Skip to content

“အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း သက်သေခံခြင်း”၏ အလိုသဘောမှာ-

نص الموضوع

ကျေးကျွန်လူသားသည် အလ္လာဟ်အရှင်မြတ်မှအပ စစ်မှန်သည့် ခဝပ်ကိုးကွယ်ရာအရှင် လုံးဝမရှိကြောင်းကို ခိုင်မာစွာ ယုံကြည်၍ သက်သေခံခြင်းဖြစ်သည်။

သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရမည်ဖြစ်ပြီး၊ ဒုအာဆုတောင်းခြင်း၊ ကြောက်ရွံ့ခြင်း၊ မျှော်လင့်ချက်ထားခြင်း၊ ယုံကြည်အားထားခြင်း အစရှိသည့် အေဗာဒသ်ခဝပ်ကိုးကွယ်မှု အမျိုးအစားအားလုံးကို ထိုအရှင်မြတ်အတွက်သာ သီးသန့်ပြုလုပ်ရမည်ဖြစ်သည်။

"ရှဟာဒသ်"သက်သေခံခြင်းသည် မဏ္ဍိုင် (၂)ခုဖြင့်သာ မှန်ကန်ပြည့်စုံမည်ဖြစ်သည်။ ၎င်းတို့မှာ-

ပထမ- အလ္လာဟ်အရှင်မြတ်မှအပ အခြားသောအရာများဖြစ်သည့် ယှဉ်တွဲကိုးကွယ်ရာများ၊ အခြားကိုးကွယ်ရာများနှင့် မှားယွင်းသောကိုးကွယ်ရာများအားလုံးအပေါ် ကိုးကွယ်ခံထိုက်မှုနှင့် ခဝပ်ကိုးကွယ်ခြင်းတို့ကို ငြင်းပယ်ခြင်း။

ဒုတိယ- ‘ကိုးကွယ်ခံထိုက်မှု’နှင့် မှန်ကန်သည့် ခဝပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအတွက်သာဖြစ်ပြီး အရှင်မြတ်မှအပ အခြားမည်သည့်အရာအတွက်မျှ မဟုတ်ကြောင်း အတည်ပြုခြင်းဖြစ်သည်။

အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ -

(စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာများကို စွန့်လွှတ်ဖယ်ရှား၍ (တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော်မူခဲ့လေသည်)။

(စူရဟ် နဟ်လ်၊ အာယသ်-၃၆)