ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကရုဏာကင်းဝေးမှု ကျရောက်ပါစေ။ ၎င်းတို့သည် မိမိတို့တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)နှင့် အဗ်ဒုလ္လာဟ်ဗင်န် အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟု)တို့က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတွင် ဝဖာသ်ကွယ်လွန်ချိန် ကျရောက်လာသည့်အခါ ကိုယ်တော်သည်မိမိ၏ခြုံစောင်ကို မိမိ၏ မျက်နှာတော်ပေါ် စတင်ဖုံးအုပ်တော်မူလေသည်။ ထို့နောက်ကိုယ်တော်မြတ်သည် ၎င်းခြုံစောင်ကြောင့် မွန်းကျပ်လာသည့်အခါ မိမိ၏ မျက်နှာတော်မှ ၎င်းခြုံစောင်ကို ဖယ်ရှားလိုက်၏။ ထိုအခြေနေမျိုး၌ မိန့်ကြားတော်မူသည်။ ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကရုဏာကင်းဝေးမှု ကျရောက်ပါစေ။ ၎င်းတို့သည် မိမိတို့တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။ ကိုယ်တော်မြတ်သည် မိမိ၏နောက်လိုက်သားတို့အား ၎င်း(ယဟူဒ်၊နဆွာရာ)တို့ လုပ်ကြသကဲ့သို့ မလုပ်ကြစေရန် သတိပေးခြိမ်းခြောက်တော်မူသည်။
لَمَّا نَزَلَ بِرَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ طَفِقَ يَطْرَحُ خَمِيصَةً لَهُ عَلَى وَجْهِهِ، فَإِذَا اغْتَمَّ بِهَا كَشَفَهَا عَنْ وَجْهِهِ، فَقَالَ وَهُوَ كَذَلِكَ: «لَعْنَةُ اللَّهِ عَلَى اليَهُودِ وَالنَّصَارَى، اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ» يُحَذِّرُ مَا صَنَعُوا.
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)နှင့် အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟု)တို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ သေခြင်းတရား ဆိုက်ရောက်လာသည့်အခါ ကိုယ်တော်သည် ခြုံစောင်ကို မိမိ၏ မျက်နှာတော်ပေါ် စတင်ဖုံးအုပ်တော်မူလေသည်။ ထို့နောက်ကိုယ်တော်မြတ်သည် ကွယ်လွန်ခါနီး ဝေဒနာကြောင့် အသက်ရှုရခက်လာသည့်အခါ မိမိ၏ မျက်နှာတော်မှ ၎င်းခြုံစောင်ကို ဖယ်ရှားလိုက်သည်။ ထိုသို့ ပြင်းထန်သည့်အခြေနေမျိုး၌ မိန့်ကြားတော်မူသည်မှာ ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကျရောက်ပါစေ။ အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးပါစေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ၊ ဝတ်ပြုကိုးကွယ်ရာ အဆောက်အဦးများ ဆောက်လုပ်ခဲ့ကြသည်။ ဤကိစ္စသည် အလွန်ဆိုးရွားသည့် ကိစ္စမဟုတ်လျှင် ကိုယ်တော်သည် ထိုအခြေအနေမျိုး၌ ဤအကြောင်း ပြောဆိုမည်မဟုတ်ပေ။ သို့ဖြစ်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိအွမ္မသ်နောက်လိုက်တို့အား ထိုကဲ့သို့ မပြုလုပ်ကြရန် တားမြစ်တော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤလုပ်ရပ်သည် ယဟူဒီ၊ နဆ်ွရာနီတို့၏ လုပ်ရပ်ဖြစ်ပြီး ထိုလုပ်ရပ်သည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်စေသည့် အကြောင်းခံပင်ဖြစ်သည်။
.....:
