ရှိရ်က်၏ အမျိုးအစား သုံးမျိုးရှိသည်။
- التصنيف الشرعي
- العقيدةالإسلامنواقض الإسلامالشرك
- الموضوعات
- التوحيد وحمايتهالشرك بالله وأقسامه
نص الموضوع
၁။ ကြီးသော ရှိရ်က်
၂။ ရှိရ်က်အသေးစား
၃။ ဖုံးကွယ်နေသော ရှိရ်က်။
၁။ ကြီးမားသော ရှိရ်က်
၎င်း၏ သတ်မှတ်ချက်မှာ- အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည့် ကဏ္ဍများတွင် အလ္လာဟ်အရှင်မြတ်နှင့် အခြားတစ်စုံတစ်ရာအား တန်းတူပြုလုပ်ခြင်း၊
ထိုနည်းတူ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် -
(အကြောင်းမူကား ထိုအချိန်က ကျွန်ုပ်တို့သည် အသင်တို့အား စကြဝဋ္ဌာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် တန်းတူထားခဲ့ကြပေသည်။ 98)
(စူရဟ် ရှုအရာအ်၊ အာယသ် - ၉၈)
၎င်းတွင် အလ္လာဟ်အရှင်မြတ်အပြင် အခြားတစ်စုံတစ်ရာအတွက် ခဝပ်ကိုးကွယ်မှုကို ပြုလုပ်ခြင်း ပါဝင်သည်၊
သို့မဟုတ် ဥပမာအားဖြင့် ‘ဒုအာ’ ဆုတောင်းခြင်း၊ အခက်အခဲ ဒုက္ခများမှ လွတ်ကင်းရန် တောင်းခံခြင်း၊ ‘နဇရ်’ကိုးခြင်း၊ ‘ဇဗဟ်’ သားကောင်လှီးဖြတ်ခြင်းတို့ အပါအဝင် အခြားသောအိဗာဒသ်ခဝပ်ကိုးကွယ်မှုအမျိုးအစားများအနက်မှ အချို့ကို အလ္လာဟ်အရှင်မြတ်အပြင် အခြားတစ်စုံတစ်ရာအတွက် ပြုလုပ်ခြင်း၊
သို့မဟုတ် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာကို ဟလာလ်ပြုပိုင်သည်ဟု သတ်မှတ်ခြင်း၊
သို့မဟုတ် ခွင့်ပြုထားသောအရာကို ဟရာမ်ဟု သတ်မှတ်တားမြစ်ခြင်း၊
သို့မဟုတ် အလ္လာဟ်အရှင်မြတ် တာဝန်အဖြစ် သတ်မှတ်ထားသည့်အရာကို ပယ်ဖျက်ခြင်း၊
ပမာအားဖြင့် သာသနာတွင် တားမြစ်ထားကြောင်း မလွဲမသွေ သိထားပြီးဖြစ်သော အရာများကို ခွင့်ပြုခြင်း၊ ဥပမာ- ကာမဂုဏ်ဖောက်ပြန်ခြင်း၊ အရက်သေစာ၊ မိဘအား ပြစ်မှားခြင်း၊ အတိုးစားခြင်း သို့မဟုတ် အလားတူအရာများကို ဟလာလ်အဖြစ်သတ်မှတ်ခွင့်ပြုခြင်း၊
သို့မဟုတ် အလ္လာဟ်အရှင်မြတ် ခွင့်ပြုထားသော ကောင်းမွန်သန့်ရှင်းသည့်အရာများကို တားမြစ်ပိတ်ပင်ခြင်း၊
သို့မဟုတ် အလ္လာဟ်အရှင်မြတ် တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသည့်အရာကို ပယ်ဖျက်ခြင်း။
ပမာအားဖြင့် ဆွလာသ်သည် (ဖရဿ်ွ) မလုပ်မနေရ မဟုတ်ကြောင်း၊ သို့မဟုတ် ဆွိယာမ်သည် မလုပ်မနေရ မဟုတ်ကြောင်း၊ သို့မဟုတ် ဇကာသ်သည် မလုပ်မနေရ မဟုတ်ကြောင်း ယုံကြည်ခြင်းမျိုးကဲ့သို့ ဖြစ်သည်။
