Skip to content

(စူရဟ် ဟဂျ်၊ အာယသ် -၆၂ )

التصنيف الشرعي
الفقهالحج والعمرةصفة الحج

نص الموضوع

က- ဟဂ်ျ၏ မဏ္ဍိုင်များ:

အိဟ်ရာမ်ဆိုသည်မှာ၊

၂။ အရဖဟ်ကွင်းပြင်၌ ရပ်နားခြင်း။

၃။ သွဝါဖ်အိဖာဿွဟ် ပြုလုပ်ခြင်း။

၃။ စအီ ပေ ခြင်း။

(ခ) ဟဂ်ျ၏ ဝါဂျစ်ဗ်တာဝန်များ။

၁။ မီကားသ်မှ အိဟ်ရာမ်ပြုလုပ်ခြင်း။

၂။ နေ့အချိန်၌ အရဖဟ်ကွင်းပြင်၌ ရပ်နားသူများအတွက် ဇုလ်ဟဂ်ျလ ၉ ရက်နေ့ နေဝင်ချိန်အထိ အရဖဟ်ကွင်းပြင်၌ ရပ်နားခြင်း။

၃။ ဇုလ်ဟဂ်ျလ ၁၀ ရက်နေ့ ညတွင် မုဇ်ဒလိဖဟ်၌ သန်းခေါင်ယံအချိန်အထိ ညအချိန်ကုန်ဆုံးခြင်း။

၄။ သရှ်ရီက်နေ့ရက်များ၏ ညများတွင် မိနာ၌ ညအချိန် ကုန်ဆုံးခြင်း။

၅။ ဂျမ်ရားသ်အား ခဲပေါက်ခြင်း။

၂။ ဦးခေါင်းရိတ်ခြင်း သို့မဟုတ် ညှပ်ခြင်း။

၇။ သွဝါဖုလ်ဝဒါအ် ပြုလုပ်ခြင်း။

ဂ။ ဟဂ်ျပြုလုပ်နည်း

မွတ်စ်လင်မ်တစ်ဦးသည် မီကားသ်သို့ ရောက်သောအခါ အကယ်၍ အချိန်ကျပ်တည်းနေလျှင်"ဟဂ်ျအိဖ်ရာဒ်"ပြုလုပ်သူအနေဖြင့် ဟဂ်ျအတွက် သလ်ဗီယဟ်ရွတ်ဆိုရမည်။ မက္ကဟ်သို့ရောက်သည့်အခါ သွဝါဖ်နှင့် စအီပြုလုပ်ရမည်။ ထို့နောက် ဇုလ်ဟိဂျ်လ(၉)ရက် အရဖဟ်နေ့တွင် အရဖားသ်သို့ သွားသည်အထိ အိဟ်ရာမ်၏ အခြေအနေ၌သာ ရှိနေရမည်။ ထိုနေရာတွင် နေဝင်သည်အထိ နေရမည်။

ထို့နောက် ထိုနေရာမှ သလ်ဗီယဟ်ရွတ်ဆိုလျက် "မုဇ်ဒလိဖဟ်"သို့ ထွက်ခွာရမည်။ "မုဇ်ဒလိဖဟ်"တွင် ဖဂျရ်ဆွလာသ်ဝတ်ပြုသည်အထိ နေရမည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၊ သလ်ဗီယဟ်ရွတ်ဆိုခြင်းနှင့် ဒုအာပြုလုပ်ခြင်းတို့ဖြင့် အလင်းရောင်ထွက်ပေါ်လာသည်အထိ ထိုနေရာ၌ ဆက်လက်နေထိုင်ရမည်။

မိုးကောင်းကင်တွင် အလင်းရောင် ထွက်ပေါ်လာလျှင် နေမထွက်မီအလျှင် မီနာသို့ ထွက်ခွာရမည်။ ထို့နောက် (ဂျမ်ရသွလ်အက်ဗဟ်) တတိယဂျမ်ရာသ်ကို ကျောက်ခဲ ၇ ခဲဖြင့် ပေါက်ရမည်။ ထို့နောက် ဦးခေါင်းရိတ်ခြင်း သို့မဟုတ် ဆံပင်ညှပ်ခြင်းကို ပြုလုပ်ရမည်။ ဦးခေါင်းရိတ်ခြင်းသည် ပို၍ မွန်မြတ်သည်။

ထို့နောက် သွဝါဖုလ်အိဖာဿွဟ် ပြုလုပ်ရမည်။ ၎င်းအတွက် ပထမအကြိမ် စအီဖြင့်ပင် လုံလောက်ပါသည်။ ဤနည်းဖြင့် ၎င်း၏ ဟဂ်ျ ပြီးမြောက်သွားပြီဖြစ်ပြီး၊ အပြည့်အဝ "သဟလ်လွလ်" ရရှိသွားပြီဖြစ်သည်။

