Skip to content

ကုဖ်ရ်(သွေဖည်မှု) မျိုးအစားများမှာ-

نص الموضوع

النوع الأول: الكفر الأكبر: هو الموجِب للخلود في النار، وهو خمسة أنواع: 1- كفر التكذيب: وهو اعتقاد كَذِبِ الرسل، وهذا قليل في الكفار؛ لأن الله عز وجل أيَّد رسله بالبراهين الواضحة، وإنما حال المكذبين هؤلاء كما وصفهم الله: ﴿‌وَجَحَدُوا ‌بِهَا ‌وَاسْتَيْقَنَتْهَا أَنْفُسُهُمْ ظُلْمًا وَعُلُوًّا...﴾ [النحل: 14]. 2- كفر الإباء والاستكبار: وهذا مثل كفر إبليس، فإنه لم يجحد أمر الله ولم ينكره، وإنما قابله بالإباء والاستكبار، قال تعالى: ﴿وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ وَٱسۡتَكۡبَرَ وَكَانَ مِنَ ٱلۡكَٰفِرِينَ 34﴾ [البقرة: 34]. 3- كفر الإعراض: وذلك بأن يُعرِض بسمعه وقلبه عن اتباع الحق، فلا يَلتَفت إليه، ولا يُلقي له بالاً، قال تعالى: ﴿وَمَنۡ أَظۡلَمُ مِمَّن ذُكِّرَ بِـَٔايَٰتِ رَبِّهِۦ ثُمَّ أَعۡرَضَ عَنۡهَآۚ إِنَّا مِنَ ٱلۡمُجۡرِمِينَ مُنتَقِمُونَ 22﴾ [السجدة: 22]. أما الإعراض الجزئي؛ فهو فسق لا كفر؛ كالذي يُعْرِض عن تعلم بعض واجبات الدين؛ من أحكام الصيام أو الحج ونحو ذلك. 4- كفر الشك: وذلك بأن يتردد، ولا يجزم بالحق، بل يشك فيه، كما في قوله تعالى: ﴿وَدَخَلَ جَنَّتَهُ وَهُوَ ظَالِمٌ لِنَفْسِهِ قَالَ مَا أَظُنُّ أَنْ تَبِيدَ هَذِهِ أَبَدًا 35 وَمَا أَظُنُّ السَّاعَةَ قَائِمَةً وَلَئِنْ رُدِدْتُ إِلَى رَبِّي لَأَجِدَنَّ خَيْرًا مِنْهَا مُنْقَلَبًا 36﴾ [الكهف: 35-36]. 5- كفر النفاق: وهو أن يُظهِرَ بلسانه الإيمان، ويَطوِيَ بقلبه التكذيب، قال تعالى: ﴿وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ وَبِٱلۡيَوۡمِ ٱلۡأٓخِرِ وَمَا هُم بِمُؤۡمِنِينَ 8﴾ [البقرة: 8]. وهذه هي أنواع الكفر الأكبر المخرج عن الملة. النوع الثاني: الكفر الأصغر: وهذا النوع لا يوجب الخلود في النار، وهو ما ورد في الكتاب والسنة تسميته كفرًا غير مُعَرَّفٍ بالألف واللام، بل وَرَدَ مُنكَّرًا، والأمثلة عليه كثيرة، منها: حديث أبي هريرة رضي الله عنه قال: قال رسول الله ﷺ: «اثْنَتَانِ فِي النَّاسِ هُمَا بِهِمْ كُفْرٌ: الطَّعْنُ فِي النَّسَبِ، وَالنِّيَاحَةُ عَلَى المَيِّتِ» [1].

أخرجه مسلم برقم (121)، وأحمد في المسند برقم (10434).

၁။ ပထမအမျိုးအစား- အကြီးစား ကုဖ်ရ်

၎င်းကို ကျူးလွန်သူသည် ဂျဟန္နမ်ငရဲတွင် အမြဲထာဝရနေထိုင်ရမည်ဖြစ်ပြီး ၎င်း၏ အမျိုးအစား (၅)မျိုးရှိသည်။

၁။ မဟုတ်မမှန်ဟု ငြင်းဆိုသော ကုဖ်ရ် (သွေဖည်မှု):

၎င်းသည် ရစူလ်တမန်တော်များအား လိမ်ညာသည်ဟု ယုံကြည်ခြင်းဖြစ်သည်၊

ဤသည်မှာ ကာဖိရ်များအကြားတွင် နည်းပါးလှပေသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ရစူလ်တမန်တော်များအား ထင်ရှားရှင်းလင်းသော သက်သေအထောက်အထားများဖြင့် အားပေးကူညီတော်မူခဲ့သောကြောင့်ဖြစ်သည်။

