Skip to content

အစားအသောက် အသင့်ရောက်ရှိနေသောအခါ ဆွလာသ်မဆောက်တည်ရ၊ ကျင်ကြီး၊ ကျင်ငယ်ကို ချုပ်တည်း၍ ဆွလာသ်မဆောက်တည်ရ။

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။

အစားအသောက် အသင့်ရောက်ရှိနေသောအခါ ဆွလာသ်မဆောက်တည်ရ၊ ကျင်ကြီး၊ ကျင်ငယ်ကို ချုပ်တည်း၍ ဆွလာသ်မဆောက်တည်ရ။

«لَا صَلَاةَ بِحَضْرَةِ الطَّعَامِ، وَلَا هُوَ يُدَافِعُهُ الْأَخْبَثَانِ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစားအသောက်များ အသင့်ရောက်ရှိနေပြီး ဆွလာသ်ဝတ်ပြု‌သူ၏ စိတ်သည် ထိုအစားအသောက်အပေါ် အာရုံရောက်နေသည့် အခြေအနေမျိုးတွင် ဆွလာသ်ဆောက်တည်ခြင်းကို တားမြစ်တော်မူသည်။ ထို့အတူ ဆီးနှင့်ဝမ်းကိုချုပ်တည်း၍ ဆွလာသ်ဝတ်ပြုခြင်းကိုလည်း တားမြစ်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော ထိုသို့ချုပ်တည်းနေခြင်းကြောင့် အာရုံပျံ့လွင့်မှုဖြစ်စေသည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ဆွလာသ်ဝတ်ပြုသူသည် ဆွလာသ်မတိုင်မီ မိမိဆွလာသ်အား အနှောက်အယှက်ဖြစ်စေမည့် အရာအားလုံးကို ကင်းဝေးအောင်ပြုထားသင့်သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 393) (560).

ထပ်၍ (5)

شرح النووي على مسلم (5/ 46).

تيسير العلام شرح عمدة الأحكام.

للبسام (ص96).

تنبيه الأفهام شرح عمدة الأحكام.

لابن عثيمين (1/ 123).