(၁) ဇကာသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ၎င်း၏ အဆင့်အတန်း။
- التصنيف الشرعي
- الفقهالزكاةوجوب الزكاة وحكم تاركها
- الموضوعات
- الزكاةالزكاة ومكانتها
نص الموضوع
ဇကာသ်၏ အဘိဓါန်အရ အဓိပ္ပါယ်မှာ တိုးပွားခြင်း များပြားခြင်း ဖြစ်သည်။
ရှရိအဟ် တရားတော်အရ ဇကာသ်ဟူသည် သတ်မှတ်ထားသော သူတို့အတွက် သတ်မှတ်ထားသည့် ဥစ္စာပစ္စည်းများတွင် ရှိသည့် ဖရ်ဿ်ွတာဝန် တစ်ရပ်ဖြစ်သည်။
၎င်းသည် အစ္စလာမ့် မဏ္ဍိုင်ကြီးများအနက်မှ တတိယ မဏ္ဍိုင်ဖြစ်သည်၊
၎င်းသည် ကုရ်အာန်ကျမ်းတော်မြတ်တွင် ဆွလာသ်နှင့် ယှဉ်တွဲ၍ နေရာပေါင်း (၈၂) နေရာ၌ ပါရှိခြင်းက ၎င်း၏ ကြီးမြတ်မြင့်မြတ်သော ဂုဏ်သိက္ခာကို ညွှန်ပြနေပါသည်။
အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ -
(ထို့ပြင် အသင်တို့သည် ဆွလာသ်ဆောက်တည်ကြပါ၊ ဇကာသ် ပေးဆောင်ကြပါ...)
[စူရဟ် ဗကရဟ်၊ အာယသ်- ၁၆၃]
ကိုယ်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်မှာ၊
«အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်။ (၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်း၊ (၂) ဆွလာသ်ဆောက်တည်ခြင်း၊ (၃) ဇကာသ်ပေးဆောင်ခြင်း၊ (၄) ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက် ဟဂ်ျပြုခြင်း၊ (၅) ရမဿွာန်လ၏ ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်းတို့ဖြစ်သည်။» [42].
[၁၀] အိမာမ်ဗုခါရီက အမှတ်(၁၄၂)နှင့် အိမာမ်အလ်မွတ်စ်လင်မ်က အမှတ် (၁၂၂) တို့တွင် မှတ်တမ်းတင်ထားသည်။
၎င်းသည် ဖရဇ်တာဝန်ဖြစ်ကြောင်း မွတ်စ်လင်မ်ထု တစ်ရပ်လုံးက တစ်ညီတစ်ညွတ်တည်း လက်ခံအတည်ပြုထားသည်။
ထို့ပြင် မည်သူမဆို ၎င်းအား မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်ဖြစ်ကြောင်းကို ငြင်းပယ်ပါက ထိုသူသည် ကာဖိရ်ဖြစ်ကြောင်း တစ်ညီတစ်ညွတ်တည်း လက်ခံအတည်ပြုထားသည်။
၎င်းအား ထုတ်ပေးရန် ငြင်းဆန်သူတို့အား တိုက်ခိုက်ရန်ကိုလည်း တစ်ညီတစ်ညွတ်တည်း လက်ခံအတည်ပြုထားသည်။