အမှန်စင်စစ် ဤမဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့သူများ၏ အခြေအနေမှာ အလ္လာဟ်အရှင်မြတ် ဖော်ပြတော်မူထားသည့်အတိုင်းပင် ဖြစ်သည်၊

(ထို့ပြင် သူတို့၏ စိတ်နှလုံးများသည် ထိုတန်ခိုးများအား ယုံကြည်သော်လည်း သူတို့ကမူ မတရားသဖြင့် မောက်မာပလွှားပြီး ထိုတန်ခိုးတော်များအား ငြင်းပယ်ခဲ့ကြသည်။ ...)

(စူရဟ် နဟ်လ်၊ အာယသ်-၃၆)

(၂) ငြင်းဆန်ခြင်းနှင့် မာနထောင်လွှားခြင်း‌ကြောင့် သွေဖည်ငြင်းပယ်ခြင်း။

ဤသည်ကား အီဗလစ်၏ ငြင်းပယ်မှုနှင့် တူပေသည်၊ အကြောင်းမူကား သူသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို မငြင်းဆန်ခဲ့သလို မပယ်ချခဲ့ပေ၊ သို့သော် သူသည် ၎င်းကို ဖီဆန်ခြင်းနှင့် မာနထောင်လွှားခြင်းတို့ဖြင့်သာ တုံ့ပြန်ခဲ့သည်။

အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ -

(ငါအရှင်သည် ကောင်းကင်တမန်များအား အသင်တို့ သည် အာဒမ်ကို ဦးချကြကုန်ဟု မိန့်ကြားတော်မူသောအခါ “အီဗ်လီစ်”မှအပ ကောင်းကင်တမန်များအားလုံးသည် အာဒမ်(အလိုင်းဟိစ္စလာမ်)အား ဦးချခဲ့ကြသည်။ “အီဗ်လီစ်”မှာမူကား မာနထောင်လွှား၍ အမိန့်တော်ကို ဖီဆန်ခဲ့သည်။ ထို့ကြောင့် သူသည် “ကာဖိရ်” သွေဖည်ငြင်းပယ်သူတို့တွင် အပါအဝင်ဖြစ်သွားသည်။ ၃၄)

[စူရဟ် ဗကရဟ်၊ အာယသ်- ၁၆၃]

(၃) လျစ်လျူရှု၍ ငြင်းပယ်ခြင်း။

၎င်းမှာ အမှန်တရားကို လိုက်နာခြင်းမှ သူ၏ နားနှင့် နှလုံးသားကို လွှဲဖယ်ထားခြင်းဖြစ်ပြီး၊ ၎င်းကို အာရုံမစိုက်သလို လုံးဝလည်း အလေးမထားခြင်းပင် ဖြစ်သည်။

(အမှန်စင်စစ်သော်ကား အကြင်သူထက်ပိုမို၍ မတရားသောသူသည် မည်သူရှိမည်နည်း။ ထိုသူသည် မိမိအရှင်မြတ်၏ သက်သေလက္ခဏာများဖြင့် သတိပေးခြင်းခံရပြီးနောက် ထိုသက်သေလက္ခဏာများကို မျက်ကွယ်ပြုလေသည်။ ဧကန်စင်စစ် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သော သူတို့အား လက်စားချေတော်မူမည်။၂၂)

(စူရဟ် စဂ်ျဒဟ်၊ အာယသ်-၂၂)

တစ်စိတ်တစ်ပိုင်း လျစ်လျူရှုခြင်းနှင့် ပတ်သက်၍မူကား၊ ၎င်းသည် ကုဖ်ရ် (သွေဖည်ခြင်း မဟုတ်ဘဲ ဖိစ်က် (အပြစ်ကျူးလွန်ခြင်း) သာဖြစ်သည်။ ဥပမာအားဖြင့် ဆွိယာမ်ဥပုသ် သို့မဟုတ် ဟဂ်ျ၏ ပြဋ္ဌာန်းချက်များနှင့် အခြားအလားတူ ကိစ္စရပ်များကဲ့သို့သော သာသနာ့တာဝန်အချို့ကို သင်ယူရန် လျစ်လျူရှုသူကဲ့သို့ ဖြစ်သည်။

