Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

134 of 253 cards

Clear filters

Narrator

Show all narrators (54)
ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။ ဂျဟန္နမ်ငရဲဘုံသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
မည်သူမဆို ငါကိုယ်တော်အတွက် မိမိ၏ပါးစောင်နှစ်ခုကြားတွင်ရှိသော အရာ(နှုတ်လျှာ)နှင့် ခြေနှစ်ချောင်းကြားတွင်ရှိသော အရာ(အရှက်အင်္ဂါ)ကို ထိန်းသိမ်းရန်တာဝန်ယူလျှင် ငါကိုယ်တော်သည် ထိုသူ့အတွက် ဂျန္နသ်သုခဘုံကို တာဝန်ယူတော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦးဆုံတွေ့သည့်အခါ တစ်ဦးနှင့် တစ်ဦးကျောခိုင်းကြသည်။ ၎င်းတို့နှစ်ဦးအနက် အကောင်းဆုံးသူမှာ စလာမ် စပေးသူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ် အရွံမုန်းဆုံးသူမှာ အလွန်ပြဿနာရှာတတ်သူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤနေ့ရက်များ(ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်)၌ ကောင်းမှုပြုလုပ်ခြင်းအား အခြားသောနေ့ရက်များတွင် ကောင်းမှုပြုလုပ်ခြင်းထက် အလ္လာဟ်အရှင်မြတ်သည် ပို၍နှစ်သက်တော်မူသည်။ သာဝကကြီးများက အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် အရှင်မြတ်လမ်းတော်၌ ဂျိဟာဒ်လုပ်ခြင်းကို ပို၍နှစ်သက်သည် မဟုတ်လောဟု လျှောက်ထားခဲ့ကြရာ ကိုယ်တော်က မိန့်ကြားသည်မှာ အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်လုပ်ခြင်းကိုလည်း(ထိုရက်များ၏ ကောင်းမှုထက်) ပို၍မနှစ်သက်ပေ။ သို့သော် မိမိ၏အသက်ဇီဝိန်၊ ဥစ္စာပစ္စည်းတို့နှင့်တကွ ဂျိဟာဒ်ပြုရန်ထွက်သွားပြီး ၎င်းအရာများကို ပြန်မယူလာသည့် ပုဂ္ဂိုလ်သာလျှင် ပို၍နှစ်သက်ခြင်းခံရမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း၊ အဗူဒါဝူဒ်ကျမ်း ဤကျမ်းပါ စာသားအတိုင်းဖြစ်သည်။
ကျွန်ုပ်တို့သည် ခက်ခဲသည့်အခါတွင်ဖြစ်စေ၊ လွယ်ကူသည့်အခါတွင်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ ကျွန်ုပ်တို့ထက်ပိုပြီးဦးစားပေးခံရသည်ဖြစ်စေ (အာဏာပိုင်တို့အား) နာခံမည်ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းအာဏာပိုင်တို့အား မပုန်ကန်ကြရန်နှင့် မည်သည့်နေရာ၌ပင်ရှိစေ အမှန်တရားကိုသာ ပြောမည်ဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်အတွက် မည်သည့် ပြစ်တင်ကဲ့ရဲ့သူ၏ ပြစ်တင်ကဲ့ရဲ့ခြင်းကိုမျှ ကြောက်ရွံ့စိုးရိမ်မည် မဟုတ်ကြောင်း အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ၌ ပဋိညာဉ်ပြုခဲ့ကြသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
မုရှ်ရိက်အချို့သည် လူသတ်မှုကို အမြောက်အများကျူးလွန်ခဲ့ကြသည်။ ဇိနာအမှုကိုလည်း အမြောက်အများကျူးလွန်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အသင်အမိန့်ရှိနေသောအရာနှင့် အသင်ဖိတ်ခေါ်နေသောအရာသည် အလွန်ပင်ကောင်းမွန်ပေသည်။ ကျွန်တော်တို့ ယခင်ကကျူးလွန်ခဲ့သောအပြစ်များအား ပလပ်သွားစေမည့်အရာကို အသင်ပြောပြလျှင် ကောင်းလေစွဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ဤအာယသ်တော်ကျရောက်လာခဲ့သည်။ (၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တသ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရားသဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်းကြသည်မဟုတ်ပေ။) ကုရ်အာန် (၂၅:၆၈) ၎င်းနောက် ဤအာယသ်တော်လည်း ကျရောက်လာခဲ့သည်။ ((အို-နဗီတမန်တော်) အသင်သည်(ငါအရှင်မြတ်၏ကိုယ်စား) ပြောကြားပါလေ။ အို-မိမိတို့ အပေါ်၌ အလွန်အမင်း လွန်ကျူးခဲ့ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြကုန်လင့်။) ကုရ်အာန် (၃၉:၅၃)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ မုအဇ္ဇင်န်ဆိုသည့်အတိုင်း လိုက်ဆိုကြပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း