အို - လူအပေါင်းတို့ ကျွန်ုပ်ဤသို့ပြုလုပ်ရသည်မှာ အသင်တို့သည် ကျွန်ုပ်ဝတ်ပြုသည့်အတိုင်း လိုက်နာဝတ်ပြုကြရန်နှင့် ကျွန်ုပ်၏ဆွလာသ်ဝတ်ပြုပုံကို အသင်တို့သင်ယူနိုင်ကြစေရန်အတွက်ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။
အဗူဟာဇင်မ်ဗင်န်ဒီနာရ်က ဆင့်ပြန်ခဲ့သည်။
လူအချို့သည် စဟလ်ဗင်န် စအဒ် အတ်စ်စာအိဒီ(ရဿွိယလ္လာဟုအန်ဟု)ထံ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မင်န်ဗရ်ပလ္လင်အား မည်သည့်သစ်သားဖြင့် ပြုလုပ်ထားသည်နှင့်ပတ်သက်၍ အမြင်ကွဲပြားနေခဲ့ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ စဟလ်(ရဿွိယလ္လာဟုအန်ဟု)အား မေးမြန်းခဲ့ကြသည်။ ထိုအခါ စဟလ် (ရဿွိယလ္လာဟုအန်ဟု)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ပြောပါမည်။ ကျွန်ုပ်သည် ယင်းမင်န်ဗရ်ပလ္လင်အား မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို အမှန်ပင်သိရှိပါသည်။ ကျွန်ုပ်သည် ယင်းမင်န်ဗရ်ပလ္လင်အား ပထမဆုံးစတင်ထားရှိသည့်နေ့တွင်လည်းကောင်း၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ယင်းမင်န်ဗရ်ပလ္လင်ပေါ်၌ ပထမဆုံးထိုင်တော်မူခဲ့သည့်နေ့တွင်လည်းကောင်း မြင်တွေ့ခဲ့ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီအမျိုးသမီးတစ်ဦးထံ(ဆင့်ပြန်သူ စဟလ်က ထိုအမျိုးသမီး၏အမည်ကို ဖေါ်ပြခဲ့သည်။)စေ လွှတ်တော်မူပြီး အသင်မသည်မိမိ၏အစေခံလက်သမားကို ကျွန်ုပ်အတွက်သစ်သားများဖြင့် (ပလ္လင်တစ်ခု)ပြုလုပ်ပေးရန် ခိုင်းစေပါ။ ငါကိုယ်တော်သည် လူတို့အားတရားဟောကြားသည့်အခါ ၎င်းပေါ်တွင် ထိုင်တော်မူမည်ဟုပြောကြားစေခဲ့သည်။ ထိုအမျိုးသမီးသည် ကိုယ်တော်မှာကြားတော်မူသည့်အတိုင်း မိမိ၏အစေခံကျွန်အား ခိုင်းစေခဲ့ရာ ထိုကျွန်သည် တောအရပ်မှ ဆစ်နီသားဖြင့် ထိုပလ္လင်ကိုပြုလုပ်ခဲ့သည်။ ထို့နောက်ယင်းပလ္လင်ကို ၎င်းအမျိုးသ မီးထံယူဆောင်လာခဲ့သည်။ ထိုအခါ ထိုအန်ဆွာရီ အမျိုးသမီးသည် ယင်းပလ္လင်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ကိုယ်တော် ညွှန်ကြားသည့်နေရာတွင် ပလ္လင်ကိုထားလိုက်ကြသည်။ ထို့နောက် ကျွန်ုပ်သည် ကိုယ်တော့်အား ယင်းပလ္လင်ပေါ်၌ဆွလာသ်ဝတ်ပြုတော်မူခဲ့သည်ကိုမြင်တွေ့ခဲ့သည်။ ကိုယ်တော်သည်ပလ္လင်ပေါ်တွင် သက္ကဗီးရ် ဆိုတော်မူသည် ထို့နောက်ထိုပလ္လင်ပေါ်၌ပင် ရုကူအ် ဦးညွှတ်တော်မူသည်။ ထို့နောက် ကိုယ်တော်သည် ကိုယ်ကိုမလှည့်ဘဲ နောက်ပြန်ဆုတ်၍ (ပလ္လင်ပေါ်မှ)ဆင်းတော်မူပြီး ပလ္လင်ခြေရင်းတွင် စဂ်ျဒဟ် ဦးချတော်မူသည်။ ထို့နောက် ကိုယ်တော်သည် ပလ္လင်ပေါ်သို့ပြန်တက်၍ ဒုတိယအကြိမ် ထိုအ တိုင်းဝတ်ပြုတော်မူသည်။ ဝတ်ပြုပြီးသောအခါ ကိုယ်တော်သည် လူများရှိရာဘက်သို့လှည့်တော်မူပြီး « အို - လူအပေါင်းတို့ ကျွန်ုပ်ဤသို့ပြုလုပ်ရသည်မှာ အသင်တို့သည် ကျွန်ုပ်ဝတ်ပြုသည့်အတိုင်း လိုက်နာဝတ်ပြုကြရန်နှင့် ကျွန်ုပ်၏ဆွလာသ်ဝတ်ပြုပုံကို အသင်တို့သင်ယူနိုင်ကြစေရန်အတွက်ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။