၄။ သံသယဖြစ်ခြင်းကြောင့် သွေဖည်ခြင်း။

၎င်းမှာ တွေဝေခြင်း၊ အမှန်တရားကို ခိုင်မာစွာ မယုံကြည်ခြင်း၊ ယင်းအစား ထိုအပေါ် သံသယဝင်ခြင်းပင် ဖြစ်သည်။ အ လ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ -

(ထို့နောက် ၎င်းသည် မိမိကိုယ်ကို မိမိနှိပ်စက်သူဖြစ်လျက် မိမိ၏ဥယျာဉ်အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။ ၎င်းက ဤ(ဥယျာဉ်)သည် မည်သည့်အခါမျှ ပျက်စီးသွားလိမ့်မည်ဟု ငါမထင်မှတ်ပါ ဟု ပြောဆိုခဲ့လေသည်။ ၃၅)

ထို့ပြင် ကိယာမတ်နေ့သည် ကျရောက်လာမည်ဟု ငါမထင်ချေ။ အကယ်၍ ငါသည် ငါ့အရှင်မြတ်ထံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရပါလျှင်လည်း ဤသည်ထက် ပိုမိုကောင်းမွန်သော ပြန်လည်ရောက်ရှိရာဌာနကို ငါဧကန်အမှန် တွေ့ရှိရမည်သာဖြစ်သည်။ ၃၆)

(စူရဟ် ကဟ်ဖ်၊ အာယသ် ၃၅-၃၆)

(၅) နိဖာက်(အရေခြုံသော) ကုဖ်ရ်သွေဖည်ငြင်းပယ်မှု။

၎င်းမှာ နှုတ်ဖြင့် အီမာန်ရှိကြောင်း ဖော်ပြပြီး စိတ်နှလုံးသားထဲတွင် ငြင်းပယ်မှုကို ဖုံးကွယ်ထားခြင်းဖြစ်သည်။

(လူတို့အနက် အချို့မှာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် (ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့ကို ယုံကြည်ပါသည်ဟု ပြောဆိုကြသည်။ အမှန်တကယ်တွင် ထိုသူတို့သည် “မုအ်မင်န်” ယုံကြည်သူများ မဟုတ်ကြပေ။ ၈)

ဤသည်တို့မှာ သာသနာမှ ထုတ်ပယ်ခြင်းခံရစေသည့် ကုဖ်ရ်အကြီး အမျိုးအစားများဖြစ်သည်။

ဒုတိယအမျိုးအစား၊ အသေးစား ကုဖ်ရ်။

ဤအမျိုးအစားကို ကျူးလွန်သူသည် ဂျဟန္နမ်ငရဲတွင် အမြဲထာဝရနေထိုင်ရမည် မဟုတ်ပေ၊

၎င်းမှာ ကျမ်းတော်မြတ်နှင့် စွန္နသ်တော်တို့တွင် ကုဖ်ရ်ဟု ခေါ်ဆိုဖော်ပြလာရှိရာ၌ (တိကျသောပုဒ်ကို ကိုယ်စားပြုသော) (အလစ်ဖ်) နှင့် (လာမ်) အက္ခရာများဖြင့် တိကျစွာဖော်ပြထားခြင်း မရှိဘဲ၊ ယင်းအစား မတိကျသောပုဒ်အနေဖြင့် ဖော်ပြလာရှိသောအရာ ဖြစ်သည်။

၎င်း၏ ဥပမာများ အမြောက်အများရှိပေသည်။ ၎င်းတို့အနက်မှ-

အဗူဟုရိုင်ရဟ် (رضي الله عنه)၏ ဟဒီးဆ်။ ၎င်းက ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ﷺ) မိန့်ကြားတော်မူသည်။

"လူတို့ထဲတွင် အချက်နှစ်ချက်ရှိပြီး၊ ၎င်းအချက်နှစ်ချက် ကုဖ်ရ် ( သွေဖည်ငြင်းပယ်ခြင်း) ဖြစ်သည်။ ၎င်းတို့မှာ- မျိုးရိုးအား စော်ကားထိုးနှက်ခြင်းနှင့် သေဆုံးသူအပေါ် ဖွဲ့နွဲ့ငိုကြွေးခြင်း ဖြစ်သည်။ [4]"

[4] အီမာမ်မွတ်စ်လင်မ်က ဟဒီးစ်အမှတ် (121) ဖြင့်လည်းကောင်း၊ အီမာမ်အဟ်မဒ်က အလ်-မွတ်စနဒ်ကျမ်းတွင် ဟဒီးစ်အမှတ် (10434) ဖြင့်လည်းကောင်း ဆင့်ထားသည်။