ထို့ပြင် အကယ်၍ ၎င်းသည် အဆောတလျင် ပြန်လိုပါက၊ ၎င်းအပေါ်၌ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ဂျမ်ရာသ်များကို ခဲပေါက်ရန် တာဝန်ကျန်ရှိသေးသည်။ ၎င်းသည် ဂျမ်ရာသ်သုံးခုစလုံးကို ခဲပေါက်ရမည်ဖြစ်ပြီး၊ ဂျမ်ရာသ်တစ်ခုစီကို ကျောက်စရစ်ခဲ ခုနှစ်လုံးဖြင့် ပစ်ရမည်။ ပစ်သည့်အခါတိုင်းတွင် (اَللّٰهُ أَكْبَر) ဟု ဆိုရမည်။ "မတ်စ်ဂျိဒ်ဒွလ်ခိုက်ဖ်"ဘက်အခြမ်းရှိ အသေးဆုံးဂျမ်ရာသ်မှ စတင်ရမည်။ ထို့နောက် အလယ်ဂျမ်ရာသ်၊ ထို့နောက် နောက်ဆုံး ဂျမ်ရာသ်ဖြစ်သည့် ဂျမ်ရသွလ်အက်ဗဟ်ကို ခဲပေါက်ရမည်။ ဂျမ်ရာသ်တစ်ခုစီတိုင်းကို ကျောက်စရစ်ခဲ ခုနှစ်လုံးဖြင့် ပစ်ရမည်။

အကယ်၍ ၁၂ ရက်နေ့နောက်ပိုင်း နောက်ဆိုင်းပြီးမှ ထွက်ခွါလိုပါက ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ခဲပေါက်ခဲ့သည့်အတိုင်း ၁၃ ရက်နေ့တွင်လည်း ဂျမ်ရာသ်များကို ခဲပေါက်ရမည်။

ဂျမ်ရားသ် ခဲပေါက်ရမည့်အချိန်မှာ- ထိုသုံးရက်စလုံးတွင် နေမွန်းလွဲပြီးမှသာ ဖြစ်သည်။

အကယ်၍ ၁၂ ရက်နေ့တွင် နေမဝင်မီ ထွက်ခွာလျှင် ပြသနာမရှိပေ။ အကယ်၍ ၁၃ ရက်နေ့ မွန်းလွဲပြီးနောက် ဂျမ်ရာသ်အား ခဲပေါက်သည်အထိ နေထိုင်မည်ဆိုပါက ထိုသို့ပြုခြင်းသည် ပို၍ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ-

(... သို့ရာတွင် အကြင်သူသည် နှစ်ရက်အတွင်း၌ပင် အဆောတလျင်ပြန်ခဲ့သော် ထိုသူ့အပေါ်တွင်အပြစ်တစ်စုံတစ်ရာ မရှိပေ။ ထို့အတူ အကြင်သူသည် နောက်ကျခဲ့လျှင်လည်း ထိုသူ့အပေါ်၌ အပြစ်တစ်စုံတစ်ရာ မရှိပေ။ (ဤသည်) အပြစ်ရှောင်ကြဉ်သော သူများအတွက်ဖြစ်သည်။ ...)

[စူရဟ် ဗကရဟ်၊ အာယသ်- ၁၆၃]

အကယ်၍ ခရီးထွက်ရန် ရည်ရွယ်ပါက စအီမပါဘဲ "သွဝါဖုလ်ဝဒါအ် ခုနှစ်ပတ် ပြုလုပ်ရမည်။

အကယ်၍ မိမိနှင့်အတူ ဟဒီ(ကုရ်ဗာနီသားကောင်) မပါလာပါက အကောင်းဆုံးမှာ "ဟဂ်ျသမသ်သုအ်"ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အွမ်ရာအတွက် အိဟ်ရာမ်ပြုလုပ်ခြင်းဖြစ်သည်။ ထို့နောက် ၈ရက်နေ့တွင် ဟဂ်ျအတွက် သလ်ဗီယဟ်ရွတ်ဆိုရမည်။ ပြီးနောက် အထက်တွင် ဖော်ပြခဲ့ပြီးသော ဟဂ်ျကျင့်စဉ်များကို ပြုလုပ်ရမည်။ အကယ်၍ ဟဂ်ျနှင့် အွမ်ရာ နှစ်ခုစလုံးအတွက် ပေါင်း၍ အိဟ်ရာမ်ပြုလုပ်ပါကလည်း ပြသနာ မရှိပေ။ ၎င်းကို "ဟဂ်ျကိရာန်"ဟု ခေါ်သည်။ "ဟဂ်ျကိရာန်"ဟူသည် အွမ်ရာနှင့် ဟဂ်ျအတွက် အတူတကွ အိဟ်ရာမ်ပြုလုပ်ကာ သွဝါဖ်တစ်ကြိမ်နှင့် စအီတစ်ကြိမ်သာ ပြုလုပ်ခြင်းဖြစ်သည်။