Skip to content

လူတစ်ဦးသည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု မပြောမချင်း ကိယာမသ် ဆိုက်ရောက်မည် မဟုတ်ပေ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

လူတစ်ဦးသည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု မပြောမချင်း ကိယာမသ် ဆိုက်ရောက်မည် မဟုတ်ပေ။

«لاَ تَقُومُ السَّاعَةُ حَتَّى يَمُرَّ الرَّجُلُ بِقَبْرِ الرَّجُلِ فَيَقُولُ: يَا لَيْتَنِي مَكَانَهُ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ လူတစ်ယောက်သည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သန်းသွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု တောင့်တမိခြင်းမျိုး မဖြစ်သေးသမျှ ကိယာမသ် ဆိုက်ရောက်လိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ လမ်းမှားမှုနှင့် လမ်း မှားအပေါ်လျှောက်လှမ်းသူများ လွှမ်းမိုးလာခြင်း၊ ‘ဖိသ်နဟ်’ ပြဿနာများ၊ ပြစ်မှုဒုစရိုက်များ၊ မကောင်းမှုများ ပေါ်ပေါက်လာခြင်းကြောင့် မိမိ၏ သာသနာ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

နောက်ဆုံးခေတ်သမယ၌ မကောင်းမှုများ၊ ‘ဖိသ်နဟ်’ ပြဿနာများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မွတ်စ်လင်တို့ သတိရှိကြစေရန်၊ အီမာန်ယုံကြည်မှု၊ အမလ်ကောင်းမှုများနှင့်တကွ ကွယ်လွန်နိုင်ရန်အတွက် ပြင်ဆင်ရန်၊ ပြဿနာများနှင့် ဘေးဒုက္ခဖြစ်‌နိုင်သည့်‌ နေရာများမှ ဝေးစွာရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (9/ 58) (7115).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2231) (157).

ထပ်၍ (4)

إكمال المعلم (8/451).

شرح ابن بطال (10/58).

الإفصاح عن معاني الصحاح (6/295).

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (44/ 388).