Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

33 of 253 cards

Clear filters
ငါကိုယ်တော်၏နောက်တွင် ငါကိုယ်တော်သည် အမျိုးသားတို့အပေါ် အမျိုးသမီးတို့ထက် ပိုပြီး အန္တရာယ်ကြီးသည့် ဖိသ်နဟ်ကို ချန်မထားခဲ့ပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် ဂျဟန္နမ်ငရဲဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဟစန်ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “أَعُوْذُ بِكَلِمَاتِ اللّٰهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သည့်လမ်းအား ဘေးတွင်တံတိုင်းနှစ်ဖက်ပါရှိသည့်လမ်းဖြင့် ပမာပေးတော်မူခဲ့သည်။ ထိုတံတိုင်းနှစ်ဘက်တွင် ဖွင့်ထားသည့် တံခါးများရှိပြီး ထိုတံခါးများတွင် တွဲလောင်းချထားသောလိုက်ကာများရှိသည်။လမ်း၏ဝင်ပေါက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိသည်။ ၎င်းက အို လူသားအပေါင်းတို့ အသင်တို့အားလုံး လမ်းထဲသို့ဝင်ရောက်ကြပါ မတိမ်းစောင်းသွားကြနှင့်ဟု ဖိတ်ခေါ်နေသည်။ ထို့အတူ လမ်း၏အပေါ်ဘက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိသည်။ ၎င်းက ထိုတံခါးများအနက်မှ တံခါးတစ်ခုခုကိုဖွင့်လိုသူအားပြောမည်မှာ သင့်အတွက် ဝမ်းနည်းလေစွ၊ ၎င်းကိုမဖွင့်လေနှင့် အကယ်၍ အသင်ဖွင့်လိုက်လျှင် ဝင်ရောက်သွားလိမ့်မည်။ လမ်းဟူသည် အစ္စလာမ်ကိုဆိုလိုပြီး တံတိုင်းနှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ ကန့်သတ်နယ်နိမိတ်များကို ဆိုလိုသည်။ ဖွင့်ထားသည့် တံခါးများသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင်လမ်း၏ ဝင်ပေါက်တွင်ဖိတ်ခေါ်သူဟူသည် ကုရ်အာန်ကျမ်းမြတ်ကို ဆိုလိုခြင်းဖြစ်သည်။လမ်း၏အပေါ်ဘက်မှ ဖိတ်ခေါ်သူဟူသည် မွတ်စ်လင်မ်တိုင်း၏ နှလုံးသားထဲတွင်ရှိသည့် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဆုံးမသူ(အီမာန်ယုံကြည်မှုပင်) ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
လူတစ်ဦးသည် မိမိ၏အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်ရောက်သည့်အချိန်နှင့် ထမင်းစားသည့်အချိန်တွင် တသ ပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းမရှိသလို၊ ညစာလည်းနေရာမရှိတော့ပါဟု ပြောကြားသည်။ အကယ်၍ ထိုသူသည် အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်လာသည့်အချိန်တွင် တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား)သင်တို့အတွက် ညအိပ်မည့်နေရာရှိပြီဖြစ်သည်ဟု ပြောကြားသည်။ အကယ်၍ ထမင်းစားသည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်အား တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းရှိပြီး ညစာအတွက်လည်းရှိသည်ဟု ပြောကြားသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ငါကိုယ်တော်သည် အသင်တို့အား အကြီးလေးဆုံး အပြစ်အကုသိုလ်ကြီးများနှင့် ပတ်သက်ပြီး သတင်းမပေးရဘူးလားဟု သုံးကြိမ်တိုင်တိုင် မေးမြန်းတော်မူခဲ့သည်။ ကျွန်တော်တို့က အို -အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ အမှန်ပင် ပြောပြတော်မူပါဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ မိဘနှစ်ပါး၏ အမိန့်ကို ဖီဆန်ခြင်းဖြစ်သည်။ ထိုသို့ဖြေကြားပြီးနောက် ကိုယ်တော်သည် မှီလျက်ရှိနေရာမှ ထိုင်တော်မူ၍ မိန့်ကြားသည်မှာ ကောင်းစွာသတိပြုကြပါ။ မုသားစကားပြောဆိုခြင်းဖြစ်သည်။ ကိုယ်တော်သည် ထိုစကားကို ထပ်ခါထပ်ခါ မိန့်ကြားတော်မူနေရာ တိတ်ဆိတ်သွားလျှင် ကောင်းမှာပဲဟု ကျွန်တော်တို့(စိတ်ထဲ၌) ကိုယ်တော့်အား (ကြင်နာ၍) ပြောဆိုမိကြသည်အထိ ဖြစ်ခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
“ကဗီရဟ်” ပြစ်မှုကြီးများမှာ (၁) အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ (၂) မိဘနှစ်ပါး၏အမိန့်ကို ဖီဆန်ခြင်း (၃) အသက်ဇီဝိန်ကို သတ်ဖြတ်ခြင်း (၄) မုသားကျိန်ဆိုခြင်းတို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း