نص الموضوع
က- အွမ်ရာ၏ မဏ္ဍိုင်များ။
အိဟ်ရာမ်ဆိုသည်မှာ၊
၃။ သွဝါဖ် လှည့်ပတ်ခြင်း။
၃။ စအီ ပေ ခြင်း။
(ခ) အွမ်ရာ၏ ဝါဂျစ်ဗ်တာဝန်များ။
၁။ သတ်မှတ်ထားသော မီကားသ်မှ အိဟ်ရာမ် ပြုလုပ်ခြင်း။
၂။ ဦးခေါင်းရိတ်ခြင်း သို့မဟုတ် ညှပ်ခြင်း။
ဂ။ အွမ်ရာ ပြုလုပ်နည်း။
အွမ်ရဟ်ပြုသူအနေဖြင့် ပထမဦးဆုံး စတင်လုပ်ဆောင်ရမည့်အရာမှာ သွဝါးဖ် (၇) ပတ် လှည့်ပတ်ခြင်းဖြစ်ပြီး၊ ဟဂ်ျရေအတ်စ်ဝဒ်မှ စတင်ကာ ထိုနေရာ၌ပင် အဆုံးသတ်ရမည်။
သွဝါဖ်ပြုလုပ်ရာတွင် သန့်ရှင်းစင်ကြယ်လျက်ရှိရမည်ဖြစ်ပြီး ချက်မှ ဒူးအထိ ဖုံးအုပ်ရမည့်ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို ဖုံးအုပ်ထားရမည်။
သွဝါဖ်လုပ်စတစ်လျှောက်လုံးတွင် အိဿ်ွသွိဗာအ် ပြုလုပ်ခြင်းမှာ စွန္နသ်ဖြစ်သည်။ အိဿ်ွသွိဗာအ် ပြုလုပ်နည်းမှာ မိမိ၏ ညာဘက်ပခုံးကို ဖော်ထားကာ၊ အိဟ်ရာမ်ခြုံထည်ကို ညာဘက်ချိုင်းအောက်တွင်ထားပြီး၊ ခြုံထည်၏ အစနှစ်ဘက်ကို ဘယ်ဘက်ပခုံးပေါ်ထားခြင်းဖြစ်သည်။
သတ္တမမြောက်အပတ်ကို ပြီးပြည့်စုံအောင် ပြုလုပ်ပြီးသောအခါ အိဿ်ွသွိဗာအ် ပြုလုပ်ခြင်းကို ရပ်လိုက်ပြီး၊ မိမိ၏ ပခုံးနှစ်ဘက်စလုံးကို အိဟ်ရာမ်ခြုံထည်ဖြင့် ဖုံးအုပ်ရမည်။
ဟဂ်ျရေအတ်စ်ဝဒ်ရှိရာဘက်သို့ မျက်နှာမူရမည်။ အကယ်၍ ၎င်းအား နမ်းရှုပ်ရန် တတ်စွမ်းနိုင်ပါက နမ်းရှုပ်ရမည်။ သို့မဟုတ်ပါက လွယ်ကူလျှင် ၎င်းအား မိမိ၏ ညာလက်ဖြင့် ထိကိုင်ကာ ထိုလက်ကိုနမ်းရှုပ်ရမည်။
အကယ်၍ ဟဂ်ျရေအတ်စ်ဝဒ်အား ထိကိုင်ရန် မလွယ်ကူပါက ၎င်းဘက်သို့ ညာလက်ကို မြှောက်၍ အိရှာရဟ်(ညွှန်ပြခြင်း) ပြုလုပ်ကာ (اَللّٰهُ أَكْبَرْ) 'အလ္လာဟု အက်ဗရ်' ဟု တစ်ကြိမ် ရွတ်ဆိုရမည်။ သို့သော် လက်အား နမ်းရှုပ်ခြင်း မပြုရပေ။ ရပ်နားခြင်းလည်း မပြုရပေ။
ထို့နောက် ကအ်ဗဟ် ကျောင်းတော်ကို မိမိ၏ ဘယ်ဘက်တွင်ထားကာ သွဝါဖ်ကို ဆက်လက် လှည့်ပတ်ရမည်။ ပထမသုံးပတ်တွင် 'ရမလ်'လုပ်ခြင်း စွန္နသ်ဖြစ်သည်။
'ရမလ်'ဆိုသည်မှာ ခြေလှမ်းစိတ်စိတ်ဖြင့် ခပ်သွက်သွက် လမ်းလျှောက်ခြင်းဖြစ်သည်။
