Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

27 of 253 cards

Clear filters
မုချဧကန် အလ္လာဟ်ရှင်မြတ်သည် ကိယာမသ်နေ့တွင် ကျွန်ုပ်၏အွမ္မသ်သားများအနက်မှ တစ်ဦးကို လူသားများအားလုံးရှေ့၌ ရွေးချယ်တော်မူပြီး ၎င်းအား အမလ်ဆောင်ရွက်မှုများ ရေးမှတ်ထားသည့် မှတ်တမ်းစာအုပ် ကိုးဆယ့်ကိုးအုပ်ကို ဖွင့်ပြတော်မူမည်။ စာအုပ်တိုင်းသည် မျက်စိတစ်ဆုံးရှိပေမည်။ ထို့နောက် ၎င်းအား ဤမှတ်တမ်းများအနက်မှ တစ်စုံတစ်ရာကို အသင်ငြင်းပယ်လိုသလော။ ငါအရှင်မြတ် တာဝန်ပေးထားသည့် မှတ်တမ်းရေးသားသူ(မလာအိကဟ်)များက အသင့်အား မတရားပြုခဲ့သလောဟု မေးမြန်းတော်မူမည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် မတရားမပြုခဲ့ကြပါဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က အသင့်ထံ၌ (ထိုအပြစ်များနှင့် ပတ်သက်၍ အငြင်းဝင်ရန်) အကြောင်းပြချက် ရှိပါသလောဟု မေးမြန်းတော်မူမည်။ ထိုအခါ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် အကြောင်းပြချက် တင်ပြရန်လည်း မရှိပါဟု ဖြေကြားမည်။ ထိုအခါအရှင်မြတ်က ကောင်းပြီ အသင်၏ ကောင်းမှုတစ်ခု ငါအရှင်မြတ်ထံတော်တွင် ရှိနေသည်။ ယနေ့ အသင်မတရားပြုခြင်းခံရမည်မဟုတ်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် စက္ကူငယ်လေးတစ်ခုထုတ်ပေးတော်မူပြီး ယင်း၌ (أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ) ‘အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။’ဟူ၍ ပါရှိသည်။ ထို့နောက်အရှင်မြတ်က ဤစက္ကူစကို သွားရောက်ချိန်စက်လော့ဟု မိန့်ကြားတော်မည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ဤမှတ်တမ်းစာအုပ်ကြီးများနှင့် ဤစက္ကူငယ်မှာ မည်သို့ယှဥ်နိုင်ပါမည်နည်းဟု လျှောက်ထားမည်။ ထိုအခါအရှင်မြတ်က အသင့်အဖို့ မတရားမှုဟူ၍ မရှိစေရဟု မိန့်ကြားတော်မူပြီး ချိန်ခွင်ခွက်တစ်ခုတွင် မှတ်တမ်းစာအုပ်ကြီးများထည့်၍ အခြားတစ်ဖက်တွင် ကလိမဟ်တော်ရေးသားထားသည့် စက္ကူငယ်ကိုထည့်လိုက်ရာ မှတ်တမ်းစာအုပ်ကြီးများသည် အလေးချိန်ပေါ့သွားပြီး စက္ကူငယ်သည် အလေးချိန်စီးသွားမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ထက်ပို၍ မည်သည့်အရာကမျှ အလေးချိန်စီးနိုင်မည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း
ငါကိုယ်တော်၏ အွမ္မသ်ထဲ၌ နောက်ပိုင်းတွင် လူတစ်ချို့ပေါ်ပေါက်လာလိမ့်မည်။ ၎င်းတို့သည်အသင်တို့နှင့် အသင်တို့ဘိုးဘွားများပင် မကြားဘူးသောအရာများကို အသင်တို့အားပြောဆိုတင်ပြကြလိမ့်မည်။ သို့ဖြစ်၍ အသင်တို့သည် ၎င်းတို့နှင့်ဝေးဝေးနေကြကုန်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ဝိညာဥ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ မကြာခင် အသင်တို့ထဲတွင် တရားမျှတစွာအုပ်ချုပ်မည့် မရ်ယမ်၏ သားတော် (အီစာ) ဆင်းသက်လာလိမ့်မည်။ ထိုအချိန်၌ သူသည်လက်ဝါးကပ်တိုင်ကို ချိုးဖျက်မည်။ ဝက်တိရစ္ဆာန်တွေကို သတ်ဖြတ်မည်။ အခွန်အခကို ဖျက်သိမ်းပစ်မည်။ (အလှူ) ငွေလက်ခံမည့်သူ တစ်ဦးမှမရှိတော့သည်အထိ ဥစ္စာပစ္စည်းများ ပေါများကြွယ်ဝလာလိမ့်မည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဧကန်အမှန်ပင် လူတို့အနက် အဆိုးဆုံးသူများသည် အသက်ရှင်လျက် ကိယာမသ်ကို ကြုံကြိုက်ရသူများနှင့် ကဗရ်သင်္ချိုင်းများကို ဦးချရာနေရာ (ဗလီဝတ်ကျောင်းတော်)များအဖြစ် ပြုလုပ်ကြသူများဖြစ်သည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဟ်မဒ်ကျမ်း
အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေအားလက်တစ်ဆုပ်ထဲ၌ ယူတော်မူမည်။ မိုးကောင်းကင်များကို မိမိ၏လက်ယာလက်၌ ခေါက်လိပ်တော်မူမည်။ ထို့နောက် မိန့်တော်မူမည်မှာ ငါအရှင်မြတ်သည်သာလျှင် စိုးပိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ကမ္ဘာမြေပထဝီ၏ ဘုရင်များအဘယ်မှာနည်း။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
(ထို့နောက် အသင်တို့သည် ထိုနေ့၌ စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ကုရ်အာန် (၁၀၂:၈) ဟူသော အာယသ်တော်ကျရောက်လာသောအခါ ဇုဗိုင်ရ်(ရဿွိယလ္လာဟုအန်ဟု)က လျှောက်ထားသည်မှာ အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အမဲရောင်နှစ်ခုဖြစ်သော စွန်ပလွံသီးနှင့်ရေ စသည့်နှစ်မျိုးသာလျှင် ရှိပေသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ မကြာမီ ယင်းနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းခံရလိမ့်မည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း
အချိန်ကာလနီးကပ် (တိုတောင်း) မှုမဖြစ်သေးသမျှ ကိယာမသ်ဖြစ်မည်မဟုတ်ပေ။ တစ်နှစ်သည် တစ်လကဲ့သို့၊ တစ်လသည် တစ်ပတ်ကဲ့သို့၊ တစ်ပတ်သည် တစ်ရက်ကဲ့သို့၊ တစ်ရက်သည် တစ်နာရီကဲ့သို့၊ တစ်နာရီသည် စွန်ပလွံရွက် မီးလောင်သွားသည့် အချိန်အတိုင်းအတာကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဟ်မဒ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အကြောင်းအရာတစ်ခုကို ပြောပြတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ ယင်းသည် အသိပညာ ပျောက်ကွယ်သွားသည့်အချိန်တွင် ဖြစ်ပေါ်လာလိမ့်မည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အသိပညာသည် အဘယ်ကဲ့သို့ပျောက်ကွယ်သွားမည်နည်း။ ကျွန်တော်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ကြပြီး မိမိတို့၏ သားသမီးများကိုသင်ကြားပေးကြသည်။ တဖန် ကျွန်တော်တို့၏ သာသမီးများကလည်း ၎င်းတို့၏သားသမီးများကို သင်ကြားပို့ချကြပါမည်။ ဤအတိုင်းပင် ကိယာမသ်နေ့ထိတိုင် ရှိနေလိမ့်မည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က အို ဇိယာဒ်၊ အသင်၏မိခင်သည် အသင့်ကိုပျောက်ဆုံးပါစေ၊ ငါကိုယ်တော်သည် အသင့်အား မဒီနာ၌ အသိပညာအရှိဆုံးသူဟု ထင်မှတ်ထားသည်။ ဤယဟူဒီနှင့် နဆ်ွရာနီတို့သည် သောင်ရာသ်ကျမ်းနှင့် အင်န်ဂျိလ်ကျမ်းတို့ကို ရွတ်ဖတ်ကြသည်။ သို့သော် ၎င်းတို့သည် ထိုကျမ်းများတွင်ရှိသော မည်သည့် အမိန့်ပညတ်ချက်ကိုမျှ လိုက်နာကျင့်သုံးမှု မပြုကြသည် မဟုတ်လောဟု မိန့်ကြားတော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ်လိဂိုင်းရိဟီ အဆင့်ရှိသည်။ အိဗ်နုမာဂျဟ်ကျမ်း