Skip to content

ဆွိယာမ်ဥပုသ်၌ ရည်စူးချက်ပါရှိခြင်း၊

التصنيف الشرعي
الفقهالصيامأحكام الصيام

نص الموضوع

ဆွိယာမ်ဥပုသ်သည် အခြားသောအိဗာဒသ်ကျင့်ဆောင်မှုများကဲ့သို့ပင် ရည်စူးချက်ဖြင့်သာ မှန်ကန်မည်ဖြစ်သည်။

ဖရဿ်ွဆွိယာမ်တွင် နီယသ် ရည်စူးချက်ပြုရန် တာဝန်ဖြစ်သည့် အချိန်သည် အခြားသော ဆွိယာမ်များနှင့် ကွဲပြားခြားနားပေသည်။ ၎င်း၏ ရှင်းလင်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

ပထမအချက်။ ဖရဿ်ွဆွိယာမ်- ရမဿွာန်လမြတ်၏ ဆွိယာမ်ဥပုသ်၊ သို့မဟုတ် က‌ဿွာ၊ သို့မဟုတ် နဇရ်ကဲ့သို့သော ဆွိယာမ်ဥပုသ်များအတွက် ဖဂျရ်အရုဏ်မတက်မီ ညအချိန်၌ နီယသ်ပြုလုပ်ရန် အရေးကြီးသည်။

ကိုယ်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်မှာ-

"မည်သူမဆို ညဉ့်အချိန်မှစ၍ ရိုဇာဥပုသ်စောင့်ထိန်းရန် နီယသ်မပြုထားလျှင် ထိုသူအတွက် ရိုဇာဥပုသ် မပိုင်ပေ။" [၅၀]

[50] အဟ်မဒ်ကျမ်း၊ ဟဒီးစ်အမှတ် (၂၆၄၅၇)/ အဗူဒါဝူးဒ်ကျမ်း၊ ဟဒီးစ်အမှတ် (၂၄၅၄)/ နစာအီကျမ်း၊ ဟဒီးစ်အမှတ် (၂၃၃၁) ဤဟဒီးစ်စာသား မှာ ၎င်း၏စာသားအတိုင်း ဖြစ်သည်။

ဒုတိယအချက်- နဖိလ်ဆွိယာမ်။ လူတစ်ဦးအနေဖြင့် ၎င်းကို နေ့အချိန်တွင် နီယသ်ပြုလုပ်ခြင်းသည်လည်း ပိုင်သည်။

စည်းကမ်းချက်မှာ ဖဂျရ်အချိန် ဝင်ရောက်ပြီးနောက် ဆွိယာမ်ပျက်စေမည့်အရာ တစ်စုံတစ်ရာကို စားသုံးထားခြင်း မရှိရန် ဖြစ်သည်။