Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

3 of 253 cards

Clear filters
အတင်းပြောခြင်းသည် အဘယ်အရာကို ခေါ်ဆိုကြောင်း အသင်တို့သိကြပါသလော။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင့်ညီနောင်နှင့်ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကို ပြောဆိုခြင်းပင်ဖြစ်သည်။အကယ်၍ ကျွန်တော်ပြောလိုက်သည့်အရာသည် ကျွန်တော့်ညီနောင်၌ အမှန်တကယ်ရှိနေပါက မည်သို့ပါနည်းဟု ကိုယ်တော့်အား မေးမြန်းသည့်အခါ ကိုယ်တော်က အကယ်၍ သင်ပြောလိုက်သည့်အရာသည် ၎င်းထံတွင် အမှန်တကယ်ရှိမှသာ သင်အတင်းပြောဆိုခြင်းဖြစ်ပြီး အမှန်တကယ်မရှိပါက သင်သည် သူ့အား စွပ်စွဲလိုက်ခြင်းပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူပြုလုပ်သည့်အခါ မိမိနှာခေါင်းထဲသို့ ရေထည့်ပြီး ညှစ်ထုတ်ကာသန့်စင်မှုပြုပါ။ အပေါ့၊ အလေး သွားပြီး ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုပါ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ ဝုဿွူရေထဲသို့ လက်နှစ်ဖက်ကို မထည့်မီအလျင် သုံးကြိမ်ဆေး ကြောပါ။ အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို အသင်တို့အနက် မည်သူမျှပင် မသိနိုင်ကြချေ။ မွတ်စ်လင်မ်ကျမ်းလာ စာသားတွင် အသင်တိုအနက်တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ မိမိ၏လက်ကို သုံးကြိမ်သုံးခါ မ‌ဆေးကြောဘဲ အိုး၊ ခွက်ထဲသို မထည့်ပါနှင့်။ ၎င်းအနေဖြင့် အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို မသိနိုင်သည့်အတွက်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း