Skip to content

သက္ကဝါတရားရှိပြီး လူတို့ထံမှ လိုလားတောင့်တမှုကင်းကာ ထင်ပေါ်ခြင်းမရှိသည့် ကျေးကျွန်အား အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန်ပင် ချစ်မြတ်နိုးတော်မူ၏။

စအဒ်ဗင်န်အဗီဝကာဆ်ွ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။

သက္ကဝါတရားရှိပြီး လူတို့ထံမှ လိုလားတောင့်တမှုကင်းကာ ထင်ပေါ်ခြင်းမရှိသည့် ကျေးကျွန်အား အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန်ပင် ချစ်မြတ်နိုးတော်မူ၏။

«إِنَّ اللهَ يُحِبُّ الْعَبْدَ التَّقِيَّ الْغَنِيَّ الْخَفِيَّ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

အချို့ကျေးကျွန်များကို အလ္လာဟ်အရှင်မြတ်က ချစ်မြတ်နိုးတော်မူကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ (၁) သက္ကဝါတရားရှိသူ - အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကာ တားမြစ်ချက်များကို ရှောင်ကြဉ်သူ၊ (၂) လိုလားတောင့်တမှုကင်းသူ - လူတို့ထံမှ လိုအပ်ချက်ကင်းကာ အလ္လာဟ်အရှင်မြတ်ဖြင့်သာ လုံလောက်ပြီး အရှင်မြတ်မှလွဲ၍ မည်သူ့အပေါ်မျှ အာရုံမထားသူ၊ (၃) ထင်ပေါ်ခြင်းမရှိသူ - ရိုကျိုးနှိမ့်ချသူ၊ မိမိအရှင်မြတ်ကို ခဝပ်ကိုးကွယ်သူ၊ မိမိအတွက် အကျိုးရှိသည့်အရာဖြင့်သာ အချိန်ကုန်ဆုံးသူ၊ အခြားသူများက မိမိအားသိရှိကြရန်နှင့် မိမိအကြောင်း ချီးမွမ်းပြောဆိုကြရန် အလေးမထားသူတို့ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

....:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အလ္လာဟ်အရှင်မြတ် ချစ်မြတ်နိုးရန်အတွက် ကျေးကျွန်တို့တွင်ရှိရမည့် အရည်အချင်းများကို တင်ပြထားသည်။ ၎င်းတို့မှာ သက္ကဝါတရားရှိခြင်း၊ ရိုကျိုးမှုရှိခြင်း၊ အလ္လာဟ်အရှင်မြတ် ချီးမြှင့်သမျှဖြင့် ကျေနပ်ခြင်းတို့ဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2277) (2965).

ထပ်၍ (9)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 651).

كنوز رياض الصالحين.

لمجموعة من الباحثين.

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 509).

شرح رياض الصالحين.

لابن عثيمين (3/ 509).

شرح النووي على مسلم (18/ 100).