ကအ်ဗဟ်ကျောင်းတော်၏ စတုတ္ထမြောက်ထောင့်ဖြစ်သော ရုက်နိယမာနီထောင့်သို့ ရောက်လျှင် အကယ်၍ လွယ်ကူပါက ၎င်းအား သက်ဗီရ်ရွတ်ဆိုခြင်းနှင့် နမ်းရှုပ်ခြင်းမပြုဘဲ ညာလက်ဖြင့် ထိကိုင်ရမည်။ အကယ်၍ ထိကိုင်ရန် မလွယ်ကူပါက ဆက်သွားရမည်ဖြစ်ပြီး ၎င်းဘက်သို့ "အိရှာရဟ်" လက်ဖြင့် ညွှန်ပြခြင်းလည်း မပြုရ။ သက်ဗီရ်ရွတ်ဆိုခြင်းလည်း မပြုရပါ။
ရုက်နိယမာနီနှင့် ဟဂ်ျရေအတ်စ်ဝဒ် နှစ်ခုကြားတွင် အောက်ပါဒုအာကို ရွတ်ဆိုရမည်။
ရဗ်ဗနာ အာသိနာ ဖစ်ဒ်ဒွန်ယာ ဟစနဟ်၊ ဝဖိလ် အာခိရသိ ဟစနဟ် ဝကိနာ အဇာဗန်နားရ်။ {... အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ကို ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ကောင်းကျိုးချမ်းသာ ပေးသနားတော်မူပါ။ ငရဲမီး၏ ပြစ်ဒဏ်မှလည်း ကယ်ဆယ်တော်မူပါ။}
[စူရဟ် ဗကရဟ်၊ အာယသ်- ၁၆၃]
သွဝါဖ်ပြီးဆုံးသွားပါက လွယ်ကူလျှင် မကာမိအိဗ်ရာဟီမ် (အလိုင်ဟစ်စလာမ်)၏ နောက်တွင် ဆွလာသ်နှစ်ရကအသ် ဝတ်ပြုရမည်။ အကယ်၍ ထိုနေရာတွင် ဝတ်ပြုရန် မလွယ်ကူပါက မတ်စ်ဂျိဒ်ဟရာမ်၏ မည်သည့်နေရာတွင်မဆို ဝတ်ပြုနိုင်သည်။
ပထမရကအသ်တွင် စူရဟ်ဖာသိဟဟ် ဖတ်ပြီးနောက် စူရဟ် (ကာဖီရူးန်) ရွတ်ဖတ်ခြင်းသည် စွန္နသ်ဖြစ်သည်၊
ဒုတိယ ရကအသ်တွင် စူရဟ်ဖာသိဟဟ် ဖတ်ပြီးနောက် စူရဟ် အိခ်လာဆ်ွကို ဖတ်ရမည်၊
ထို့နောက် စအီပြုလုပ်ရာနေရာသို့ သွားရောက်ကာ ဆွဖာနှင့်မရ်ဝဟ် တောင်ကြားတွင် စအီခုနှစ်ကြိမ် ပြုလုပ်ရမည်။ သွားခြင်းသည် စအီတစ်ကြိမ်ဖြစ်ပြီး၊ ပြန်သွားခြင်းသည် နောက်တစ်ကြိမ်ဖြစ်သည်။
စအီပြေးခြင်းကို ဆွဖာမှ စတင်ရမည်။ ထို့နောက် ၎င်းအပေါ်သို့ တက်ရမည် သို့မဟုတ် ၎င်းအနီးတွင် ရပ်ရမည်။ အကယ်၍ လွယ်ကူအဆင်ပြေပါက ဆွဖာတောင်ပေါ်သို့ တက်ခြင်းသည် ပို၍ မြတ်ပေသည်။
ထိုအချိန်တွင် ဤအာယသ်တော်ကို ဖတ်ရွတ်ရမည်-
(...إِنَّ ٱلصَّفَا وَٱلمَروَةَ مِن شَعَآئِرِ ٱللَّهِ) ဟူသော အာယသ်တော်ကို ရွတ်ဖတ်ရမည်။
ကိဗ်လဟ်ဘက်သို့ မျက်နှာမူခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်အား ဂုဏ်ပေးချီးမွမ်းခြင်း၊ အကြီးကျယ်ဆုံးဖြစ်တော်မူကြောင်းကိုထုတ်ဖော်ပြောကြားသည့်အနေဖြင့် အောက်ပါဒုအာကို ရွတ်ဆိုရမည်။
