Skip to content

ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။

အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။

ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။

كان النبي صلى الله عليه وسلم يقول بين السجدتين: «اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي».

အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
ဤဟဒီးဆ်ကို ထောက်ခံထားသော အခြားဟဒီးဆ်များကြောင့် ဤဟဒီးဆ်သည် ဟစန်ဖြစ်သွားသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်၌ စဂ်ျဒဟ်နှစ်ခုကြားတွင် ဤတောင်းဆုတော်ငါးခုကို အမြဲတမ်းတောင်းခံလေ့ရှိသည်။ ထိုတောင်းဆုတော်များသည် မွတ်စ်လင်မ်များအတွက် အလွန်လိုအပ်သော တောင်းဆုများဖြစ်သည်။ ထိုတောင်းဆုတော်များတွင် လောကီ၊ လောကုတ္တရာ နှစ်ဌာန၏ ကောင်းခြင်းများဖြစ်သည့် ခွင့်လွှတ်မှုချီးမြှင့်ပေးတော်မူရန်၊ အပြစ်အကုသိုလ်များကို ဖုံးကွယ်ပေးကာ လွတ် ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူရန်၊ ကရုဏာတော်များ အပြည့်အဝချီးမြှင့်ပေးသနားရန်၊ သံသယဖြစ်ဖွယ်ကိစ္စရပ်များ၊ ပျက်စီးဒုက္ခရောက်စေသည့် အလိုရမ္မက်များ၊ ရောဂါများမှကင်းစင်ကာ အေးချမ်းသာယာမှုကို ချီးမြှင့်တော်မူရန်တို့ပါရှိသည်။ ထို့အတူ ဟိဒါယသ် လမ်းမှန်တရား ချီးမြှင့်တော်မူပြီး ယင်းအပေါ် စွဲမြဲစွာရပ်တည်နိုင်ရန်နှင့် အီမာန်ယုံကြည်မှု၊ အသိပညာ၊ ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများ၊ သန့်ပြန့်သည့် ဟလာလ်ပစ္စည်းများကို ချီးမြှင့်ပေးသနားရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံခြင်းများ ပါရှိသည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

စဂ်ျဒဟ် နှစ်ခုကြား၌ ထိုင်သည့်အခါ ဤဒုအာကို တောင်းခံရန် တရားတော်က ပြဌာန်းထားသည်။

လောကီ၊ လောကုတ္တရာ နှစ်ဌာန၏ ကောင်းခြင်းများပါရှိသော ဤတောင်းဆုတော်၏ မွန်မြတ်မှုကို ဖော်ပြထားသည်။

ပြန်လည်စစ်ဆေးသူ

စုနန်အဗူဒါဝူဒ်ကျမ်း (2/ 138) (850).

စုနန်သိရ်မိဇီကျမ်း (1/ 317) (284).

စုနန်အိဗ်နုမာဂျဟ်ကျမ်း (2/ 64) (898).

မွတ်စ်နဒ် အဟ်မဒ်ကျမ်း (5/ 72) (2895).

ထပ်၍ (6)

مشكاة المصابيح.

للتبريزي (1/ 283).

سبل السلام شرح بلوغ المرام.

لمحمد الصنعاني (1/ 274).

توضيح الأحكام مِن بلوغ المرام.

لعبد الله البسام (2/ 240).