၂) ကောင်းကင်တမန်များကို အီမာန်သက်ဝင်ယုံကြည်ခြင်း။
- التصنيف الشرعي
- العقيدةالإيمان بالملائكةالملائكة
- الموضوعات
- الإيمانالإيمان بالملائكة
نص الموضوع
၎င်းတို့သည် အကွယ်လောက ဖြစ်ကြသည်၊
အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား နူရ်အလင်းရောင်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်၊
ထို့ပြင် ၎င်းတို့သည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ဆည်းကပ်သူများ ဖြစ်ကြပေသည်၊
၎င်းတို့တွင် ဖန်ဆင်းတော်မူခြင်းနှင့် ခဝပ်ကိုးကွယ်ထိုက်သည့် ဂုဏ်အရည်အချင်းတစ်ခုမျှ မရှိပေ၊
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က မိမိတို့အား အမိန့်ပေးထားသည့်အရာကို ဖီဆန်ကြသည် မဟုတ်ပေ။
ထို့ပြင် ၎င်းတို့သည် မိမိတို့အား အမိန့်ပေးထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ကြကုန်၏။
၎င်းတို့၏ အရေအတွက်မှာ များပြားလှပြီး အလ္လာဟ်အရှင်မြတ်မှအပ ၎င်းတို့၏ အရေအတွက် အတိအကျကို မည်သူမျှ မသိနိုင်ပေ။
မလာအိကဟ် ကောင်းကင်တမန်များအား သက်ဝင်ယုံကြည်ရာတွင် အချက်လေးချက်ပါဝင်သည်။
၁။ ၎င်းတို့၏တည်ရှိမှုအား သက်ဝင်ယုံကြည်ခြင်း။
၂။ ၎င်းတို့အနက် ကျွန်ုပ်တို့ အမည်သိရှိရသည့် ကောင်းကင်တမန်များအား သက်ဝင်ယုံကြည်ခြင်း၊ ဥပမာ- ဂျိဗ်ရီးလ်၊ မီကာအီးလ်၊ အိစ်ရာဖီးလ်နှင့် တခြားသော ကောင်းကင်တမန်များဖြစ်သည်။
ကျွန်ုပ်တို့ အမည်မသိရှိရသူများကို ကျွန်ုပ်တို့သည် ယေဘုယျအားဖြင့် သက်ဝင်ယုံကြည်ကြရမည်။
၃။ ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်တွင် လာရှိသည့် ၎င်းတို့၏ ဂုဏ်ရည်များအနက် ကျွန်ုပ်တို့သိရှိရသည့်အရာများကို သက်ဝင်ယုံကြည်ခြင်း။
ဥပမာ- ဂျိဗ်ရီလ် (အလိုင်းဟိစ္စလာမ်)၏ အသွင်သဏ္ဍာန်၊ တမန်တော်မြတ်(ﷺ)သည် ထိုကောင်းကင်တမန်အား အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည့် မူလအသွင်သဏ္ဍာန်အတိုင်း မြင်တွေ့ခဲ့သည်။ ၎င်းတွင် အတောင်ပံ ခြောက်ရာရှိပြီး ၎င်းသည် မိုးကုတ်စက်ဝိုင်းအား ပိတ်ဆို့ ကာရံထားသည်။
၄။ ၎င်းတို့၏ တာဝန်များအနက် ကျွန်ုပ်တို့သိရှိရသည့် အရာများကို သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ ဥပမာ- အလ္လာဟ်အရှင်မြတ်အား သတ်စ်ဗီဟ်ပြုခြင်း၊ နေ့ညမပြတ် ပျင်းရိငြီးငွေ့ခြင်း မရှိဘဲ အရှင်မြတ်အား အိဗာဒသ်လုပ်ခြင်း စသည်တို့ဖြစ်သည်။
ဥပမာ- ဂျိဗ်ရီလ် (အလိုင်းဟိစ္စလာမ်) သည် ဝဟီပို့ချရန်အတွက် တာဝန်ပေးအပ်ခြင်းခံရသော သစ္စာရှင်ဖြစ်သည်။
အိစ်ရာဖီးလ်(အလိုင်းဟိစ္စလာမ်)သည် စူရ်တံပိုးခရာ မှုတ်ရန် တာဝန်ပေးအပ်ခြင်းခံရသည်။
၎င်းပြင် သေမင်းတမန်- သေဆုံးချိန်တွင် ဝိညာဉ်များကို နုတ်ယူရန် တာဝန်ပေးအပ်ခြင်းခံရသူ။
မာလစ်က်-သူသည် ဂျဟန္နမ်၏ တံခါးစောင့်ဖြစ်သည်။ ရစ်ဒ်ဝါန်- သူသည် ဂျန္နသ်၏ တံခါးစောင့်ဖြစ်သည်။ ၎င်းတို့အပြင် အခြားသော ကောင်းကင်တမန်များလည်း ရှိကြပေသည်။