြည်ခြင်း။

၄။ ၎င်းတို့အနက် ကျွန်ုပ်တို့ထံစေလွှတ်ခြင်းခံရသည့် တမန်တော်၏ တရားလမ်းစဉ်အား လိုက်နာကျင့်သုံးခြင်းဖြစ်သည်။ ၎င်းမှာ နောက်ဆုံးတမန်တော်ချုပ်ဖြစ်သည့် တမန်တော်မြတ်မုဟမ္မဒ် (ﷺ) ပင်ဖြစ်သည်။