Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

50 of 253 cards

Clear filters
အကြင်သူသည် ဤဇိက်ရ်တော်- لَا إلٰهَ إلَّا اللّٰهُ وَحْدَهُ لَا شَرِيْكَ لَهُ،لَهُ الْمُلْكُ،وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ (တုဖက်နှိုင်းယှဉ်ခြင်းကင်း၍ တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ထိုက်သော အရှင်ဟူ၍ အလျဉ်းမရှိပြီ။ စိုးပိုင်ခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာ ဖြစ်တော်မူ၏။ ချီးမွမ်းထောမနာခြင်း ဟူသမျှသည် ထိုအရှင်မြတ် အဖို့သာဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင် နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။) ကို ဆယ်ကြိမ်ရွတ်ဖတ်လျှင် ထိုသူသည် အစ္စမာအီးလ် (အလိုင်းဟိစ္စလာမ်)၏ သားစဉ်မြေးဆက်မှ ကျွန်လေးဦးအား သူကောင်းပြုသူကဲ့သို့ပင် ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ငါကိုယ်တော်သည် အသင်တို့အား အကြီးလေးဆုံး အပြစ်အကုသိုလ်ကြီးများနှင့် ပတ်သက်ပြီး သတင်းမပေးရဘူးလားဟု သုံးကြိမ်တိုင်တိုင် မေးမြန်းတော်မူခဲ့သည်။ ကျွန်တော်တို့က အို -အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ အမှန်ပင် ပြောပြတော်မူပါဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ မိဘနှစ်ပါး၏ အမိန့်ကို ဖီဆန်ခြင်းဖြစ်သည်။ ထိုသို့ဖြေကြားပြီးနောက် ကိုယ်တော်သည် မှီလျက်ရှိနေရာမှ ထိုင်တော်မူ၍ မိန့်ကြားသည်မှာ ကောင်းစွာသတိပြုကြပါ။ မုသားစကားပြောဆိုခြင်းဖြစ်သည်။ ကိုယ်တော်သည် ထိုစကားကို ထပ်ခါထပ်ခါ မိန့်ကြားတော်မူနေရာ တိတ်ဆိတ်သွားလျှင် ကောင်းမှာပဲဟု ကျွန်တော်တို့(စိတ်ထဲ၌) ကိုယ်တော့်အား (ကြင်နာ၍) ပြောဆိုမိကြသည်အထိ ဖြစ်ခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။ သို့ဖြစ်၍ ထိုသူသည် (ကွယ်လွန်ပြီးနောက်) အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခဲ့ရာ အရှင်မြတ်က သူ့အား ခွင့်လွှတ်တော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
သက္ကဝါတရားရှိပြီး လူတို့ထံမှ လိုလားတောင့်တမှုကင်းကာ ထင်ပေါ်ခြင်းမရှိသည့် ကျေးကျွန်အား အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန်ပင် ချစ်မြတ်နိုးတော်မူ၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘကြီးတော်အား ပြောကြားတော်မူသည်မှာ ကလိမဟ်တော်“လာအိလာဟအိလ်လလ္လာဟ်”ကို ရွတ်ဆိုလိုက်ပါ။ ၎င်းကလိမဟ်တော်ဖြင့်ကျွန်တော်သည် သင့်အတွက် ကိယာမသ်နေ့၌ သက်သေခံပေးမည်ဖြစ်သည်။ ဘကြီးတော်ကပြန်လည်ပြောကြားသည်မှာ အကယ်၍ ကုရိုင်ရှ်တို့က ကျွန်ုပ်အားအပြစ်မတင်ကြလျှင်၊ သေရမည်ကို ကြောက်ရွံ့ခြင်းက ကျွန်ုပ်အား ဤသို့ရွတ်ဆိုစေသည်ဟု ၎င်းတို့ပြောကြမည်ကို မစိုးရိမ်လျှင် အမှန်တကယ်ပင် ကျွန်ုပ်သည် ဤကလိမဟ်တော်ကိုရွတ်ဆိုကာ သင်၏မျက်စိကိုအေးမျှစေမည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဤအာယသ်တော်အား ချပေးတော်မူခဲ့သည်။(ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
လူသားတို့အား သနားကြင်နာမှု မရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း သနားကြင်နာတော်မူမည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
သင်၏ညီနောင်အား ပြုံးရွှင်ချိုသာသော မျက်နှာဖြင့် တွေ့ဆုံလိုက်ခြင်းပင်ဖြစ်စေ မည်သည့်ကောင်းမှုကိုမျှ သင်အထင်မသေးလေနှင့်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း