ရှိရ်က် အက်ဗရ် (အကြီးစား ရှိရ်က်) သည် ၎င်းအမှုကို ကျူးလွန်လျှက် သေဆုံးခဲ့သူ၏ အမလ်ကောင်းမှုသီလကို အချည်းနှီးအကျိုးမဲ့စေပြီး၊ ဂျဟန္နမ်ငရဲမီးတွင် ထာဝရနေစေမည် ဖြစ်သည်။
(...ထို့နောက် အကယ်၍ သူတို့သည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်ခဲ့ကြလျှင် သူတို့ ပြုလုပ်ခဲ့သော ကောင်းမှုဟူသမျှသည် အမှန်စင်စစ် အချည်းနှီး အကျိုးမဲ့ ဖြစ်သွားခဲ့လိမ့်မည်။)
[စူရဟ် အန်အားမ်၊ အာယသ်- ၅၀]
ရှိရ်က်ကျူးလွန်လျှက်သေဆုံးခဲ့သူအား အလ္လာဟ်အရှင်မြတ်သည် လုံးဝခွင့်လွှတ်တော်မူမည် မဟုတ်သလို ဂျန္နသ်သုခဘုံသည်လည်း သူ့အပေါ်၌ ဟရာမ်ဖြစ်သွားပေမည်။
( အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့် (အခြား တစ်စုံတစ်ရာကို) တွဲဖက်ကိုးကွယ်မှုကို လွတ်ငြိမ်းချမ်း သာခွင့် လုံးဝပေးတော်မူမည် မဟုတ်ပေ။ ၎င်းပြင် ထိုတွဲဖက်ကိုးကွယ်ခြင်းမှလွဲ၍ အခြားပြစ်မှုများကိုမူ အရှင်မြတ်အလိုရှိတော်မူသောသူကို အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်...)
(စူရဟ် နိစာအ်၊ အာယသ်- ၁၂၄)
အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ -
(မည်သူမဆို အလ္လာဟ် အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက် (ကိုးကွယ်)လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အတွက် ဂျန္နသ်သုခဘုံကို အမှန်ပင် ဟရာမ် ပြုလုပ် တားမြစ်ထားတော်မူမည်။ ၎င်းပြင် သူ၏နေရာထိုင်ခင်းသည် ငရဲမီးပင် ဖြစ်သည်။ ...)
(စူရဟ် မာအိဒဟ်၊ အာယသ် ၇၂)
(၂) အသေးစား ရှိရ်က်။
၎င်းသည် အထောက်အထားများအရ ရှိရ်က်ဟု အမည်တပ်ထားသော်လည်း (ရှိရ်က်အက်ဗရ်) အကြီးစား ရှိရ်က် အဆင့်သို့ မရောက်ပေ။ ထို့ကြောင့် ဤအရာကို (ရှိရ်က် အဆ်ွဂရ်) အသေးစား ရှိရ်က်ဟု ခေါ်ဆိုသည်။
ဥပမာ- အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာဖြင့် ကျိန်ဆိုခြင်း၊
ကအ်ဗဟ်၊ နဗီတမန်တော်များ၊ သစ္စာတရား၊ တစ်စုံတစ်ယောက်၏ အသက် စသည်တို့ဖြင့် ကျိန်ဆိုခြင်းတို့ ဖြစ်သည်။
ကိုယ်တော်မြတ် (ﷺ) မိန့်တော်မူသည်မှာ -
"အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသောအရာကို တိုင်တည်ကျိန်ဆိုသူသည် ဧကန်အမှန် ငြင်းပယ်သူ သို့မဟုတ် တွဲဖက်ကိုးကွယ်သူ ဖြစ်သွားပြီဖြစ်သည်"။ [2].
