အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။
အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။ မိမိတို့နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသော အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်သည် အလွန်အမျက်ထွက်တော်မူသည်။
«اللهم لا تجعل قبري وثنًا، لعن الله قومًا اتخذوا قبور أنبيائهم مساجد».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အရှင်မြတ်ထံတော်၌ မိမိ၏ကဗရ်အား လူတို့ကြည်ညို ကိုးကွယ်ကြသည့် ကိုးကွယ်ရာအဖြစ် မပြုလုပ်ရန်နှင့် ကဗရ်ရှေ့တွင် စဂ်ျဒဟ်ဦးချခြင်းတို့ မပြုစေရန် ဒုအာတောင်းတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသူများကို အလ္လာဟ်အရှင်မြတ်က မိမိ၏ကရုဏာတော်မှ ကင်းဝေးစေမည်ဖြစ်ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခြင်းသည် ၎င်းတို့အား ကိုးကွယ်ယုံကြည်မှုကို ဖြစ်စေသည့် အကြောင်းအရင်းတစ်ခုပင်ဖြစ်သည်။
وثنًا: والوثن كل ما عبد من دون الله كالقبور والأشجار والحيطان والأحجار ونحوِها.
နဗီတမန်တော်များ၊ ဝလီသူတော်စင်များ၏ ကဗရ်သင်္ချိုင်းများတွင် ရှရီအသ်တရားတော်က ခွင့်ပြုထားသည်ထက် ဘောင်ကျော်ခြင်းသည် ထိုကဗရ်သင်္ချိုင်းများကို အလ္လာအရှင်မြတ်အပြင် ခဝပ်ကိုးကွယ်ရာများအဖြစ် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုကို ဖြစ်စေသည့် အကြောင်းခံများကို ရှောင်ကြဉ်ရန် အရေးကြီးသည်။
ကဗရ်ထဲတွင် မြှုပ်နှံထားသူသည် မည်မျှပင် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်သည့်ပုဂ္ဂိုလ်ဖြစ်စေ ထိုကဗရ်သင်္ချိုင်းများအား ဂုဏ်ပေးကြည်ညိုရန်၊ ထိုကဗရ်များ၌ အိဗာဒသ် ခဝပ်ကိုးကွယ်မှုပြုရန် ရည်ရွယ်ချက်ဖြင့် သွားရောက်ခြင်း မပိုင်ပေ။
ကဗရ်များပေါ်တွင် စဂ်ျဒဟ်ဦးချရာနေရာများ(ဗလီများ) တည်ဆောက်ခြင်းဟရာမ်ဖြစ်သည်။
ဗလီမဆောက်ထားလျှင်လည်း ကဗရ်သင်္ချိုင်းများတွင် ဆွလာသ်ဆောက်တည်ခြင်းသည် ဟရာမ်ဖြစ်သည်။ သို့သော် ဂျနာဇဟ် ဆွလာသ်ဝတ်မပြုဘဲမြှုပ်နှံခံရသူအား ကဗရ်တွင်သွားရောက်ကာ ဂျနာဇဟ် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်။
မွတ်စ်နဒ် အဟ်မဒ်ကျမ်း (12/ 314) (7358).
ထပ်၍ (12)
فتح المجيد شرح كتاب التوحيد.
لعبد الرحمن التميمي (1/ 434).
القول المفيد على كتاب التوحيد.
لمحمد بن عثيمين (1/ 434).
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص178).
الجديد في شرح كتاب التوحيد.
لمحمد القرعاوي (ص194).
التمهيد لشرح كتاب التوحيد.
لصالح آل الشيخ (ص51).
مشكاة المصابيح.
للتبريزي (1/ 234).
Cited in books
2 Booksထပ်၍ (2)
- الأسئلة المختارة من قاموس الأسئلة الشائعة حول الإسلامقسم النبوة«اللَّهُمَّ لَا تَجْعَلْ قَبْرِي وَثَنًا، لَعَنَ اللَّهُ قَوْمًا اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ»
- موسوعة الأسئلة (المجموعة الأولى)«اللَّهُمَّ لَا تَجْعَلْ قَبْرِي وَثَنًا، لَعَنَ اللَّهُ قَوْمًا اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ»