Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

21 of 253 cards

Clear filters
ဧကန်အမှန်ပင် ဂါထာမန္တန်မန်းမှုတ်ခြင်း၊ အင်းအိုင်အဆောင်လက်ဖွဲ့ချိတ်ဆွဲခြင်း၊ တစ်ဦးကတစ်ဦးကို ချစ်ခင်လာစေရန်အတွက် ဂျာဒူဖြင့်ပြုလုပ်ခြင်း စသည့်ကိစ္စရပ် အားလုံးသည် ရှိရ်က်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
ကုရ်အာန်ကျမ်းမြတ်ကို အသံကျယ်စွာ ဖတ်ရွတ်သူသည် လူသိရှင်ကြား ဆွဒ်ကဟ်အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်ကို တီးတိုးစွာ ဖတ်ရွတ်သူသည် တိတ်တဆိတ် ဆွဒ်ကဟ်အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီကျမ်း
ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိခဲ့သည့်အရာတိုင်းကို ကျက်မှတ်လို၍ ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားခြင်းကို ကုရိုင်ရှ်တို့က ကျွန်ုပ်အားတားမြစ်ခဲ့ကြသည်။ ၎င်းတို့ကပြောကြသည်မှာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိသမျှကို ရေးမှတ်လေသလော။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတစ်ဦးပင်ဖြစ်ပြီး ဒေါသထွက်သည့်အခါ၌ဖြစ်စေ၊ စိတ်ကျေနပ်သည့်အခါ၌ဖြစ်စေ စကားပြောဆိုတတ်သည်။ ထိုအခါ ကျွန်တော်သည်ရေးမှတ်ခြင်းကို ရပ်ဆိုင်းလိုက်သည်။ကျွန်တော်သည် ထိုအကြောင်းရာကို ကိုယ်တော့်အားတင်ပြခဲ့သည်။ ကိုယ်တော်သည် မိမိနှုတ်တော်အား မိမိ၏လက် ချောင်းဖြင့် ညွှန်ပြ၍ မိန့်ကြားတော်မူသည်မှာ အသင်ရေးသားပါ။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဤ(နှုတ်လျှာ)မှ မှန်ကန်သည့်စကားသာ ထွက်ပေသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း
ကျွန်တော်သည် အစ္စလာမ်သာသနာကို လက်ခံရန်ရည်ရွယ်ချက်ဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာခဲ့သည်။ ထိုအခါ ကိုယ် တော်သည် ကျွန်တော့်အား ရေနှင့်ဆီးရွက်တို့ဖြင့်ရေချိုးရန် အမိန့်ပေးတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီကျမ်း
ဧကန်အမှန်ပင် မုအ်မင်န် တစ်ဦးသည် ၎င်း၏ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားကြောင့် ဆွိယာမ် ဥပုသ်စောင့်ထိန်းသူ၊ (ညတွင်ထ၍) ဆွလာသ် ဆောက်တည်သူ၏ အဆင့်အတန်းကို ရရှိသွားသည်။
ဤဟဒီးဆ်ကို ထောက်ခံထားသော အခြားဟဒီးဆ်များကြောင့် ဤဟဒီးဆ်သည် ဆွဟီးဟ် ဖြစ်သွားသည်။ အဗူဒါဝူဒ်ကျမ်း၊ အဟ်မဒ်ကျမ်း
လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်တို့အနက်မှ တစ်ဦးတစ်ယောက်သည် သူ၏စိတ်ထဲ၌ အတွေးများဖြစ်ပေါ်နေပြီး ထိုအ တွေးကိုပြောပြရန်ထက် ပြာဖြစ်သွားခြင်းကို ၎င်းအနေဖြင့် ပိုနှစ်သက်ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏ အကြင်အရှင်မြတ်သည် ၎င်း(ရှိုင်သွာန်)၏ လှည့်ဖျားမှုကို ဝတ်စ်ဝစဟ် (သံသယအတွေး) အဖြစ်သို့ပြောင်းလဲတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း
ကောင်းစွာမှတ်သားကြလေကုန်၊ ငါကိုယ်တော်၏ ဟဒီးဆ်တော်တစ်ပုဒ်သည် လူတစ်ဦးထံသို့ ရောက်ရှိသည့်အခါ ထိုသူသည် မိမိ၏သလွန်ပေါ်တွင် မှီလျက် အသင်တို့နှင့် ကျွန်ုပ်တို့ကြားတွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုကျမ်းထဲတွင် ဟလာလ်ဟုတွေ့ရသောအရာကို ဟလာလ်ဟုမှတ်ယူမည်။ ကျွန်ုပ်တို့သည် ထိုကျမ်းထဲတွင် ဟရာမ်ဟုတွေ့ရသောအရာကို ဟရာမ်ဟု မှတ်ယူမည်ဟု ပြောကြားလိမ့်မည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် တားမြစ်ထားသောအရာသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာနှင့် အတူတူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း
အသင်တို့သည် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်းနှင့် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။’ဟု မပြောဆိုကြလေနှင့်။ သို့သော် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။ ထို့နောက် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်’ဟုသာ ပြောဆိုကြပါ။
ဤဟဒီးဆ်သည် ၎င်း၏ဆင့်ပြန်ချက်အားလုံးကိုစုပေါင်း၍ ဆွဟီးဟ်အဆင့်တွင်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း၊ အဟ်မဒ်ကျမ်း