Skip to content

၆။ အကောင်း၊ အဆိုး သက္ကဒီရ်သတ်မှတ်ချက်ကို အီမာန်သက်ဝင်ယုံကြည်ခြင်း။

نص الموضوع

သက္ကဒီရ်(ကံကြမ္မာ သက်မှတ်ချက်) ဆိုသည်မှာ

အလ္လာဟ်အရှင်မြတ်သည် ဖြစ်ပေါ်လာမည့်အရာများကို မိမိ၏ ‘အိလ်မ်’ အသိပညာတော်ဖြင့် ကြိုတင်သိရှိတော်မူသည့်အတိုင်း၊ အမြော်အမြင်နှင့်အညီ သက္ကဒီရ် သတ်မှတ်တော်မူခြင်းဖြစ်သည်။

သက္ကဒီရ်အား သက်ဝင်ယုံကြည်ရာတွင် အချက်လေးချက်ပါဝင်သည်။

(၁) အိလ်မ်- အလ္လာဟ်အရှင်မြတ်၏ ‘အိလ်မ်’ အသိပညာကို သက်ဝင်ယုံကြည်ခြင်းနှင့် ထိုအရှင်မြတ်သည် ဖြစ်ခဲ့ပြီးသောအရာများ၊ ဖြစ်ပေါ်လာမည့်အရာများနှင့် မည်သို့ဖြစ်ပေါ်မည်ဟူသည်တို့ကို ခြုံငုံ၍ဖြစ်စေ၊ အသေးစိတ်ဖြစ်စေ အစအဆုံး မရှိ အကြွင်းမဲ့သိရှိတော်မူသော အရှင်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။

၎င်းအပြင် ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူသော ထိုအရှင်မြတ်သည် မဖြစ်ပေါ်ခဲ့သောအရာများ အကယ်၍သာ ဖြစ်ပေါ်လာခဲ့မည်ဆိုပါက မည်သို့မည်ပုံ ဖြစ်လာမည်ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူသည်။

အလ္လာဟ်အရှင်မြတ် မိန့်တော်မူသသည်မှာ -

၎င်းတို့သည် အကယ်၍သာ (လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းခံကြရပါလျှင်၊ မုချဧကန် ထိုသူတို့သည် မိမိတို့တားမြစ်ခြင်းခံကြရသော အမှုကိစ္စများကို ထပ်မံ၍ပင် ပြုကြပေမည်...

[စူရဟ် အန်အားမ်၊ အာယသ်- ၅၀]

၂။ ရေးမှတ်တော်မူခြင်း- ၎င်းမှာ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ် ပြန်လည်ရှင်ပြန်ထမည့်နေ့ထိ အရာအားလုံး၏ သက္ကဒီရ်ကံကြမ္မာများကို ရေးမှတ်ထားတော်မူပြီးဖြစ်ခြင်း၊

ထိုနည်းတူ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် -

(အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်တွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှအား သိတော်မူသည်ကို အသင်မသိသလော။ အမှန်စင်စစ် ထိုအရာများသည် မှတ်တမ်းတွင်ရှိသည်။ အမှန်စင်စစ် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူ‌ပေသည်။)

(စူရဟ် ဟဂျ်၊ အာယသ် -၆၂ )

၃။ အလိုတော်-ယင်းမှာ ဤစကြဝဠာအတွင်း၌ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောအရာမှလွဲ၍ မည်သည့်အရာမျှ မဖြစ်ပေါ်လာနိုင်ကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။

အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ -

(ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အရှင်မြတ် အလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူပြီး ရွေးချယ်တော်မူသည် ...)

(စူရဟ် ကစွက်စ်-အာယသ် ၆၈)

လူသားတွင် အလ္လာဟ်အရှင်မြတ်၏ အလိုတော်မှ မလွန်ဆန်နိုင်သော အလိုဆန္ဒရှိပေသည်၊ အရှင်မြတ် မိန့်တော်မူသည်မှာ -

(စင်စစ်သော်ကား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူမှသာလျှင် အသင်တို့သည် အလိုရှိနိုင်ကြပေမည်တကား။)

[စူရဟ် သက္ကဝီးရ်၊ အာယသ်-၂၉]

၄။ ဖန်ဆင်းခြင်း။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံများကို ဖန်ဆင်းတော်မူခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်များနှင့် ဆောင်ရွက်မှုများဖြစ်သည့် အကောင်းနှင့်အဆိုးတို့ကိုပါ ဖန်ဆင်းတော်မူခဲ့ကြောင်း အီမာန် သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။

(အလ္လာဟ်အရှင်မြတ်သည်ပင် အရာအားလုံးကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည့် အပြင် အရှင်မြတ်သည်ပင် အရာအားလုံးအပေါ်တွင် ထိန်းသိမ်းတော်မူသောအရှင်လည်း ဖြစ်တော်မူသည်။)

(စူရဟ် ဇုမရ်၊ အာယသ်-၆၅)

ဤအဆင့်များကို ဤကဗျာပိုဒ်တွင် စုစည်းတင်ပြထားသည်။

အရှင်မြတ်၏ သိရှိတော်မူခြင်း၊ ရေးမှတ်တော်မူခြင်း၊ အလိုတော်ရှိခြင်းနှင့် ဖန်ဆင်းတော်မူခြင်း၊ ၎င်းမှာ ဖြစ်ပေါ်လာစေခြင်းနှင့် ဖြစ်တည်စေခြင်းပင်ဖြစ်သည်။