Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

73 of 253 cards

Clear filters
ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ခရီးတစ်ခုတွင်ရှိခဲ့သည်။ (ကိုယ်တော် ဝုဿွူပြုသည့်အခါ) ကျွန်တော်သည် ကိုယ်တော်၏ (သားရေ)ခြေအိတ်နှစ်ဖက်ကို ချွတ်ပေးရန် လက်လှမ်းလိုက်ရာ ကိုယ်တော်က ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် ၎င်းခြေအိတ်နှစ်ခုကို (ဝုဿွူပြု၍) သန့်စင်နေသည့် အခြေအနေမျိုးတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ၎င်းနောက် ကိုယ်တော်သည် ထိုခြေအိတ်နှစ်ဖက်ပေါ် မစဟ်ပြု ပွတ်သပ်ခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သောအခါ မထိုင်မီအလျင် ဆွလာသ်နှစ်ရကအသ် ဆောက်တည်ပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ အကုသိုလ်များ ကင်းစင်သွားမည်ဖြစ်ပြီး လက်သည်းအောက်ရှိ အကုသိုလ်များပါ ကင်းစင်သွားမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အမျိုးသမီးများနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ဧကန်အမှန်ပင် ဗနီအစ္စရာအီးလ်တို့၌ ပထမဦးဆုံး ပေါ်ပေါက်ခဲ့သည့် ‘ဖိသ်နဟ်’ ပြဿနာမှာ အမျိုးသမီးများနှင့် ပတ်သက်၍ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌ (အစိတ်အပိုင်းများကို)နှစ်ကြိမ်စီ ဆေးကြောတော်မူခဲ့၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
သောကြာနေ့ အိမာမ် ခွသ်ဗဟ် မိန့်ခွန်းပြောနေစဉ် သင့်နံဘေးတွင် ရှိသောသူကို ဆိတ်ဆိတ်နေပါဟု အသင်ပြောဆိုလျှင် အမှန်တကယ် အသင်သည် အချည်းနှီးကိစ္စတစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အသင်တို့သည် အဆ်ွရ်ဆွလာသ်ကို စောလျင်စွာဖတ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း