၅။ နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်ခြင်း။
- التصنيف الشرعي
- العقيدةالإيمان باليوم الآخرالحياة الآخرة
- الموضوعات
- الإيمانالإيمان باليوم الآخر
نص الموضوع
၎င်းသည် ကိယာမသ်နေ့ပင်ဖြစ်သည်။ ထိုနေ့တွင် လူသားတို့သည် စာရင်းအင်းစစ်ဆေးရန်နှင့် အစားပေးခြင်းခံရရန်အတွက် ပြန်လည်ရှင်ပြန်ထရမည်ဖြစ်သည်။
နောက်ဆုံးနေ့ဟု ခေါ်ဆိုရခြင်းမှာ ထိုနေ့၏နောက်တွင် အခြားနေ့ရက်ဟူ၍ မရှိတော့သည့်အတွက်ကြောင့် ဖြစ်သည်။ ဂျန္နသုခဘုံသားများနှင့် ဂျဟန္နမ်ငရဲသားများသည် မိမိတို့နေထိုင်ရမည့် နေရာဌာနများတွင် အခြေတကျရှိသွားပြီ ဖြစ်သည်။
နောက်ဆုံးနေ့အား သက်ဝင်ယုံကြည်ခြင်းတွင် အချက်သုံးချက် ပါရှိသည်။
က။ ပြန်လည်ရှင်ပြန်ထရမည်ကို သက်ဝင်ယုံကြည်ခြင်း။
၎င်းမှာ ဒုတိယအကြိမ် စူရ်တံပူခရာမှုတ်သည့်အခါ သေသူများအားလုံးကို ပြန်လည်ရှင်ပြန်ထစေမည်ဖြစ်ပြီး၊
လူသားများသည် စကြာဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ရှေ့မှောက်တွင် ဖိနပ်မပါဘဲ ခြေဗလာဖြင့်၊ အကာအရံမပါဘဲ ကိုယ်ဗလာဖြင့်၊ ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ် ရပ်ကြရမည် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ -
(ငါအရှင်မြတ်သည် အရာအားလုံးတို့အား ပထမအကြိမ် စတင်ဖန်ဆင်းတော်မူသကဲ့သို့ ထိုအရာကိုပင် ထပ်မံ၍ ပြုလုပ် ဖန်ဆင်းတော်မူမည် ဖြစ်သည်။ (ဤသည်) ငါအရှင်မြတ်အပေါ်တွင် ကတိပြုထားမှု ဖြစ်သည့်အတွက် အမှန်စင်စစ် ငါအရှင်မြတ်သည် (ငါအရှင်မြတ် ကတိပြုတော်မူထားသည့် အတိုင်း) ပြုလုပ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူသည်)။ (၁၀၄)
(စူရဟ် အန်ဗိယာအ်၊ အာယသ်-၁၀၇)
ခ။ စာရင်းစစ်ဆေးခြင်း၊ အစားပေးခြင်းတို့ကို သက်ဝင်ယုံကြည်ခြင်း။
ကျေးကျွန်သည် မိမိပြုခဲ့သမျှအတွက် စာရင်းစစ်ဆေးခံရမည်ဖြစ်ပြီး ၎င်းအတွက် အစားပေးခံရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-
(အမှန်စင်စစ် သူတို့၏ပြန်လည်ရောက်ရှိရာသည် ငါအရှင်မြတ်ထံတော်သို့ပင်ဖြစ်သည်။ ၂၅
ထို့နောက် အမှန်စင်စစ် သူတို့အား စစ်ဆေးမေးမြန်းမှုသည် ငါအရှင်မြတ်၏ အပေါ်တွင် တာဝန်ဖြစ်သည်)။
(စူရဟ် ဂါရှိယဟ်၊ အာယသ်၂၅-၂၆)
ဂ။ ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ် ငရဲဘုံတည်ရှိမှုအပေါ် သက်ဝင်ယုံကြည်ခြင်း။
၎င်းပြင် ၎င်းတို့နှစ်ခုသည် ဖန်ဆင်းခံများအတွက် ထာဝရ အဆုံးသတ်ရာ ဖြစ်ကြောင်း ယုံကြည်ခြင်း။
ထို့ကြောင့် ဂျန္နသ်(ကောင်းကင်ဘုံ)သည် အလ္လာဟ်အရှင်မြတ်က တရားစောင့်သိသော ယုံကြည်သူများနှင့် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ် ﷺ အား နာခံသူများအတွက် ပြင်ဆင်ထားတော်မူသော သုခဘုံဖြစ်သည်၊
၎င်းတွင် မည်သည့်မျက်စိမျှ မမြင်ဖူးသော၊ မည်သည့်နားမျှ မကြားဖူးသော၊ မည်သည့်လူသား၏ စိတ်နှလုံးတွင်မျှ မပေါ်ပေါက်ဖူးသော အရာများ ရှိသည်။
ဂျဟန္နမ်ငရဲဘုံမှာ-
၎င်းသည် (အဇားဗ်)ပြစ်ဒဏ်ခံရမည့်နေရာ ဖြစ်သည်၊
အလ္လာဟ်အရှင်မြတ်ကို မယုံကြည်ဘဲ ကိုယ်တော်၏ တမန်တော်များကို ဖီဆန်သော မယုံကြည်သူများအတွက် အနန္တတန်ခိုးရှင် အလ္လာဟ်အရှင်မြတ် ပြင်ဆင်ထားတော်မူသောအရာ ဖြစ်သည်။
ထိုငရဲဘုံ၌ စိတ်နှလုံးသားများက လုံးဝမခန့်မှန်းနိုင်သည့် အမျိုးမျိုးသော အဇားဗ်ပြစ်ဒဏ်များရှိသည်။