Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

8 of 253 cards

Clear filters
အိမာမ်‌ရှေ့ဆောင်ထက်အလျင် မိမိ၏ဦးခေါင်းကို ပြန်ကြွသူသည် အလ္လာဟ်အရှင်မြတ်က ထိုသူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ကို မကြောက်ရွံ့‌လေသလော။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
သာဝကကြီး အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် ဖရ်ဿ်ွ ဆွလာသ်တွင်ဖြစ်စေ၊ နဖ်လ်ဆွလာသ်တွင်ဖြစ်စေ၊ ရမ်ဿွာန်လတွင်ဖြစ်စေ၊ အခြားလများတွင်ဖြစ်စေ ဆွလာသ်တိုင်း၌ သက္ကဗီရ် ရွတ်ဆိုလေ့ရှိသည်။ သို့ဖြစ်၍ သာဝကြီးသည် မတ်တတ်ရပ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ထို့နောက် ‘ရုကူအ်’ ဦးညွှတ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ထို့နောက် ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးမချမီ ‘ရဗ္ဗနာဝလကလ်ဟမ်ဒ်’ ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးချရန် ကိုယ်ကိုကိုင်းညွှတ်သည့်အခါ ‘အလ္လာဟုအက္ကဗရ်’ ရွတ်ဆိုသည်။ ထို့နောက် မိမိဦးခေါင်းကို ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးချသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် မိမိဦးခေါင်းကို ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် နှစ်ရကအသ်၌ ထိုင်ပြီးနောက် ပြန်လည်မတ်တတ်ရပ်သည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ သူသည် ဆွလာသ်ပြီးဆုံးသည်အထိ ရကအသ်တိုင်းတွင် ထိုအတိုင်းပင်ပြုလုပ်လေသည်။ ထို့နောက် ဆွလာသ်ပြီးဆုံးသွားသည့်အခါ ၎င်းကပြောကြားသည်မှာ အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’ လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုအတိုင်းပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။ မိမိတို့နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသော အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်သည် အလွန်အမျက်ထွက်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဟ်မဒ်ကျမ်း
မျက်မမြင်ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် အမှန်တကယ်ပင် ကျွန်တော်မျိုးအား ဗလီသို့ခေါ်ဆောင်သွားမည့်သူ တစ်ဦးမျှမရှိပါဟု လျှောက်ထားခဲ့သည်။ ထို့ကြောင့် သူသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ သူ၏အိမ်၌ပင် ဆွလာသ်ဆောက်တည်ရန် ခွင့်ပြုချက်တောင်းခံခဲ့ရာ ကိုယ်တော်က သူ့အားခွင့်ပြုတော်မူခဲ့သည်။ ထိုသူလှည့်ပြန်နေစဉ် ကိုယ်တော်က သူ့အားခေါ်တော်မူ၍ အသင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သံကို ကြားပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းက ဟုတ်ကဲ့ (ကြားပါသည်)ဟု ဖြေကြားခဲ့ရာ ကိုယ်တော်ကသင် အဖြေပေးပါဟု မိန့်ကြားတော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
သောကြာနေ့ အိမာမ် ခွသ်ဗဟ် မိန့်ခွန်းပြောနေစဉ် သင့်နံဘေးတွင် ရှိသောသူကို ဆိတ်ဆိတ်နေပါဟု အသင်ပြောဆိုလျှင် အမှန်တကယ် အသင်သည် အချည်းနှီးကိစ္စတစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
လူများအနက် အဆိုးရွားဆုံးခိုးဝှက်သူသည် မိမိဆွလာသ်အား ခိုးဝှက်သူပင်ဖြစ်သည်။ ထိုအခါ သာဝကကြီးက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အိဗ်နုဟိဗ်ဗားန်ကျမ်း
မည်သူမဆို ကဒ်ရ်ညမြတ်တွင် အီမာန်ယုံကြည်မှုနှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤဒုအာကို တောင်းခံလေ့ရှိတော်မူသည်။ “အလ္လာဟွမ်မ အင်န်နီး အအူးဇုဗိက မင်န်အဇာဗိ ဂျဟန္နမ်မ၊ ဝမင်န်အဇာဗိလ် ကဗရိ၊ ဝမင်န် ဖိသ်နသိလ် မဟ်ယာ ဝလ်မမာသိ ဝမင်န် ဖိသ်နသိလ် မစီးဟိဒ်ဒဂျာလ်“ (အဓိပ္ပါယ် အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဂျဟန္နမ်၏ ပြစ်ဒဏ်မှ လည်း ကောင်း၊ ကဗရ်သင်္ချိုင်း၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံ တွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ အန္တရာယ်မှလည်းကောင်း ကင်းဝေးရန် အရှင်မြတ်ထံတော်ပါး၌ ခိုလှုံပါ၏။) မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ- သင်တို့အနက် တစ်ဦးတစ်ယောက်သည် နောက်ဆုံး “သရှဟ္ဟုဒ်” ပြီးဆုံးသွားသည့်အခါ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်မှလည်းကောင်း၊ ကဗရ်၏ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေချိန်နှင့် ကွယ်လွန်ချိန်တွင် ကြုံတွေ့ရမည့် ဖိသ်နဟ် စမ်းသပ်မှုများမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ ဖိသ်နဟ် စမ်းသပ်မှုမှလည်းကောင်း ခိုလှုံခွင့်တောင်းခံပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း