«لَا إِلٰهَ إِلَّا اللَّهُ، وَاللَّهُ أَكْبَرُ، لَا إِلٰهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، يُحْيِي وَيُمِيتُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، لَا إِلٰهَ إِلَّا اللَّهُ وَحْدَهُ، أَنْجَزَ وَعْدَهُ، وَنَصَرَ عَبْدَهُ، وَهَزَمَ الْأَحْزَابَ وَحْدَهُ»[60]. အဓိပ္ပါယ် - အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိပါ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံး ဖြစ်တော်မူ၏။ အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင် မရှိပါ။ အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူပြီး၊ အရှင်မြတ်နှင့် တုဖက်နှိုင်းယှဉ်ကိုးကွယ်ရာအရှင်ဟူ၍ မရှိပါ။ စိုးပိုင်ခြင်းဟူသ၍သည် အရှင်မြတ်အဖို့သာလျှင်ဖြစ်ပြီး၊ ချီးမွမ်းထောမနာပြုခြင်းဟူသမျှသည်လည်း အရှင်မြတ်အဖို့သာလျှင်ဖြစ်တော်မူပါသည်။ ထိုအရှင်မြတ်သည် အသက်ရှင်စေတော်မူ၏။ ထို့ပြင် သေဆုံးစေတော်မူ၏။ ထိုအရှင်မြတ်သည် အရာရာတိုင်း အပေါ်တွင် အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင် မရှိပါ။ အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူပါသည်။ ထိုအရှင်မြတ်သည် မိမိ၏ကတိတော်အား တည်စေတော်မူခဲ့၏။ ထို့ပြင် မိမိ၏ကျေးကျွန်အား ကူညီစောင်မတော်မူခဲ့၏။ အရှင်မြတ်တစ်ပါးတည်းသာလျှင် ရန်သူ့တပ်များအား ရှုံးနိမ့်စေတော်မူသော အရှင်ဖြစ်ပါသည်။
[6] အိမာမ်မွတ်စလင်မ်က အမှတ်စဉ် (224) ဖြင့် မှတ်တမ်းတင်ထားသည်။
ထို့နောက် လက်နှစ်ဘက်ကို မြှောက်၍ မိမိအတွက် လွယ်ကူရာ ဒုအာများကို တောင်းဆိုရမည်၊ ဤဇိကိရ်နှင့် ဒုအာကို သုံးကြိမ်တိုင်တိုင် ရွတ်ဆိုရမည်။
ထို့နောက် ဆင်း၍ မရ်ဝဟ်သို့ လမ်းလျှောက်သွားရမည်။ ပထမအမှတ်အသားနေရာသို့ ရောက်ပါက အမျိုးသားများအနေဖြင့် ဒုတိယအမှတ်အသားနေရာသို့ ရောက်သည်အထိ ခပ်သွက်သွက် ပြေးရမည်။
သို့ရာတွင် အမျိုးသမီးတစ်ဦးအနေဖြင့်မူ မီးစိမ်းနှစ်ခုကြားတွင် ခပ်သွက်သွက်ပြေးခြင်းသည် သူမအဖို့ ပြဋ္ဌာန်းထားခြင်း မရှိပေ။ အကြောင်းမှာ သူမသည် အောင်ဝ်ရသွန် (လုံခြုံစွာဖုံးကွယ်ထားရမည့်သူ) ဖြစ်သောကြောင့်ဖြစ်သည်။ သူမအဖို့ ပြဋ္ဌာန်းထားသည်မှာ စအီတစ်လျှောက်လုံးတွင် လမ်းလျှောက်ရန်သာဖြစ်သည်။
