Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

79 of 253 cards

Clear filters
အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေအားလက်တစ်ဆုပ်ထဲ၌ ယူတော်မူမည်။ မိုးကောင်းကင်များကို မိမိ၏လက်ယာလက်၌ ခေါက်လိပ်တော်မူမည်။ ထို့နောက် မိန့်တော်မူမည်မှာ ငါအရှင်မြတ်သည်သာလျှင် စိုးပိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ကမ္ဘာမြေပထဝီ၏ ဘုရင်များအဘယ်မှာနည်း။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မကွယ်လွန်မီငါးရက်အလိုတွင် မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ အကယ်၍ ငါကိုယ်တော်သည် ငါ၏နောက်လိုက်သားတို့အနက်မှ အချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် မုချအဗူဗကရ်(ရဿွိယလ္လာဟုအန်ဟု)အား သတ်မှတ်မည်ဖြစ်သည်။ ကောင်းစွာသတိပြုကြလေကုန် အသင်တို့အလျင်ရှိခဲ့ကြသော သူတို့သည် ၎င်းတို့နဗီတမန်တော်များ၊ သူတော်စင်များ၏ ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ် ပြုလုပ်ခဲ့ကြသည်။ ကောင်းစွာသတိပြုကြလေကုန် သင်တို့သည် ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ် မပြုလုပ်ကြနှင့်။ ဤကဲ့သို့ပြုလုပ်ခြင်းအား ငါကိုယ်တော် သင်တို့အား တားမြစ်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား အရေးယူသည့်အခါ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ဖတ်ရွတ်တော်မူသည်။ (စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား ၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန်လှပေသတည်း။) (ကုရ်အာန် ၁၁း၁၀၂)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အချိန်ကာလနီးကပ် (တိုတောင်း) မှုမဖြစ်သေးသမျှ ကိယာမသ်ဖြစ်မည်မဟုတ်ပေ။ တစ်နှစ်သည် တစ်လကဲ့သို့၊ တစ်လသည် တစ်ပတ်ကဲ့သို့၊ တစ်ပတ်သည် တစ်ရက်ကဲ့သို့၊ တစ်ရက်သည် တစ်နာရီကဲ့သို့၊ တစ်နာရီသည် စွန်ပလွံရွက် မီးလောင်သွားသည့် အချိန်အတိုင်းအတာကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဟ်မဒ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အကြောင်းအရာတစ်ခုကို ပြောပြတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ ယင်းသည် အသိပညာ ပျောက်ကွယ်သွားသည့်အချိန်တွင် ဖြစ်ပေါ်လာလိမ့်မည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အသိပညာသည် အဘယ်ကဲ့သို့ပျောက်ကွယ်သွားမည်နည်း။ ကျွန်တော်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ကြပြီး မိမိတို့၏ သားသမီးများကိုသင်ကြားပေးကြသည်။ တဖန် ကျွန်တော်တို့၏ သာသမီးများကလည်း ၎င်းတို့၏သားသမီးများကို သင်ကြားပို့ချကြပါမည်။ ဤအတိုင်းပင် ကိယာမသ်နေ့ထိတိုင် ရှိနေလိမ့်မည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က အို ဇိယာဒ်၊ အသင်၏မိခင်သည် အသင့်ကိုပျောက်ဆုံးပါစေ၊ ငါကိုယ်တော်သည် အသင့်အား မဒီနာ၌ အသိပညာအရှိဆုံးသူဟု ထင်မှတ်ထားသည်။ ဤယဟူဒီနှင့် နဆ်ွရာနီတို့သည် သောင်ရာသ်ကျမ်းနှင့် အင်န်ဂျိလ်ကျမ်းတို့ကို ရွတ်ဖတ်ကြသည်။ သို့သော် ၎င်းတို့သည် ထိုကျမ်းများတွင်ရှိသော မည်သည့် အမိန့်ပညတ်ချက်ကိုမျှ လိုက်နာကျင့်သုံးမှု မပြုကြသည် မဟုတ်လောဟု မိန့်ကြားတော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ်လိဂိုင်းရိဟီ အဆင့်ရှိသည်။ အိဗ်နုမာဂျဟ်ကျမ်း
သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။ အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော် ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ထို့နောက် သင်တို့သည် ငါကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဝစီလဟ် တောင်ခံပေးကြပါ။ အမှန်တကယ်ပင် ယင်းသည် ဂျန္နသ်သုခဘုံ၏ အဆင့်အတန်းတစ်ခုဖြစ်သည်။ ထိုအဆင့်အတန်းအား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်တစ်ဦးအား ချီးမြှင့်မည်ဖြစ်၍ ၎င်းအားချီးမြှင့်ခံရသူသည် ငါကိုယ်တော်ပင်ဖြစ်မည်ဟု မျှော်လင့်သည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ငါကိုယ်တော်အတွက် ဝစီလဟ် (မကာမုမဟ်မူဒ်) တောင်းခံပေးပါက ထိုသူ့အတွက် ရှဖာအဟ် ကြားဝင်အသနားခံပေးခြင်း ဝါဂျိဗ်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စာဗိသ်ဗင်န်ကိုင်းစ်အား ရှာမတွေ့ဖြစ်ခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ကျွန်တော်မျိုး ကိုယ်တော့်အတွက် ၎င်း၏သတင်းကိုယူလာပါမည်ဟု လျှောက်ထားခဲ့သည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် စာဗိသ်ထံသို့ ရောက်သွားသောအခါ စာဗိသ်သည်ခေါင်းငိုက်စိုက်၍ ထိုင်နေသည်ကိုတွေ့သဖြင့် အသင့်အခြေအနေ မည်သို့ရှိပါသနည်းဟုမေးမြန်းခဲ့သည်။ စာဗိသ်က (ကျွန်တော့်အခြေအနေသည်)ဆိုးရွားပါသည်ဟု ဖြေကြားခဲ့သည်။ ၎င်းသည် မိမိ၏အသံကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အသံထက်ပိုကျယ်လေ့ရှိသည့်အတွက် မိမိ၏အမလ်ကျင့်ဆောင်မှုများ ပျက်စီးသွားပြီး မိမိသည်ငရဲသားတို့အနက်မှဖြစ်သွားပြီ(ဟုထင်မှတ်ခဲ့ပေသည်။) ၎င်းနောက် ထိုပုဂ္ဂိုလ်သည် တမန်တော်မြတ်ထံလာရောက်၍ စာဗိသ်က ဤကဲ့သို့ ပြောဆိုကြောင်း လျှောက်ထားခဲ့သည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် ကြီးကျယ်လှသည့်သတင်းကောင်းကို ယူဆောင်ကာ ဒုတိယအကြိမ် ပြန်သွားခဲ့လေသည်။ ကိုယ်တော်က မိန့်ကြားတော်မူလိုက်သည်မှာ- အသင်သည် ငရဲသားတို့အနက်မှမဟုတ် သုခဘုံသားတို့အနက်မှဖြစ်သည်ဟု စာဗိသ်ထံသွား၍ ပြောလိုက်ပါလေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဂျူး(ယဟူဒီ)တို့သည် သောင်ရာသ်ကျမ်းကို ဟီဗရူးဘာသာစကားဖြင့် ဖတ်ရွတ်ပြီးမွတ်စ်လင်မ်များကို အရဗီဘာသာစကားဖြင့် ရှင်းပြလေ့ရှိကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ဤအတိုင်းသာပြောဆိုကြကုန် (ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ထံချပေးခြင်းခံရသည့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း အီမာန်သက်ဝင်ယုံကြည်ခဲ့ကြပါသည်။) ကုရ်အာန် (၂:၁၃၆)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း