Skip to content

ကဿွာပြန်လည် ဖြည့်ရမည့်အချိန်နှင့် ၎င်းကို နောက်ဆိုင်းထားခြင်း၏ အမိန့်။

التصنيف الشرعي
الفقهالصيامقضاء الصيام

نص الموضوع

يجب قضاء صيام رمضان فيما بينه وبين رمضان التالي له، والأفضل المبادرة للقضاء، ولا يجوز تأخير القضاء إلى ما بعد رمضان التالي. فعن عائشة رضي الله عنها قالت: «كَانَ يَكُونُ عَلَيَّ الصَّوْمُ مِنْ رَمَضَانَ، فَمَا أَسْتَطِيعُ أَنْ أَقْضِيَ إِلَّا فِي شَعْبَانَ لِمَكَانِ رَسُولِ اللهِ ﷺ» [1]. فمن أخَّر القضاء عقب رمضان التالي فله حالتان: 1- أن يؤخر لعذر شرعي، مثل: أن يستمر به المرض إلى رمضان الآخر، فهذا عليه القضاء فقط. 2- أن يؤخره لغير عذر شرعي، فهذا يأثم بالتأخير، ويجب عليه التوبة، والقضاء، وإطعام مسكين عن كل يوم.

أخرجه البخاري برقم (1849)، ومسلم برقم (1846).

ကဿွာပြန်လည် ဖြည့်ရမည့်အချိန်နှင့် ၎င်းကို နောက်ဆိုင်းထားခြင်း၏ အမိန့်။

ရမဿွာန်လ၏ ဆွိယာမ်ဥပုသ်ကို ၎င်းနှင့် နောက်လာမည့် ရမဿွာန်လအကြားတွင် ကဿွာဖြည့်စွက်ရန် တာဝန်ရှိသည်၊

ကဿွာပြန်လည်ဖြည့်စွက်ခြင်းကို မြန်မြန်ဆန်ဆန်ပြုလုပ်ခြင်းသည် ပို၍မွန်မြတ်သည်၊

ကဿွာဖြည့်ခြင်းအား နောက်လာမည့် ရမ်ဿွာန်လ ကျော်လွန်သည်အထိ နောက်ဆိုင်းထားခွင့် မရှိပါ။

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန် တင်ပြခဲ့သည်။

“ကျွန်မအပေါ်၌ ရမဿွာန်လ၏ ရိုဇာဥပုသ်များ ကျန်ရှိနေတတ်ရာ၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ အရေးကိစ္စများကြောင့် ရှာအ်ဗာန်လမှလွဲ၍ ကျန်လတွင် ကျွန်မ ပြန်လည်စောင့်ထိန်းနိုင်စွမ်း မရှိခဲ့ပေ။” [၅၃]

[၁၀] အိမာမ်ဗုခါရီက အမှတ်(၁၄၂)နှင့် အိမာမ်အလ်မွတ်စ်လင်မ်က အမှတ် (၁၂၂) တို့တွင် မှတ်တမ်းတင်ထားသည်။

မည်သူမဆို ကဿွာဖြည့်စွက်ခြင်းကို နောက်လာမည့် လမြတ်ရမဿွာန် ကျော်လွန်သည်အထိ နောက်ဆိုင်းခဲ့ပါက ထိုသူ့အတွက် အခြေအနေ နှစ်ရပ် ရှိသည်။

၁။ တရား‌တော်မှ ခွင့်ပြုထားသည့်အကြောင်းပြချက်ကြောင့် နောက်ဆိုင်းခြင်း၊ ဥပမာ- နောက်ထပ် လမြတ်ရမဿွာန်အထိ ရောဂါဝေဒနာ ဆက်လက်ခံစားနေရခြင်းမျိုးဖြစ်သည်။ ထိုသူအနေဖြင့် ကဿွာ သာ ပြန်လည်ထားရမည်။

၂။ ရှရီအသ်အရ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နောက်ဆိုင်းခြင်း၊ ထိုသို့ နောက်ဆိုင်းမှုကြောင့် ၎င်း၌ အပြစ်ထိုက်မည်ဖြစ်သည်။ ထို့ပြင် ၎င်းအပေါ်၌ သောင်ဗာဟ်ပြုရန်၊ ကဿွာဖြည့်ရန်နှင့် နေ့ရက်တိုင်းအတွက် ဆင်းရဲသားတစ်ဦးအား အစားအ‌သောက်ကျွေးမွေးရန် တာဝန်ရှိသည်။