ထို့နောက် လမ်းလျှောက်သွား၍ မရ်ဝဟ်တောင်ပေါ်သို့ တက်ရမည် သို့မဟုတ် ထိုနေရာ၌ ရပ်ရမည်။ အကယ်၍ အဆင်ပြေပါက တောင်ပေါ်သို့တက်ခြင်းသည် ပို၍ကောင်းမွန်သည်။ ဆွဖာတောင်ပေါ်တွင် ရွတ်ဆိုပြုလုပ်ခဲ့သည့်အတိုင်း မရ်ဝဟ်တောင်ပေါ်တွင်လည်း ရွတ်ဆိုပြုလုပ်ရမည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ် အမိန့်ရှိတော်မူထားသော အောက်ပါအာယသ်တော်ကို ရွတ်ဆိုခြင်းမပြုရ။
ဤအာယသ်အား ပထမအကြိမ် ဆွဖာပေါ်သို့ တက်ရောက်ချိန်တွင်သာ ရွတ်ဖတ်ရခြင်း ဖြစ်သည်။
ထို့နောက် ဆင်း၍ လမ်းလျှောက်ရမည့်နေရာတွင် ပုံမှန်အတိုင်းလမ်းလျှောက်ပြီး ခပ်သွက်သွက်ပြေးရမည့်နေရာတွင် ခပ်သွက်သွက်ပြေးကာ ဆွဖာတောင်သို့ ရောက်သည်အထိ သွားရမည်။
ဤသို့ ခုနစ်ကြိမ် ပြုလုပ်ရမည်။ ၎င်း၏ သွားခြင်းသည် စအီတစ်ကြိမ်ဖြစ်ပြီး၊ ပြန်သွားခြင်းသည် စအီတစ်ကြိမ်ဖြစ်သည်။
စအီပြေးနေစဉ် မိမိလွယ်ကူရာ ဇိကိရ်၊ ဒုအာတို့ကို မြားမြောင်စွာ ရွတ်ဖတ်ခြင်းသည် "မွတ်စ်သဟဗ်"ဖြစ်သည်။
၎င်းသည် ဟဒတ်စ် အက်ဗရ် (ရေချိုးရန် တာဝန်ထိုက်နေခြင်း)နှင့် ဟဒတ်စ် အဆ်ွဂရ် (ဝူဿွူ မရှိခြင်း)တို့မှ ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်သူ ဖြစ်ရမည်။ အကယ်၍ သန့်ရှင်းစင်ကြယ်မှု မရှိဘဲ စအီပြုလုပ်ခဲ့ပါကလည်း ထိုသို့ပြုလုပ်ခြင်းသည် ၎င်းအတွက် အထမြောက်ပါသည်။
ထိုနည်းတူစွာပင် အကယ်၍ အမျိုးသမီးတစ်ဦးသည် သွဝါဖ်ပြီးနောက် ဓမ္မတာသွေးဆင်းလာခဲ့လျှင် သို့မဟုတ် သားဖွားပြီးနောက် သွေးဆင်းလာခဲ့လျှင် သူမအနေဖြင့် စအီ ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် သူမအတွက် အထမြောက်ပေသည်။ အဘယ်ကြောင့်ဆိုသော် စအီပြုလုပ်ရာတွင် သန့်ပြန့်နေခြင်းသည် သတ်မှတ်ချက်တစ်ရပ် မဟုတ်သောကြောင့်ဖြစ်သည်။ စင်စစ်အားဖြင့် ၎င်းသည် စအီပြုလုပ်ရာတွင် မွတ်စ်သဟဗ် (နှစ်လိုဖွယ်ရာ) သာလျှင်ဖြစ်သည်။
စအီ ပြုလုပ်ပြီးပါက ဦးခေါင်းရိတ်ခြင်း သို့မဟုတ် ဆံပင်ညှပ်ခြင်းကို ပြုလုပ်ရမည်။ အမျိုးသားများအတွက် ဦးခေါင်းရိတ်ခြင်းသည် ပို၍ မွန်မြတ်သည်။
ဤနည်းဖြင့် အွမ်ရာကျင့်စဥ်များကို ပြီးမြောက်စေပါသည်။