Skip to content

အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။

«الرَّاحِمُونَ يَرْحَمُهمُ الرَّحمنُ، ارحَمُوا أهلَ الأرضِ يَرْحْمْكُم مَن في السّماء».

အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ သူတစ်ပါးအပေါ် သနားကြင်နာသူများကို “ရဟ်မာန်”မဟာကရုဏာတော်ရှင်က အရာခပ်သိမ်းထက်ပို၍ ကြီးကျယ်လှသော မိမိ၏မဟာကရုဏာတော်ဖြင့် သနားကြင်နာတော်မူမည်ဖြစ်သည်။ ဤသည် ၎င်းတို့၏လုပ်ရပ်နှင့်အညီ အစားပေးခြင်းပင်ဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကမ္ဘာမြေပထဝီ၌ရှိသော လူသားများ၊ တိရစ္ဆာန်များ၊ ငှက်များနှင့် အခြားအဖန်ဆင်းခံများကို သနားကြင်နာရန် မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ သနားကြင်နာမှု၏အစားမှာ မိုးကောင်းကင်ထက်တွင်ရှိသော အလ္လာဟ်အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အစ္စလာမ် သာသနာသည် ကရုဏာတရားပြည့်ဝသော သာသနာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံခြင်း၊ အဖန်ဆင်းခံများကို ကောင်းကျိုးပြုခြင်းပေါ်တွင် လုံးလုံးလျားလျား အခြေခံထားသည်။

အလ္လာဟ်အရှင်မြတ်သည် ကရုဏာတော်ရှင် ဖြစ်တော်မူသည်။ ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အရှင်မြတ်သည် မိမိ၏ ဗန္ဒာကျေးကျွန်များကို မပြတ်မစဲ သနားညှာတာတော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင်ဖြစ်တော်မူသည်။

လုပ်ရပ် အမျိုးအစားနှင့်အညီ အစားရလဒ် ရရှိမည်ဖြစ်သည်။ သို့ဖြစ်၍ သနားကြင်နာမှုရှိသူများကို အလ္လာဟ်အရှင်မြတ်က သနားကြင်နာတော်မူမည်ဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

စုနန်အဗူဒါဝူဒ်ကျမ်း (7/ 297) (4941).

စုနန်သိရ်မိဇီကျမ်း (3/ 483) (1924).

ထပ်၍ (7)

مسند أحمد ط الرسالة (11/ 33) (6494).

تحفة الأحوذي بشرح جامع الترمذي.

لمحمد المباركفورى (6/ 43).

سلسلة الأحاديث الصحيحة وشيء من فقهها وفوائدها.

للألباني (2/ 594).

معارج القبول بشرح سلم الوصول إلى علم الأصول.

حافظ الحكمي (1/ 156).