Skip to content

ကဿွာဖြည့်စွက်ရန်တာဝန်ရှိသူအတွက် နဖိလ် ဥပုသ်စောင့်ထိန်းခြင်း

نص الموضوع

လမြတ်ရမဿွာန်မှ ကဿွာဖြည့်ရန် ကျန်ရှိနေသူမည်သူမဆို နဖိလ်ဆွိယာမ်ဥပုသ် မတိုင်မီ ၎င်းကို အလျင်အမြန် ကဿွာ ပြန်လည်ဖြည့်စွက်ခြင်းသည် သာ၍ ကောင်းမြတ်ပေသည်။

သို့သော် အကယ်၍ နဖိလ်ဆွိယာမ်ဥပုသ်သည် အရဖဟ်နှင့် အာရှူရာအ် ဆွိယာမ်ဥပုသ်ကဲ့သို့ အချိန်ကုန်လွန်သွားမည့်အရာဖြစ်လျှင် ကဿွာမဖြည့်မီအလျင် ထိုဆွိယာမ်များကို စောင့်ထိန်းရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကဿွာ ပြန်ဖြည့်စွက်ရန် အချိန်ကာလ ကျယ်ဝန်းသောကြောင့်ဖြစ်သည်။ အာရှူရာအ်နှင့် အရဖဟ်တို့မှာမူ အချိန်ကုန်လွန်သွားမည်ဖြစ်သည်။

သို့သော် ကဿွာဖြည့်စွက်ပြီးနောက်မှသာလျှင် ရှောင်ဝ်ဝလ်လ၏ ဆွိယာမ်ဥပုသ် ခြောက်ရက်ကို စောင့်ထိန်းရမည်ဖြစ်သည်။