ဧကန်မုချ ၎င်းတို့နှစ်ဦးသည် အပြစ်ပေးခြင်းခံရနေသည်။ ၎င်းတို့နှစ်ဦးသည် ကြီးကြီးမားမားကိစ္စအတွက် ပြစ်ဒဏ်ခံနေရခြင်းမဟုတ်ပေ၊ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ကြင်ငယ်မှ ရှောင်ကြဉ်ခြင်းမပြုသည့်အတွက်ဖြစ်သည်။ နောက်တစ်ဦးမှာ ကုန်းချောလေ့ရှိသည့်အတွက်ဖြစ်သည်။
အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကဗရ် သင်္ချိုင်းနှစ်ခုအနားမှ ဖြတ်သန်းသွားသည့်အခါ မိန့်ကြားတော်မူသည်မှာ « ဧကန်မုချ ၎င်းတို့နှစ်ဦးသည် အပြစ်ပေးခြင်းခံရနေသည်။ ၎င်းတို့နှစ်ဦးသည် ကြီးကြီးမားမားကိစ္စအတွက် ပြစ်ဒဏ်ခံနေရခြင်းမဟုတ်ပေ၊ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ကြင်ငယ်မှ ရှောင်ကြဉ်ခြင်းမပြုသည့်အတွက်ဖြစ်သည်။ နောက်တစ်ဦးမှာ ကုန်းချောလေ့ရှိသည့်အတွက်ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် စိမ်းစိုသည့် စွန်ပလွံကိုင်း တစ်ခုကိုယူ၍ ၎င်းအား နှစ်ပိုင်းချိုးကာ သင်္ချိုင်းနှစ်ခုစလုံးတွင် တစ်ပိုင်းစီ စိုက်ခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော် အဘယ့်ကြောင့် ဤသို့ပြုလုပ်တော်မူပါသနည်းဟု မေးလျှောက်ရာ ကိုယ်တော်က ထိုအကိုင်းနှစ်ကိုင်းမခြောက်သ၍ ၎င်းတို့နှစ်ဦး၏ပြစ်ဒဏ် လျော့ပေါ့ပေးခြင်းခံရနိုင်ဖွယ်ရှိသည်ဟု မိန့်ကြားတော်မူခဲ့သည်။
مَرَّ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِقَبْرَيْنِ، فَقَالَ: «إِنَّهُمَا لَيُعَذَّبَانِ، وَمَا يُعَذَّبَانِ فِي كَبِيرٍ، أَمَّا أَحَدُهُمَا فَكَانَ لاَ يَسْتَتِرُ مِنَ البَوْلِ، وَأَمَّا الآخَرُ فَكَانَ يَمْشِي بِالنَّمِيمَةِ» ثُمَّ أَخَذَ جَرِيدَةً رَطْبَةً، فَشَقَّهَا نِصْفَيْنِ، فَغَرَزَ فِي كُلِّ قَبْرٍ وَاحِدَةً، قَالُوا: يَا رَسُولَ اللَّهِ، لِمَ فَعَلْتَ هَذَا؟ قَالَ: «لَعَلَّهُ يُخَفِّفُ عَنْهُمَا مَا لَمْ يَيْبَسَا».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကဗရ် သင်္ချိုင်းနှစ်ခုအနားမှ ဖြတ်သွားသည့်အခါ မိန့်ကြားတော်မူသည်မှာ ဧကန်မုချ ဤသင်္ချိုင်းနှစ်ခုတွင်ရှိနေသူ နှစ်ဦးသည် ပြစ်ဒဏ်ပေးခြင်းခံရနေသည်။ ၎င်းတို့နှစ်ဦး အပြစ်ပေးခြင်းခံနေရသည့် ပြစ်မှုမှာ သင်တို့အမြင်တွင် မကြီးကျယ်လှသော်လည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင် ကြီး ကျယ်သည့် ပြစ်မှုဖြစ်သည်။ ၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာ အပေါ့သွားသည့်အခါ ခန္ဓာကိုယ်နှင့် အဝတ်အစားကို ဆီးစက်များမှ သန့်ရှင်းအောင် မထားသည့်အတွက်ဖြစ်သည်။ အခြားတစ်ဦးမှာ လူတို့ကြားတွင် ကုန်းချောသူဖြစ်သည်။ သူသည် အခြားသူများ၏ စကားကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ လူများကြားတွင် သဘောထားကွဲလွဲမှုများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း ဖြန့်ဝေသူဖြစ်သည်။
...:
ကုန်းချောခြင်းနှင့် ဆီးစက်များ ပေကျံခြင်းမရှိအောင် သန့်ရှင်းမှု မပြုလုပ်ခြင်းသည် ကဗီရဟ်ကြီးလေးသော အပြစ်အကုသိုလ်တွင် ပါဝင်ပြီး ကဗရ်သင်္ချိုင်းတွင် အဇာဗ်ပြစ်ဒဏ်ပေးခြင်းခံရသည့် အကြောင်းခံတစ်ခုဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နဗီဖြစ်ကြောင်း သက်သေလက္ခဏာကို ထင်ရှားစေရန်အတွက် အလ္လာဟ်အရှင်မြတ်သည် ကဗရ် အဇာဗ်ကဲ့သို့ အချို့အကွယ်ကိစ္စများကို ကိုယ်တော့်အတွက် ပေါ်လွင်စေတော်မူသည်။
သစ်ကိုင်းကို နှစ်ပိုင်းချိုးကာ သင်္ချိုင်းပေါ်တွင် စိုက်သော လုပ်ရပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်သာ သီးသန့်သက်ဆိုင်သည့်ကိစ္စဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ကဗရ်သင်္ချိုင်းထဲတွင်ရှိနေသူ နှစ်ဦး၏အခြေအနေကို ကိုယ်တော့်အတွက် ပေါ်လွင်စေခဲ့သည်။ သို့ဖြစ်၍ ကဗရ်ထဲတွင် ရှိနေသူများ၏ အခြေအနေကို မည်သူမျှမသိနိုင်သည့်အတွက် ထိုလုပ်ရပ်အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် အခြားသူအား နှိုင်းယှဉ်ချိန်ထိုးခွင့် မရှိပါ။
ဆွဟီးဟ် ဗုခါရီကျမ်း (1/ 53) (218).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 240) (292).
ထပ်၍ (6)
تيسير العلام شرح عمدة الأحكام.
لعبد الله البسام (ص43).
خلاصة الكلام شرح عمدة الأحكام.
لفيصل آل مبارك (ص22).
الإلمام بشرح عمدة الأحكام.
لإسماعيل الأنصاري (1/ 29).
Cited in books
4 Booksထပ်၍ (4)
- قاموس الكبائر موسوعة الكبائر - المجموعة الأولىمَرَّ النَّبِيُّ ﷺ بِقَبْرَيْنِ، فَقَالَ: «إِنَّهُمَا لَيُعَذَّبَانِ، وَمَا يُعَذَّبَانِ فِي كَبِيرٍ، أَمَّا أَحَدُهُمَا فَكَانَ لَا يَسْتَتِرُ مِنَ البَوْلِ، وَأَمَّا الآخَرُ فَكَانَ يَمْشِي بِالنَّمِيمَةِ»[6].
- قاموس الكبائرمَرَّ النَّبِيُّ ﷺ بِقَبْرَيْنِ، فَقَالَ: «إِنَّهُمَا لَيُعَذَّبَانِ، وَمَا يُعَذَّبَانِ فِي كَبِيرٍ، أَمَّا أَحَدُهُمَا فَكَانَ لَا يَسْتَتِرُ مِنَ البَوْلِ، وَأَمَّا الآخَرُ فَكَانَ يَمْشِي بِالنَّمِيمَةِ»[6].
- قاموس الكبائرموسوعة الكبائر - المجموعة الثانية«إِنَّهُمَا لَيُعَذَّبَانِ، وَمَا يُعَذَّبَانِ فِي كَبِيرٍ، أَمَّا أَحَدُهُمَا فَكَانَ لَا يَسْتَتِرُ مِنَ البَوْلِ، وَأَمَّا الْآخَرُ فَكَانَ يَمْشِي بِالنَّمِيمَةِ» [120].
- مشروع المنهج التعليميمادة التوحيد مستوى 2«أَمَّا أَحَدُهُمَا فَكَانَ لاَ يَسْتَتِرُ مِنَ البَوْلِ، وَأَمَّا الآخَرُ فَكَانَ يَمْشِي بِالنَّمِيمَةِ»