Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

3 of 253 cards

Clear filters
ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဂျန္နသ်နှင့် ဂျဟန္နမ်) ဝါဂျိဗ် ထိုက်စေမည့် အချက်နှစ်ချက်မှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုပဲ သေဆုံးခဲ့ပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်၍ သေဆုံးခဲ့ပါက ဂျဟန္နမ်ငရဲဘုံသို့ဝင် ရောက်ရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ရောင်းသည့်အခါ၊ ဝယ်သည့်အခါနှင့် မိမိ၏ ရပိုင်ခွင့်ကို တောင်းဆိုသည့်အခါ သက်ညှာထောက်ထားသူကို အလ္လာဟ်အရှင်မြတ် ကရုဏာသက်တော်မူပါစေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
ကောင်းမှုဟူသမျှသည် ဆွဒကဟ် အလှူဒါနပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အိမာမ်ဗုခါရီသည် ဤဟဒီးစ်အား ဂျာဗိရ်ထံမှ ဆင့်ပြန်ခဲ့ပြီး အိမာမ်မွတ်စ်လင်မ်သည် ယင်းဟဒီးစ်အား ဟုဇိုင်ဖဟ်ထံမှ ဆင့်ပြန်ခဲ့သည်။