Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

76 of 253 cards

Clear filters
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿွ်ဆွလာသ်ဝတ်ပြုပြီးတိုင်း ဤသို့ရွတ်ဆိုလေ့ရှိတော်မူသည်။ “လာအိလာဟ အိလ်လလ္လာဟု ဝဟ်ဒဟူလာရှရီကလဟူ လဟုလ်မုလ်ကု ဝလဟုလ်ဟမ်ဒု ဝဟုဝအလာ ကုလ်လိ ရှိုင်အင်န်ကဒီးရ်၊ အလ္လာဟုမ်မ လာမာနိအ လိမာအအ်သွိုင်းသ ဝလာမုအ်သွိယ လိမာမနအ်သ ဝလာယန်ဖအုဇလ်ဂျဒ်ဒိ မင်န်ကလ်ဂျဒ်ဒု“ (တုဖက်ယှဉ်ဖက်မရှိဘဲ တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျဉ်းမရှိ၊ စိုးပိုင်မှုဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ချီးမွမ်းထောမနာခြင်းအပေါင်းတို့သည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ အို - အလ္လာဟ်အရှင်မြတ် အရှင်မြတ်ပေးကမ်းချီးမြှင့်တော်မူသောအရာကို တားဆီးပိတ်ပင်နိုင်သူမရှိပါ။ အရှင်မြတ် တားဆီးပိတ်ပင်ထားသောအရာကိုလည်း ပေးကမ်းချီးမြှင့်နိုင်သူမရှိပါ။ ဥစ္စာဓနသည် ဥစ္စာဓနရှင်အား အရှင်မြတ်နှင့်ဆန့်ကျင်၍ အကျိုးမပြုနိုင်ပါ။)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
မည်သူမဆို ‘မုအာဟဒ်’ကတိစာချုပ် ချုပ်ဆိုထားသော ဘာသာခြားတစ်ဦးအား သတ်ဖြတ်ခဲ့သော် ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ မုချဧကန် ၎င်း၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။ အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော် ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ထို့နောက် သင်တို့သည် ငါကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဝစီလဟ် တောင်ခံပေးကြပါ။ အမှန်တကယ်ပင် ယင်းသည် ဂျန္နသ်သုခဘုံ၏ အဆင့်အတန်းတစ်ခုဖြစ်သည်။ ထိုအဆင့်အတန်းအား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်တစ်ဦးအား ချီးမြှင့်မည်ဖြစ်၍ ၎င်းအားချီးမြှင့်ခံရသူသည် ငါကိုယ်တော်ပင်ဖြစ်မည်ဟု မျှော်လင့်သည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ငါကိုယ်တော်အတွက် ဝစီလဟ် (မကာမုမဟ်မူဒ်) တောင်းခံပေးပါက ထိုသူ့အတွက် ရှဖာအဟ် ကြားဝင်အသနားခံပေးခြင်း ဝါဂျိဗ်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” (အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ကို ရွတ်ဆိုလေ့ရှိသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ နစာအီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
လူများအနက် အဆိုးရွားဆုံးခိုးဝှက်သူသည် မိမိဆွလာသ်အား ခိုးဝှက်သူပင်ဖြစ်သည်။ ထိုအခါ သာဝကကြီးက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အိဗ်နုဟိဗ်ဗားန်ကျမ်း
မည်သူမဆို ကဒ်ရ်ညမြတ်တွင် အီမာန်ယုံကြည်မှုနှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကျွန်မသည် (ရောဂါကြောင့်) ရာသီသွေး အဆက်မပြတ်ဆင်းနေပြီး သန့်ပြန် သွားသည်ဟူ၍ မရှိခဲ့ပါ။ ကျွန်မသည် (ထိုရက်များအားလုံးတွင်) ဆွလာသ်မဆောက်တည်ဘဲ နေရမည်လား။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည် မှာ မဆောက်တည်ဘဲနေခွင့်မရှိ ဤသည် သွေးကြောမှလာသည့်သွေးသာဖြစ်သည်။ သို့သော် အသင်မ ဓမ္မတာသွေးဆင်းလေ့ရှိသည့် ရက်အ တိုင်းအတာကိုသာ ဆွလာသ်ဆောက်တည်ခြင်းမပြုဘဲ နေရမည်။ ၎င်းနောက် (ထိုရက်များကျော်လွန်သွားပါက) သင်မရေချိုးပြီး ဆွလာသ်ဆောက်တည်ပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ငါကိုယ်တော်၏ ဤဗလီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည်(မက္ကဟ်)မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှအပ အခြားဗလီဝတ် ကျောင်းတော်များ၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း