Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

11 of 253 cards

Clear filters
သူတစ်ပါးကို လှဲချနိုင်သူသည် အားအင်ရှိသူမဟုတ်ပေ။ အားအင်ရှိသူဆိုသည်မှာ ဒေါသထွက်သည့်အခါ မိမိစိတ်ကို ထိန်းနိုင်သူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှု ရှိပါက ထိုအရာကို လှပတင့်တယ်စေပြီး၊ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှုကို ဖယ်ထုတ်လိုက်ပါက ထိုအရာကို ချို့ယွင်းမှု ဖြစ်စေသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်၍ ကျွန်တော်မျိုး၏ အစီးအနင်းမှာ သေဆုံးသွားသဖြင့် ခရီးမသွားနိုင်ပါ။ သို့ဖြစ်၍ ကျွန်တော်မျိုးအား စီးနင်းစရာ ပေးတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က ငါကိုယ်တော်၌မရှိပါဟု ပြောကြားခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး သူ့ကို စီးနင်းစရာပေးမည့်သူထံ ညွှန်ပြလိုက်ပါမည်ဟု လျှောက်ထားခဲ့သည်။ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နှုတ်လျှာကြမ်းတမ်းသူ မဟုတ်သလို စက်ဆုပ်ဖွယ်ရာများကို ပြောဆိုသူလည်း မဟုတ်ပေ။ ကိုယ်တော်က မိန့်ကြားလေ့ရှိသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက် အကောင်းဆုံးသူသည် ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဧကန်မုချ တရားမျှတသူများသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ကြီးကျယ် မြင့်မြတ်တော်မူသော မဟာကရုဏာတော်ရှင်၏ လက်ယာဘက်တွင် နူရ်အလင်းရောင်နှင့်အတိပြီးသော ပလ္လင်များထက်ဝယ်ရှိကြလိမ့်မည်။အလ္လာဟ်အရှင်မြတ်၏ လက်တော်နှစ်ဘက်သည် လက်ယာပင်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အမိန့်ဆုံးဖြတ်ချက်၌လည်းကောင်း၊ မိမိတို့၏ မိသားစုများတွင်လည်းကောင်း၊ မိမိတို့ တာဝန်ယူရသည့် ကိစ္စတို့၌လည်းကောင်း တရားမျှတမှုရှိကြသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှ) ဝေးကွာအောင် မလုပ်ကြနှင့်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။ သို့ဖြစ်၍ ထိုသူသည် (ကွယ်လွန်ပြီးနောက်) အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခဲ့ရာ အရှင်မြတ်က သူ့အား ခွင့်လွှတ်တော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
သက္ကဝါတရားရှိပြီး လူတို့ထံမှ လိုလားတောင့်တမှုကင်းကာ ထင်ပေါ်ခြင်းမရှိသည့် ကျေးကျွန်အား အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန်ပင် ချစ်မြတ်နိုးတော်မူ၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း