أَنَّ رِجَالًا أَتَوْا سَهْلَ بْنَ سَعْدٍ السَّاعِدِيَّ، وَقَدِ امْتَرَوْا فِي الْمِنْبَرِ مِمَّ عُودُهُ، فَسَأَلُوهُ عَنْ ذَلِكَ، فَقَالَ: وَاللهِ إِنِّي لَأَعْرِفُ مِمَّا هُوَ، وَلَقَدْ رَأَيْتُهُ أَوَّلَ يَوْمٍ وُضِعَ، وَأَوَّلَ يَوْمٍ جَلَسَ عَلَيْهِ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، أَرْسَلَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِلَى فُلَانَةَ -امْرَأَةٍ من الأنصار قَدْ سَمَّاهَا سَهْلٌ-: «مُرِي غُلَامَكِ النَّجَّارَ أَنْ يَعْمَلَ لِي أَعْوَادًا أَجْلِسُ عَلَيْهِنَّ إِذَا كَلَّمْتُ النَّاسَ»، فَأَمَرَتْهُ فَعَمِلَهَا مِنْ طَرْفَاءِ الْغَابَةِ، ثُمَّ جَاءَ بِهَا، فَأَرْسَلَتْ إِلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَأَمَرَ بِهَا فَوُضِعَتْ هَاهُنَا، ثُمَّ رَأَيْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ صَلَّى عَلَيْهَا وَكَبَّرَ وَهُوَ عَلَيْهَا، ثُمَّ رَكَعَ وَهُوَ عَلَيْهَا، ثُمَّ نَزَلَ الْقَهْقَرَى، فَسَجَدَ فِي أَصْلِ الْمِنْبَرِ ثُمَّ عَادَ، فَلَمَّا فَرَغَ أَقْبَلَ عَلَى النَّاسِ فَقَالَ: «أَيُّهَا النَّاسُ، إِنَّمَا صَنَعْتُ هَذَا لِتَأْتَمُّوا وَلِتَعَلَّمُوا صَلَاتِي».
လူအချို့သည် ဆွဟာဗဟ်တစ်ပါးထံလာရောက်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မင်န်ဗရ်ပလ္လင်သည် အဘယ်အရာဖြင့် ပြုလုပ်ထားကြောင်း မေးမြန်းကြသည်။ ၎င်းတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ အမြင်ကွဲပြားနေခဲ့ကြသည်။ ထိုအခါ ထိုဆွဟာဗဟ်က ပြောပြသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လက်သမား အစေခံတစ်ဦးကိုပိုင်ဆိုင်သော အန်ဆွာရီအမျိုးသမီးတစ်ဦးထံ စေလွှတ်တော်မူပြီး အသင်မသည် မိမိ၏အစေခံလက်သမားကို ကျွန်ုပ်အတွက်သစ်သားများဖြင့် (ပလ္လင်တစ်ခု)ပြုလုပ်ပေးရန် ခိုင်းစေပါ။ ငါကိုယ်တော်သည် လူတို့အားတရားဟောကြားသည့်အခါ ၎င်းပေါ်တွင် ထိုင်တော်မူမည်ဟုပြောကြားစေခဲ့သည်။ ထိုအမျိုးသမီးသည် ကိုယ်တော်မှာကြားသည့်အတိုင်း မိမိ၏အစေခံကျွန်အား ခိုင်းစေခဲ့ရာ ထိုကျွန်သည် ဆစ်နီသားဖြင့် ထိုပလ္လင်ကိုပြုလုပ်ခဲ့သည်။ ယင်းပလ္လင်အားပြုလုပ်ပြီးနောက် ထိုအန်ဆွာရီ အမျိုးသမီးသည် ပလ္လင်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက်ဗလီ၌ကိုယ်တော် ညွှန်ကြားသည့်နေရာတွင် ပလ္လင်ကိုထားလိုက်ကြသည်။ ၎င်းနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ပလ္လင်ပေါ်တွင် သက္ကဗီးရ်ဆို၍ ဆွလာသ်ဝတ်ပြုတော်မူခဲ့သည်။ ထို့နောက် ထိုပလ္လင်ပေါ်၌ပင် ရုကူအ် ဦးညွှတ်တော်မူသည်။ ထို့နောက် ကိုယ်တော်သည် မျက်နှာကို နောက်သို့မလှည့်ဘဲ နောက်ပြန်ဆုတ်၍(ပလ္လင်ပေါ်မှ)ဆင်းတော်မူပြီး ပလ္လင်ခြေရင်းတွင် စဂ်ျဒဟ် ဦးချတော်မူသည်။ ထို့နောက် ကိုယ်တော်သည် ပလ္လင်ပေါ်သို့ပြန်တက်၍ ဒုတိယအကြိမ် ထိုအတိုင်းဝတ်ပြုတော်မူသည်။ ဝတ်ပြုပြီးသောအခါ ကိုယ်တော်သည် လူများရှိရာဘက်သို့လှည့်၍ «အို - လူအပေါင်းတို့ ကျွန်ုပ်ဤသို့ပြုလုပ်ရသည်မှာ အသင်တို့သည် ကျွန်ုပ်ဝတ်ပြုသည့်အတိုင်း လိုက်နာဝတ်ပြုကြရန်နှင့် ကျွန်ုပ်၏ဆွလာသ်ဝတ်ပြုပုံကို အသင်တို့သင်ယူနိုင်ကြစေရန်အတွက်ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။
...:
မင်န်ဗရ် ပြုလုပ်ခြင်း၊ တရားဟောဆရာသည် မင်န်ဗရ်ပေါ်သို့ တက်၍တရားဟောခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် တရားပို့ချခြင်းနှင့် ကြားနာခြင်းတို့တွင် ပို၍အကျိုးရှိစေသည်။
သင်ကြားပေးရန်အတွက် မင်န်ဗရ်ပေါ်တွင် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်။ လိုအပ်ပါက အိမာမ်သည် နောက်လိုက်များထက် မြင့်သည့်နေရာတွင် ဆွလာသ်ဝတ်ပြုခြင်းပိုင်သည်။
မွတ်စ်လင်မ်တို့၏ လိုအပ်ချက်များအတွက် စက်မှုလုပ်ငန်းတတ်ကျွမ်းသူများထံမှ အကူအညီ ရယူခွင့်ရှိသည်။
လိုအပ်ချက်ရှိလျှင် ဆွလာသ်အတွင်း အနည်းအကျဥ်း လှုပ်ရှားခွင့်ရှိသည်။
ဆွလာသ်သင်ယူရန်အတွက် နောက်လိုက်သည် ဆွလာသ်ဆောက်တည်နေစဉ် အိမာမ်ရှေ့ဆောင်အားကြည့်ခြင်း ပိုင်သည်။ ယင်းသည် ခယရိုကျိုးမှုနှင့်မဆန့်ကျင်ပါ။
ဆွဟီးဟ် ဗုခါရီကျမ်း (2/ 9) (917).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 386) (544).
ထပ်၍ (3)
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (12/ 330) (12/ 317) (12/ 318) (12/ 324) (12/ 326).
المفهم لما أشكل من تلخيص كتاب مسلم (2/ 153) (2/ 154).
النهاية في غريب الحديث والأثر (ص 780).
Cited in books
4 Booksထပ်၍ (4)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"رأيت رسول الله - صلى الله عليه وسلم - مقعياً يأكل تمراً" .
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمالصلاة التي علمها النبي ﷺ الصحابة رضي الله عنهمأَرْسَلَ رَسُولُ اللَّهِ ﷺ إِلَى فُلاَنَةَ - امْرَأَةٍ مِنَ الأَنْصَارِ قَدْ سَمَّاهَا سَهْلٌ - «مُرِي غُلاَمَكِ النَّجَّارَ، أَنْ يَعْمَلَ لِي أَعْوَادًا، أَجْلِسُ عَلَيْهِنَّ إِذَا كَلَّمْتُ النَّاسَ» فَأَمَرَتْهُ فَعَمِلَهَا مِنْ طَرْفَا
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمأَرْسَلَ رَسُولُ اللَّهِ ﷺ إِلَى فُلَانَةَ - امْرَأَةٍ مِنَ الأَنْصَارِ قَدْ سَمَّاهَا سَهْلٌ - «مُرِي غُلَامَكِ النَّجَّارَ، أَنْ يَعْمَلَ لِي أَعْوَادًا، أَجْلِسُ عَلَيْهِنَّ إِذَا كَلَّمْتُ النَّاسَ» فَأَمَرَتْهُ فَعَمِلَهَا مِنْ طَرْفَا
- خطب تعظيم قدر الصلاة"إِنَّمَا صَنَعْتُ هَذَا لِتَأْتَمُّوا وَلِتَعَلَّمُوا صَلاَتِي"