[2] မွတ်စ်နဒ်အဟ်မဒ်ကျမ်း၊ ဟဒီးစ်နံပါတ် (6072)၊ သိရ်မိဇီကျမ်း ဟဒီးစ်နံပါတ် (1535)၊ အိမာမ်သိရ်မိဇီက- ဤဟဒီးစ်အား ဟစန် ဖြစ်သည်ဟု ဆိုသည်။
ကျိန်ဆိုသူ၏ နှလုံးသားထဲတွင် ရှိသည့်အရာပေါ် မူတည်၍ ပို၍လည်း ကြီးမားနိုင်သည်၊
အကယ်၍ တမန်တော်မြတ် သို့မဟုတ် ရှိုင်းခ် တစ်ဦးဦးအား တိုင်တည်၍ ကျိန်ဆိုသူ၏ နှလုံးသားထဲတွင် ၎င်းသည် အလ္လာဟ်အရှင်မြတ်ကဲ့သို့ပင် ဖြစ်သည်ဟု ယုံကြည်မိပါက သို့မဟုတ် အလ္လာဟ်အရှင်မြတ်အပြင် ၎င်းထံ ဒုအာတောင်းခံနိုင်သည်ဟု ယူဆမိပါက သို့မဟုတ် ၎င်းသည် စကြဝဠာကို စီမံခန့်ခွဲနိုင်စွမ်းရှိသည်ဟု ယုံကြည်မိပါက၊ ယင်းသည် ‘ရှိရ်က်အက်ဗရ်’ (အစ္စလာမ့်ဘောင်အပြင်သို့ ရောက်စေသော) ရှိရ်က်အကြီးစား ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။
သို့သော် အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာဖြင့် ကျိန်ဆိုသူသည် ထိုရည်ရွယ်ချက်မျိုးမရှိခဲ့ဘဲ၊ အကျင့်ပါနေသောကြောင့်သာ ရည်ရွယ်ချက် မပါဘဲ နှုတ်မှထွက်သွားခြင်းဖြစ်ပါက၊ ယင်းသည် ရှိရ်က်အသေးစား ဖြစ်သည်။
ဤအရာသည် အချို့သောဒေသများတွင် အများအပြား ဖြစ်ပေါ်လေ့ရှိသည်။ သို့ဖြစ်၍ သောင်ဝ်ဟီးဒ်တရားတော်အား ထိန်းသိမ်းရန်နှင့် ကာကွယ်ရန်အတွက် ယင်းကို သတိပြုရန်နှင့် ထိုအရာမှ သတိပေးတားမြစ်ရန် တာဝန်ရှိပေသည်။
၃။ (ရှိရ်က်ခဖီ) လျှို့ဝှက်သော ယှဉ်တွဲကိုးကွယ်မှု၊
၎င်းသည် နှလုံးသားများအတွင်း၌ရှိသော ပြစားမှု ဖြစ်သည်။
လူများအား ပြစားရန်အတွက် ဆွလာသ်ဆောက်တည်သူ သို့မဟုတ် ဖတ်ရွတ်သူ သို့မဟုတ် မိမိအား ချီးမွမ်းစေရန် သက်စ်ဗီဟ်ပြုလုပ်သူ၊ သို့မဟုတ် ၎င်းတို့က မိမိအားချီးကျူးစေရန် ဆွဒကဟ်လှူဒါန်းမှု ပြုသူကဲ့သို့ ဖြစ်သည်။
၎င်းသည် ပြစားခဲ့သော အမလ်ကောင်းမှုကိုသာ အချည်းနှီးဖြစ်သွားစေမည်ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ရည်ရွယ်၍ ဆောင်ရွက်ထားသော ကျန်အခြားသော အမလ်ကောင်းမှုများကိုမူ အချည်းနှီးဖြစ်စေမည် မဟုတ်ပေ။
တမန်တော်မြတ် (ﷺ) မိန့်တော်မူသည်မှာ-
«ဤအွမ္မသ်တွင် ရှိရ်က်သည် ညအမှောင်ယံ၌ အနက်ရောင်ကျောက်တုံးပေါ်တွင် အနက်ရောင်ပုရွက်ဆိတ်တစ်ကောင် တွားသွားသည်ထက်ပင် ပို၍ လျှို့ဝှက်လှပေသည်။ ၎င်းအတွက် အပြစ်ဖြေရာမှာ ဤသို့ဆိုရန်ဖြစ်သည်- "အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် သိလျက်နှင့် အရှင်မြတ်အား တစ်စုံတစ်ရာနှင့် ယှဉ်တွဲကိုးကွယ်မိခြင်းမှ အရှင်မြတ်ထံတော်၌ ခိုလှုံပါ၏၊ ထို့ပြင် ကျွန်တော်မျိုး မသိဘဲကျူးလွန်မိသော အပြစ်များအတွက်လည်း အရှင်မြတ်ထံတော်၌ ခွင့်လွှတ်တော်မူရန် တောင်းခံပါ၏။"»[၃]
[၃] ၎င်းကို ဘူခါရီက အလ်အဒဗ် အလ်မုဖ်ရဒ်ကျမ်းတွင် အမှတ် (716)၊ အိမာမ်အဟ်မဒ်က အလ်မွတ်စ်နဒ်ကျမ်းတွင် အမှတ် (19606)နှင့် အလ်ဒိယာအ် အလ်မက္ကဒိစီက အလ်အဟာဒီးစ် အလ်မုခ်သာရဟ် (1/150) တို့တွင် ထုတ်နုတ်တင်ပြထားပြီး၊ အလ်အလ်ဘာနီက ဆွဟီးဟ် အလ်ဂျာမိအွတ်စ်ွဆွဂီးရ် အမှတ် (3731) တွင် ခိုင်လုံကြောင်း အတည်ပြုထားသည်။