နဗီတမန်တော်များ၊ သူတော်စင်များ၏ ကဗရ်များကို စဂ်ျဒဟ်ဦးချရာနေရာအဖြစ် သတ်မှတ်ကာ ဆွလာသ်ဝတ်ပြုခြင်းကို တားမြစ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ရှိရ်က်သို့ကျရောက်စေသည့် အကြောင်းခံဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သောင်ဟီးဒ်တရားနှင့်ပတ်သက်၍ အလွန်အလေးအနက်ထား ဂရုစိုက်တော်မူသည်။ ထို့အတူ ကဗရ်များအား ဂုဏ်ပြုခြင်းများ ပြုလုပ်လာကြမည်ကိုလည်း အလွန်စိုးရိမ်တော်မူသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ရှိရ်က်သို့ ကျရောက်စေသည့်အတွက်ဖြစ်သည်။
ယဟူဒီ၊ နဆ်ွရာနီနှင့် ၎င်းတို့လုပ်ရပ်ကဲ့သို့ ကဗရ်များပေါ်တွင် အဆောက်အဦးဆောက်၍ ဦးချရာနေရာများ အဖြစ်သတ်မှတ်သူတို့အား လအ်နသ်ပို့ခြင်းပိုင်သည်။
ကဗရ်သင်္ချိုင်းများပေါ်တွင် အဆောက်အဦးဆောက်လုပ်ခြင်းသည် ယဟူဒီ၊ နဆ်ွရာနီတို့၏ လမ်းစဉ်များအနက်မှဖြစ်ပြီး ဟဒီးဆ်တော်တွင် ၎င်းတို့နှင့် ဆင်တူအောင်ပြုခြင်းကို တားမြစ်ထားသည်။
ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ထားခြင်း မရှိလျှင်လည်း ကဗရ်သင်္ချိုင်းများတွင် ဆွလာသ်ဝတ်ပြုခြင်း၊ ကဗရ်ဘက်သို့လှည့်၍ ဆွလာသ်ဝတ်ပြုခြင်းတို့သည် ကဗရ်သင်္ချိုင်းများကို ဦးချစရာနေရာများအဖြစ် သတ်မှတ်ခြင်း၌ အကျုံးဝင်သည်။
ဆွဟီးဟ် ဗုခါရီကျမ်း (1/ 95) (435).
(2/ 102) (1390).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 377) (531).
(1/ 376) (529).
ထပ်၍ (4)
الملخص في شرح كتاب التوحيد.
للشيخ صالح الفوزان (ص170).
الجديد في شرح كتاب التوحيد.
لمحمد بن عبد العزيز السليمان القرعاوي (ص185).
Cited in books
5 Booksထပ်၍ (5)
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمالصلاة التي علمها النبي ﷺ الصحابة رضي الله عنهملَمَّا نُزِلَ بِرَسُولِ اللهِ ﷺ، طَفِقَ يَطْرَحُ خَمِيصَةً لَهُ عَلَى وَجْهِهِ، فَإِذَا اغْتَمَّ كَشَفَهَا عَنْ وَجْهِهِ، فَقَالَ: وَهُوَ كَذَلِكَ «لَعْنَةُ اللهِ عَلَى الْيَهُودِ وَالنَّصَارَى، اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ»
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهملَمَّا نُزِلَ بِرَسُولِ اللهِ ﷺ، طَفِقَ يَطْرَحُ خَمِيصَةً لَهُ عَلَى وَجْهِهِ، فَإِذَا اغْتَمَّ كَشَفَهَا عَنْ وَجْهِهِ، فَقَالَ: وَهُوَ كَذَلِكَ «لَعْنَةُ اللهِ عَلَى الْيَهُودِ وَالنَّصَارَى، اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ»
- المختصر المفيد للمؤذن والإمام والخطيب وأحكام المساجد«لَعْنَةُ اللَّهِ عَلَى اليَهُودِ وَالنَّصَارَى، اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ»
- مجموعة زاد السیرة النبوية (4)السيرة النبوية 4«لَعْنَةُ ﷲ على اليَهُودِ والنَّصارَى، اتَّخَذُوا قُبُورَ أَنْبيائِهِمْ مَساجِدَ» يُحَذِّرُ ما صَنَعُوا.
- مجموعة زاد العقيده (4)العقيدة 4«لَعْنَةُ الله على اليَهُودِ والنَّصارَى، اتَّخَذُوا قُبُورَ أَنْبِيائِهِمْ مَساجِدَ» يُحَذِّرُ ما صَنَعُوا.