Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

21 of 253 cards

Clear filters
အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။ ဆွဟာဗဟ်များက အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤလောကမီးဖြင့်ပင် (အပြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ခတ်ရန်)လုံလောက်ပါသည်ဟု လျှောက်ထားကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ဂျဟန္နမ်ငရဲမီး၏အပူရှိန်သည်လောကီမီးထက် အဆပေါင်း (၆၉)ဆသာပိုပြီး တစ်ဆတိုင်း တစ်ဆတိုင်းသည် လောကီမီးနှင့်ညီမျှ၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကြီးကျယ် မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ငြင်းပယ်သူမှလွဲ၍ ငါကိုယ်တော် ၏ အွမ္မသ်သားအားလုံးသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်။ ထိုအခါ သာဝကကြီးများက အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ငြင်းပယ်သူသည် မည်သူဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ငါကိုယ်တော့်အမိန့်ကိုနာခံလျှင် ထိုသူသည် ဂျန္နသ်ကိုဝင်ရမည်ဖြစ်ပြီး မည်သူမဆိုငါကိုယ်တော်၏ အမိန့်ကိုမနာခံလျှင် ထိုသူသည်ငြင်းပယ်သူဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
အနောက်အရပ်မှ နေမထွက်မချင်း ကိယာမသ် ဖြစ်မည်မဟုတ်ပေ။ အနောက်အရပ်မှနေထွက်သောအခါ ၎င်းကိုလူတို့တွေ့မြင်ကြမည်ဖြစ်ပြီး အားလုံးအီမာန်သက်ဝင်ယုံကြည်လာကြလိမ့်မည်။ ထိုအချိန်သည် (ရှေးဦးမဆွက အီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်မဟုတ်ပေ။) (ကုရ်အာန် ၆:၁၅၈) ဟုဆိုထားသော အချိန်ပင်ဖြစ်သည်။ လူနှစ်ယောက်သည် မိမိတို့ကြား၌ မိမိတို့၏ အဝတ်အထည်ကို ဖြန့်ကာ အရောင်းအဝယ် မလုပ်ရသေးခင်၊ ၎င်းအဝတ်ကို မခေါက်ရသေးခင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ လူတစ်ဦးသည်မိမိကုလားအုတ်မှ နို့ညှစ်ပြီး ပြန်သွားခဲ့ရာ ၎င်းနို့ကိုမသောက်မီ ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ ၎င်းသည် မိမိရေကန်(၏အက်ကွဲကြောင်းများကို)ဖာထေးပြီး(ရေဖြည့်၍) မိမိ၏တိရစ္ဆာန်ကို ရေမတိုက်ရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ထမင်းလုတ်ကိုမြှောက်ပြီး ပါးစပ်ထဲမသွင်းရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိယာမသ် တရားစီရင်မည့်နေ့၌ ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မည်သူပါနည်း ဟုမေးလျှောက်ခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လာမ်)က မိန့်ကြားတော်မူသည်။ အိုအဗူဟုရိုင်ရဟ် ဟဒီးဆ်နှင့် ပတ်သက်လျှင် သင်၏စိတ်ပြင်းပြမှုကို ငါကိုယ်တော်မြင်တွေ့ရသည့်အတွက် ဤကဲ့သို့ဟဒီးဆ်မျိုးကို သင့်အလျင် ငါကိုယ်တော်အား မည်သူမျှ မေးမြန်းလိမ့်မည် မဟုတ်ဟု ထင်ထားသည်။ ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
အသင်တို့သည် ယဟူဒီတို့နှင့် စစ်ပွဲမဆင်နွှဲရမချင်း ကိယာမသ်ဖြစ်မည်မဟုတ်ပေ။ နောက်ဆုံး ကျောက်တုံးက မိမိနောက်တွင် ရဟူဒီရှိကြောင်း ပြောကြားလိမ့်မည်။ အိုမွတ်စ်လင်မ် ကျွန်ုပ်၏နောက်တွင် ဤယဟူဒီပုန်းအောင်းနေသည်။ အသင်သူ့ကို သတ်ပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ငါကိုယ်တော်ကို ကြားသိပြီးနောက် ငါကိုယ်တော်နှင့်အတူ ချပေးခြင်းခံရသောအရာကို မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသားများ အနက်မှပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း