Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

5 of 253 cards

Clear filters
အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်ပြီး အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း
“လူတစ်ဦးသည် အပြစ်အကုသိုလ်တစ်ခု ကျူးလွန်ပြီးနောက်(ဝုဿွူရေ) သန့်စင်မှုပြုလုပ်မည်။ ထို့နောက် ဆွလာသ်ဆောက်တည်မည်။ ၎င်းနောက်အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အပြစ်မှ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအားမုချ ခွင့်လွှတ်တော်မူမည်ဖြစ်သည်။” ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ရွတ်ဖတ်တော်မူခဲ့သည်။ (ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည်ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြသည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ (အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။) ကုရ်အာန် (၃:၁၃၅)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
အသင်တို့သည် ပညာရှင်များအပေါ် ဂုဏ်ဖော်ရန်၊ ပညာမဲ့များနှင့် ငြင်းခုံရန်၊ ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် ရည်ရွယ်ချက်ဖြင့် သာသနာ့ပညာအား မသင်ယူကြလေနှင့်။ မည်သူမဆို ဤကဲ့သို့ (ရည်ရွယ်ချက်ဖြင့်)သင်ယူခဲ့ပါက ငရဲမီးသို့ ကျရောက်ရမည်။ ငရဲမီးသို့ ကျရောက်ရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အိဗ်နုမာဂျဟ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် ဂျဟန္နမ်ငရဲဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဟစန်ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
(ထို့နောက် အသင်တို့သည် ထိုနေ့၌ စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ကုရ်အာန် (၁၀၂:၈) ဟူသော အာယသ်တော်ကျရောက်လာသောအခါ ဇုဗိုင်ရ်(ရဿွိယလ္လာဟုအန်ဟု)က လျှောက်ထားသည်မှာ အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အမဲရောင်နှစ်ခုဖြစ်သော စွန်ပလွံသီးနှင့်ရေ စသည့်နှစ်မျိုးသာလျှင် ရှိပေသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ မကြာမီ ယင်းနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းခံရလိမ့်မည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း