Skip to content

အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှ) ဝေးကွာအောင် မလုပ်ကြနှင့်။

အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှ) ဝေးကွာအောင် မလုပ်ကြနှင့်။

«يَسِّرُوا وَلَا تُعَسِّرُوا، وَبَشِّرُوا وَلَا تُنَفِّرُوا».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

လောကီရေး သာသနာရေး ကိစ္စတိုင်းအား လူတို့အပေါ် လွယ်ကူသက်သာစေရန်နှင့် ခက်ခဲအောင်မပြုလုပ်ကြရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ သို့သော် ဤကိစ္စကို အလ္လာဟ်အရှင်မြတ် ခွင့်ပြုထားသော တရားတော်ဘောင်အတွင်းမှသာ ဆောင်ရွက်ရမည်။ လူတို့အား ကောင်းမြတ်သည့် သတင်းကောင်းများကိုပေးရန်နှင့် ကောင်းမှုများမှ ဝေးကွာအောင် မပြုလုပ်ရန် တိုက်တွန်းထားသည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

မုအ်မင်န်တို့၏ တာဝန်သည် လူတို့အား အလ္လာဟ်အရှင်မြတ်ကို ချစ်မြတ်နိုးလာစေရန်နှင့် ကောင်းမြတ်သည့် ကိစ္စများကို လိုလားမှုရှိလာစေရန် လုပ်ဆောင်ပေးရမည်ဖြစ်သည်။

အလ္လာဟ်ဘက်သို့ ဖိတ်ခေါ်သူ ဒါအီသည် လူတို့အား အစ္စလာမ်ဘက်သို့ဖိတ်ခါ်မည့် သဗ်လိဂ်နည်းလမ်းကို ဟိက်မသ်အမြော်မြင်နှင့်တကွ ရွေးချယ်ရမည်။

ဝမ်းမြောက်စရာ သတင်းကောင်းပေးခြင်းသည် ဒါအီကိုယ်တိုင်နှင့် လူတို့အား တင်ပြသော ၎င်း၏တရားစကားများတွင် ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှု၊ စိတ်အေးချမ်းမှုတို့ကို မွေးဖွားပေးမည်ဖြစ်သည်။

ခက်ခဲအောင်လုပ်ခြင်းသည် ဒါအီ၏ စကားကို မနှစ်သက်ခြင်း၊ ကျောခိုင်းခြင်းနှင့် သံသယစိတ်တို့ကို ဖြစ်ပေါ်စေသည်။

ကျေးကျွန်များပေါ်တွင်ရှိသော အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်သည် အလွန်ကျယ်ဝန်းလှသည်။ အရှင်မြတ်သည် ခွင့်လွှတ်ချမ်းသာပေးသည့် သာသနာ၊ လွယ်ကူသည့် တရားလမ်းစဉ်ကို ၎င်းတို့အဖို့ ကျေနပ်နှစ်သက်တော်မူခဲ့သည်။

ရှရီအဟ် တရားတော်၏ အမိန့်များသည် လွယ်ကူသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (1/ 25) (69).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1358) (1732).

ထပ်၍ (6)

شرح صحيح البخاري.

لابن بطال (1/ 153).

إرشاد الساري لشرح صحيح البخاري.

لأبو العباس القسطلاني (1/ 169).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 687).