Skip to content

လူတစ်ဦးသည် အကျိုးကုသိုလ်ကို မျှော်ကိုး၍ မိမိ၏ အိမ်သူအိမ်သားများအပေါ် သုံးစွဲမှုတစ်ခုခုပြုခဲ့လျှင် ထိုသုံးစွဲမှုသည် ၎င်းသူအတွက် ဆွဒကဟ်အလှူဒါနပင်ဖြစ်သည်။

အဗူမတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

လူတစ်ဦးသည် အကျိုးကုသိုလ်ကို မျှော်ကိုး၍ မိမိ၏ အိမ်သူအိမ်သားများအပေါ် သုံးစွဲမှုတစ်ခုခုပြုခဲ့လျှင် ထိုသုံးစွဲမှုသည် ၎င်းသူအတွက် ဆွဒကဟ်အလှူဒါနပင်ဖြစ်သည်။

«إِذَا أَنْفَقَ الرَّجُلُ عَلَى أَهْلِهِ يَحْتَسِبُهَا فَهُوَ لَهُ صَدَقَةٌ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အကယ်၍ လူတစ်ဦးသည် မိမိက သုံးစွဲရန်တာဝန်ရှိသော အိမ်သူအိမ်သားများဖြစ်သည့် မိမိဇနီး၊ မိဘနှစ်ပါး၊ သားသမီးနှင့် အခြားသူများအပေါ်ပေးကမ်းသုံးစွဲခဲ့ပြီး ထိုသုံးစွဲခြင်းအပေါ် အရှင်မြတ်နှင့် နီးကပ်မှုရရှိရန်နှင့် အရှင်မြတ်ထံတော်မှ အကျိုးကုသိုလ်ရရှိရန် မျှော်လင့်ချက်ထားပါက ထိုသူသည် ဆွဒ်ကဟ်အလှူဒါနပြုသည့် အကျိုးကုသိုလ်ကို ရရှိမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

မိသားစုအပေါ် သုံးစွဲခြင်းဖြင့် အကျိုးကုသိုလ်ရရှိသည်။

မုအ်မင်န်တစ်ဦးသည် မိမိ၏အမလ်ကောင်းမှုအား အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်နှင့် အရှင်မြတ်ချီးမြှင့်မည့် အကျိုးကုသိုလ်ကိုရရှိရန်အတွက်သာ ဆောင်ရွက်ရမည်။

မိသားစု အပေါ်သုံးစွဲခြင်းအပါဝင် လုပ်ရပ်တိုင်း၌ ကောင်းမွန်သော ‘နိယသ်’ ရည်စူးချက်ထားရှိရမည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (1/ 20) (55).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (2/ 695) (1002).

ထပ်၍ (8)

كنوز رياض الصالحين.

لمجموعة من الباحثين (5/ 334).

شرح رياض الصالحين.

لابن عثيمين (3/ 157).

نزهة المتقين بشرح رياض الصالحين.

لمصطفى الخن وغيره (1/ 293).

بهجة الناظرين شرح رياض الصالحين.

سليم الهلالي (1/ 375).